#World_Health
Published 16 December 2024


▪️ ကမ္ဘာတဝှမ်းမှာ တက်တူးထိုးသူတွေ များပြားလာပေမယ့် ကျန်းမာရေးအန္တရာယ်တွေနဲ့ ပတ်သက်လို့ ပညာရှင်များ စိုးရိမ်မှုတွေ ရှိနေပါတယ်။

▪️ တက်တူးမှာအသုံးပြုတဲ့ မင်တွေထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းများ ပါဝင်ခြင်းရှိမရှိ လေ့လာနေကြပါတယ်။

▪️ အချို့သုတေသနအရ တက်တူးမင်ထဲမှာ အဆိပ်သင့်ဓာတုပစ္စည်းများ ပါဝင်နိုင်ပြီး နာနိုအမှုန်များက ရောင်ရမ်းခြင်း ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

▪️ တက်တူးထိုးခြင်းက ဘာကြောင့်အန္တရာယ် ဖြစ်စေနိုင်လဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

▪️ (၁) တက်တူးမင်ထဲမှ ပါဝင်ပစ္စည်းများ ဘေးဥပါဒ်ဖြစ်နိုင်ခြင်း
တက်တူးမင်အများစုမှာ ခဲ၊ မာကျူရီ၊ ကဒ်မီယံတို့လို သတ္တုဓာတ်တွေ ပါဝင်ပြီး ဓာတ်မတည့်မှုများ ဖြစ်စေနိုင်သလို ပြင်းထန်တဲ့အခါ ကင်ဆာဖြစ်စေနိုင်ပါတယ်။

▪️ (၂) ခရမ်းလွန်ရောင်ခြည်နှင့် မင်ပြိုကွဲခြင်း
နေရောင်ကြောင့် တက်တူရောင်ခြယ်အချို့ဟာ ဘေးဖြစ်စေတဲ့ ပစ္စည်းများအဖြစ် ပြောင်းလဲသွားပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

▪️ (၃) ကိုယ်တွင်းအရည်ကြည် စုပြုံခြင်း
တက်တူးရောင်ခြယ်များ အရည်ကြည်အဖွဲ့အစည်းသို့ စုပ်ယူသွားကာ ဖောရောင်စေပြီး ကိုယ်ခံအားထိခိုက်စေပါတယ်။

▪️ (၄) ရောဂါပိုးကူးစက်မှုများနှင့်ရောင်ရမ်းခြင်း
သပ်ရပ်ကျွမ်းကျင်မှုမရှိဘဲ တက်တူးထိုးပါက ဘက်တီးရီးယားများနဲ့ ဗိုင်းရပ်စ်များ သွေးကြောထဲ ရောက်နိုင်ကာ အပ်ကိုသေချာ မသန့်ရှင်းထားပါက စီ-ပိုးနဲ့ HIV ကဲ့သို့ရောဂါများ ဖြစ်စေနိုင်ပါတယ်။

▪️ (၅) ကင်ဆာဖြစ်စေသောပစ္စည်းများနှင့် ရေရှည်ထိတွေ့ခြင်း
တက်တူးမင်တွေ အချိန်ကြာလာတာနဲ့အမျှ သွေးထဲမှာ အဆိပ်သင့်လာနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေ များစေပါတယ်။

▪️ (၆) မင်နဲ့ဓာတ်မတည့်ခြင်း
အချို့လူတွေက တက်တူးရောင်ခြယ်များနဲ့ ဓာတ်မတည့်ကာ ရောင်ရမ်းခြင်းများ ဖြစ်စေနိုင်သလို ကင်ဆာဖြစ်ပွားနိုင်ပါတယ်။

▪️ (၇) တက်တူးမင်ဈေးကွက်ထိန်းကွပ်မှုအားနည်းခြင်း
နေရာတော်တော်များများမှာ တက်တူမင်းတွေကို ကွပ်ကဲထိန်းသိမ်းထားခြင်း မရှိတာကြောင့် ဘေးကင်းစိတ်ချရဖို့ ခက်ခဲကာ ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ပစ္စည်းများ ပါဝင်နိုင်ပါတယ်။

▪️ (၈) တစ်ဦးချင်းစီ၏ကျန်းမာရေးအခြေအနေ
ကိုယ်ခံအားနည်းခြင်း၊ မျိုးဗီဇအရ ကင်ဆာဖြစ်နိုင်ခြေ ရှိသူတွေဟာ တက်တူးကြောင့် ဘေးအန္တရာယ်များ ဖြစ်လွယ်ပြီး တက်တူးထိုးဖို့ ချင့်ချိန်သင့်ပါတယ်။

#Source: DoctorNDTV