#World_Science
Published 07 October 2024
▪️ ရှေးဟောင်းတူးဖော်ရေး သုတေသီများက တူရကီနိုင်ငံ သမိုင်းဝင်အပျက်အစီးများ နေရာကနေ ကမ္ဘာ့သက်တမ်းအရင့်ဆုံး မျက်ခွံခြယ်ခဲတံ (အိုင်းလိုင်နာ)ကို တူးဖော်တွေ့ရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀၀ ကျော်တည်းက လူသားတွေ မိတ်ကပ်လိမ်းခြယ်ခဲ့ကြတာကို သက်သေပြနိုင်ခဲ့ပါတယ်။
▪️ တူရကီအနောက်ပိုင်း ရှေးဟောင်းနေရာဖြစ်တဲ့ ယေဆီလိုဗာဟိုယုခ်ကနေ kohl stick ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါကို အစိမ်းရင့်ရောင်ကျောက်တုံးဖြင့် ပြုလုပ်ထားကာ နှစ်ပေါင်း ၈၂၀၀ ကျော် အသုံးပြုပြီးသည့်တိုင်အောင် ထိပ်မှာ အမည်းရောင်ရှိနေဆဲ ဖြစ်ပါတယ်။
▪️ kohl ဆိုတဲ့ အိုင်းလိုင်နာကို ရာစုနှစ်တွေတိုင်အောင် ကျားမမရွေး အဆင့်အတန်းအားလုံး အသုံးပြုခဲ့ကြတယ်လို့ ဦးဆောင်ရှေးဟောင်းသုတေသီ ဇေဖာဒဲရင်က ပြောပါတယ်။
▪️ အီဂျစ်၊ လဲဗန့်၊ ဆီးရီးယား၊ အီရန်၊ အေနာတိုလီယာတို့မှာ အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ယူဆနေကြပါတယ်။
▪️ ရှေးခေတ်တည်းကစလို့ အခုအချိန်အထိ ဒေသတော်တော်များများမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။
▪️ ထိုခေတ်ထိုဒေသက အမျိုးသမီးတွေ အလှအပ ဘယ်လောက်သဘောကျသလဲ ဆိုတာကို သိရှိရကြောင်း ဒဲရင်က ပြောပါတယ်။
▪️ ထိုပစ္စည်းဟာ ၁၀ စင်တီမီတာနီးပါး ရှည်လျားပြီး ၁ စင်တီမီတာခန့် ထူထဲကာ ကုန်ကြမ်းအမျိုးမျိုးနဲ့ ပြုလုပ်ထားပါတယ်။
▪️ အလွန်ချောမွေ့ပြီး ခဲတံချွန်တစ်ခုပုံစံလို ဖြစ်တယ်လို့ ဒဲရင်ကပြောပါတယ်။
▪️ ထိပ်ဖျားမှ အမည်းရောင်အပိုင်းအစကို ဆန်းစစ်ရန် ပို့ဆောင်ထားကာ မန်ဂန်နိစ်အောက်ဆိုဒ် ပါဝင်နိုင်တယ်လို့ ယူဆထားပါတယ်။
▪️ အလှပြင်ပစ္စည်း အဖြစ်သာမဟုတ်ဘဲ ရှေးခေတ်အီဂျစ်ခေတ်က စာရေးသားခြင်း၊ ပန်းချီဆွဲခြင်းတို့မှာပါ အသုံးပြုကြသလို မျက်လုံးရောဂါကုသဖို့အတွက် အဓိကအသုံးပြုတယ်လို့ ဆိုပါတယ်။
▪️ မျက်လုံးတဝိုက် ထူထူခြယ်ထားရင် နေရောင်စူးခြင်းကို ကာကွယ်တယ်လို့ ယူဆခဲ့ကြဖွယ် ရှိပါတယ်။
#Source: WION
#Local_News
Published -7Oct 2024
▪️ ဒေါက်တာဇော်မြင့်မောင် ၏ရုပ်အလောင်းကို မနက်ဖြန် အောက်တိုဘာလ ၈ ရက်အင်္ဂါနေ့နံနက် ၁၀ နာရီအချိန်တွင် ကျွဲဆည်ကန် (၃)လမ်း နေအိမ်မှ
တောင်အင်းမြောက်အင်း သုဿာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
▪️ မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေရသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၃ နာရီအချိန်က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
▪️ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများနှင့်ပတ်သက်သော ရာဇ သတ်ကြီးဥပဒေ ပုဒ်မ ၁၃၀ (က) စသည့် အမှု ၁၀ ခုထက်မနည်း တရားစွဲဆိုခံရကာ ထောင်ဒဏ် ၂၉ နှစ်ထိ ချမှတ်ခံထားရသော ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါ ခံစားနေရသူဖြစ်သောကြောင့်မန္တလေး အိုဘိုအကျဉ်းထောင်ဆေးရုံတွင်ဆေးကုသမှုခံယူနေစဉ် ကျန်းမာရေးဆိုးရွားလာသောကြောင့် မန္တလေးဆေးရုံကြီးသို့ပြောင်းရွှေ့ကုသမှုခံယူနေစဉ် ကွယ်လွန်ခြင်းလည်းဖြစ်သည်။
▪️ ဆေးကုသမှုခံယူနေစဉ် ယမန်နေ့အောက်တိုဘာလ ၆ ရက်က အိုဘိုအကျဉ်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းလည်း သိရသည်။
▪️ ဒေါက်တာဇော်မြင့်မောင်သည်ကွယ်လွန်ချိန်တွင် အသက် ၇၃ နှစ်အရွယ် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။


#Yangon -Times/PP
#World_Science
Published 06 October 2024
▪️ နယူးယော့ခ်အခြေစိုက် ဉာဏ်ရည်တုနဲ့ ဇီဝနည်းပညာကုမ္ပဏီ Immunai Inc က ဆေးဝါးကုမ္ပဏီကြီး အက်စ်ထရာဇန်နီကာနဲ့ ပူးပေါင်းကာ ကင်ဆာလက်တွေ့စမ်းသပ်ချက်များ တိုးမြှင့်လုပ်ဆောင်မယ့် အစီအစဉ်ကို ကြေညာလိုက်ပါတယ်။
▪️ Immunai ရဲ့ခုခံအားဆဲလ်တွေနဲ့ ခုခံအားစနစ် AI ပုံစံ Immunodynamics Engine အပေါ် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။
▪️ သဘောတူညီချက်များအရ အက်စ်ထရာဇန်နီကာက Immunai ရဲ့ စက်ပစ္စည်း နည်းပညာများကို အသုံးချကာ ကင်ဆာလက်တွေ့စမ်းသပ်ချက်အချို့ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
▪️ အစပိုင်းအဆင့်တွေမှာ စမ်းသပ်ချက် ဆုံးဖြတ်ခြင်း လုပ်ငန်းစဉ်တွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။
▪️ Immunai အနေနဲ့ ဒီအဆင့်အတွက် ဒေါ်လာ ၁၈ သန်းရရှိနိုင်မှာဖြစ်ပြီး အက်စ်ထရာဇန်နီကာက ပူးပေါင်းဆောင်ရွက်မှု အချိန်တိုးချဲ့မယ့် အခွင့်အရေး ရှိနေပါတယ်။
▪️ ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကင်ဆာနဲ့ ခုခံအားစနစ်တို့ရဲ့ ဖွံ့ဖြိုးမှုပိုင်းမှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးအတွက် ဖြစ်တယ်လို့ Immunai စီအီးအို နွမ်ဆိုလိုမွန်က ပြောပါတယ်။
▪️ အက်စ်ထရာဇန်နီကာ ကင်ဆာသုတေသနမှ အစ်ကာဟွာဂါက Immunai ထံမှ ဆန်းသစ်နည်းပညာများ အသုံးပြုပြီး ပူးပေါင်းခွင့်ရတာကို အလွန်ကျေနပ်မိကြောင်း ပြောပါတယ်။
▪️ ထိုကုမ္ပဏီနှစ်ခုဟာ ၂၀၂၂ တည်းက ဆက်တိုက်ပူးပေါင်းဆောင်ရွက်လာပြီး လက်တွေ့စမ်းသပ်ချက်များအတွက် အဖိုးတန်တဲ့ အချက်အလက်တွေ ရရှိထားပြီး ဖြစ်ပါတယ်။
▪️ Immunai ကုမ္ပဏီက ဇီဝနည်းပညာနယ်ပယ်မှာ အလျင်အမြန် နာမည်ရလာသူဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၇၀ ပါဝင်ကာ ဆေးဝါးဦးဆောင်ကုမ္ပဏီများ၊ အဖွဲ့အစည်းများနဲ့ မိတ်ဖက်မှုပေါင်း ၃၀ ကျော် ရယူထားပါတယ်။
▪️ ယခုအချိန်ထိ ရန်ပုံငွေ ဒေါ်လာသန်း ၂၇၀ နီးပါး ရရှိထားကာ ဆေးဝါးရှာဖွေ ထုတ်လုပ်မှုပိုင်းမှာ AI ရဲ့လုပ်ဆောင်နိုင်စွမ်းကို ဆက်လက်ချဲ့ထွင်နေပါတယ်။
#Source: The Jerusalem Post
၅ အောက်တိုဘာ ၂၀၂၄
မြန်မာကလေးငယ်များအတွက် တရားမဝင်ကျောင်းတစ်ကျောင်းဖွင့်ထားကြောင်း ဒေသခံများရဲ့ သတင်းပေးချက် အရ ချမ်ဖွန်ပြည်နယ် အရာရှိတွေဟာ နာဆက်ခရိုင်ခွဲ ဘန်ယန်ဂမ်မှာရှိတဲ့ အဆိုပါကျောင်းကို ဝင်ရောက်စစ်ဆေး ခဲ့ရာ မြန်မာစာသင်ပေးနေတဲ့ မြန်မာဆရာမတစ်ဦးကို တွေ့ရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေက အောက်တိုဘာ ၅ ရက်က သတင်းဖော်ပြကြပါတယ်။
အောက်တိုဘာ ၃ရက်က ပြည်တွင်းလုံခြုံရေးစစ်ဆင်ရေးကွပ်ကဲရေးဌာနက ထောက်လှမ်းရေးအရာရှိတွေဟာ ပညာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အလုပ်သမားဌာနတို့မှ အရာရှိတွေနှင့်အတူ အဆိုပါကျောင်းကို သွားရောက် စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအခါမှာ သူတို့ဟာ အုန်းတောထဲက အိမ်နံပါတ်မရှိ တရားမဝင်အဆောက်အဦတစ်ခုကိုတွေ့ရှိခဲ့ကြပါတယ်။ အဲဒီ အဆောက်အဦဟာ အာရှ၄၁လမ်းမကြီးကနေ ၄-၅ ကီလိုမီတာခန့်အကွာမှာရှိပါတယ်။
စစ်ဆေးနေစဉ်အတွင်းမှာ အသက် ၃၇နှစ်အရွယ် မြန်မာနိုင်ငံသူဖြစ်တဲ့ မတင်ဌေး Ms. Tin Tae ဟာ မြန်မာ ကလေးငယ် ၅၀ ဦးခန့်ကို စာသင်ပေးနေတာတွေ့ရပါတယ်။ သူမရဲ့ထိုင်းအလုပ်ရှင် မစ္စ အာရီယာကိုလည်း အတူ တွေ့ရပါတယ်။
သူမဟာ မြန်မာကလေးတွေကို မစ္စအာရီယာရဲ့ အဆောက်အဦမှာ စာသင်ပေးနေတာ (၁)နှစ်နှင့် (၈)လရှိပြီလို့ မတင်ဌေးကပြောပါတယ်။သူမဟာ တစ်လကို လစာ ဘတ်၄၀၀၀ ရတယ်လို့လည်းဆိုပါတယ်။ ပြီးတော့သူမဟာ ကျောင်းသားတစ်ယောက်ချင်းစီကနေလည်း လုပ်ငန်းဆောင်ရွက်ခဆိုပြီး ဘတ် ၅၀၀ မှ ၇၀၀ အထိကောက်ယူ တယ်လို့လည်း သူမကပြောပါတယ်။ သူမစာသင်ပေးနေတာကို ပိုင်ရှင် အမျိုးသမီးကသိပေမယ့် ဒါဟာ သူမရဲ့ အလုပ်လုပ်ခွင့်ထက်ကျော်လွန်နေတယ်ဆိုတာကို တစ်ခါမှ သတိမပေးဖူးဘူးလို့လည်းဆိုပါတယ်။ ကလေးတွေ အားလုံးဟာ အဲဒီနေရာတစ်ဝိုက်က မြန်မာကလေးတွေဖြစ်ကြပါတယ်။
အရာရှိတွေက မတင်ဋ္ဌေးကို အလုပ်လုပ်ခွင့်ပြင်ပကနေ နိုင်ငံခြားသား အလုပ်လုပ်ခွင့်ဥပဒေကိုချိုးဖေက်တဲ့ ၂၀၁၇ ဥပဒေပုဒ်မ ၈နှင့်၂၀၁၈ပြင်ဆင်ချက်ဥပဒေတို့အရ အရေးယူခဲ့ပါတယ်။ သူမနှင့်အတူတွေ့ရတဲ့ မြန်မာပြဋ္ဌာန်းစာအုပ် လေးအုပ်၊မှတ်စုစာအုပ် (၁)အုပ်၊ ပေတံ၊ ဘောပင်၊မတ်ကာ တို့ကို သက်သေအဖြစ်ရယူပြီး သူမကို နာဆက်ရဲစခန်းကို ပို့ဆောင်ခဲ့ပါတယ်။
ဥပဒေအရ သူမဟာ ဒဏ်ငွေဘတ် ၅၀၀၀မှ ၅၀၀၀၀ အထိချမှတ်ခံရနိုင်ပြီး ပြည်နှင်ဒဏ်ပေးခံရမှာလည်းဖြစ်တဲ့ အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုလည်း (၂)နှစ် အပိတ်ခံရမှာဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်းဥပဒေအရ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အသက် ၁၈နှစ်အောက်ကလေးတွေဟာ လူမျိုး၊အသားအရောင်၊ ဘာသာစကား၊ကိုးကွယ်ရာဘာသာ၊ နိုင်ငံရေးနှင့် အခြားထင်မြင်မှုတွေ၊ နိုင်ငံသားဖြစ်မှုတွေ စတာတွေ ခွဲခြားမှု မရှိဘဲ တန်းတူကာကွယ်စောင့်ရှောက်ခွင့်ရမယ်လို့ဖော်ပြထားကြောင်း သတင်းကရေးသားပါတယ်။
#ymg/knl
အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာပဋိပက္ခများကြောင့် လက်ဘနွန်မှထွက်ပြေးလာသည့်စစ်ဘေးရှောင်များ ဆီးရီးယားသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာ
ဟက်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးလ်တို့ကြား တိုက်ခိုက်မှုများ မြင့်တက်လာတာကြောင့် လက်ဘနွန်မှထွက်ပြေးတိမ်းရှောင်လာတဲ့ အရပ်သားအများအပြား ဆီးရီးယားသို့ အလုံးအရင်း ဝင်ရောက်လာကြပါတယ်။
#World_News
Published 5 October 2024
#အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာ #ပဋိပက္ခများ
#YMG #Yangon_Times #Yangon_Media_Group
၅ အောက်တိုဘာ ၂၀၂၄
ရန်ကုန်-ပဲခူး လမ်းပိုင်း အစုန်-အဆန်ခရီးစဉ်ကို စပိန်နိုင်ငံကနေ ဝယ်ယူထားတဲ့ လူစီးရထားတွဲ (Diesel Electric Multiple Units) အသစ်နဲ့ အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။
ရန်ကုန်-ပဲခူး ခရီးစဉ်အတွက် ရန်ကုန်ကနေ ညနေ ၄ နာရီ ၄၅ မိနစ်ထွက်ပြီး ပဲခူးကို ၆ နာရီ ၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။
ပဲခူး-ရန်ကုန် ခရီးစဉ်အတွက်တော့ ပဲခူးမြို့က မနက် ၆ နာရီထွက်ပြီး ရန်ကုန်ကို ၈ နာရီ ၂၀ မိနစ်မှာ ဆိုက်ရောက်မှာပါ။
ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်ကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝနဲ့ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာမှာ ရပ်မှာဖြစ်ပါတယ်။
ရထားစီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းရှိပြီး လေအိတ်ကားတွေ EV ကားတွေစီးရသလိုပဲလို့ ရထားစီးနင်း လိုက်ပါလာတဲ့ ခရီးသည်တွေက ပြောကြပါတယ်။
မြို့ပတ်ရထားတွဲတွေကိုလည်း ဒီလိုအဆင့်မြင့်တဲ့ ရထားတွဲတွေနှင့် ပြေးဆွဲစေချင်တယ်လို့လည်း ခရီးသည်တွေက ပြောနေကြပါတယ်။
ခရီးသည်တွေရဲ့အသံတွေနှင့် အကြံပြုချက်တွေကို နားထောင်မှတ်သားထားပြီး ပြုပြင်စရာရှိတာတွေကို တဖြည်းဖြည်းချင်းပြုပြင်ပြောင်းလဲသွားမှာပါလို့ ရထားနှင့်ပါလာတဲ့ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦးက YMG ကိုပြောပါတယ်။
စျေးနှုန်းကတော့ ခရီးစဉ်တစ်ဝက်အတွက် လူတစ်ဦးကို ၁၃၀၀ ကျပ်နဲ့ ခရီးစဉ် အစအဆုံးအတွက် ၂၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။
ဒီရထားတွဲသစ်ဟာ ခရီးသွားပြည်သူများ စိတ်ဝင်စားနေကြပြီး စီးနင်းလိုက်ပါသူတွေလည်း တိုးတက် လာနေပါတယ်။
#Daily_News
Published 5 October 2024
၁။ ပဲခူးရေဘေးသင့်ပြည်သူ အိမ်ထောင်စု(၁၀၀၀)အတွက် ကျဲကျန်းအသင်းမှလှူဒါန်း
၂။ တောင်ငူ၌လူဦးရေ ၉၅၀ ကျော် ယာယီစခန်းများ၌ ရေဘေးရှောင်နေ
၃။ လေဖိအားနည်းရပ်ဝန်းအရှိန်နှင့် တိမ်တိုက်များကြောင့် ဒေသ(၄)ခု မိုးကြီးပြီးလေပြင်းတိုက်ဦးမည်
၄။ အစ္စရေးလ်နှင့်ဟက်ဇ်ဘိုလာပဋိပက္ခများကြောင့် လက်ဘနွန်မှထွက်ပြေးလာသည့်စစ်ဘေးရှောင်များ ဆီးရီးယားသို့ အလုံးအရင်းဖြင့်ဝင်ရောက်လာ
... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရော်ဘာဈေးနဲ့အတူ မြန်မာ့ရော်ဘာဈေးမြင့်တက်နေတယ်လို့ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့မှု ဖော်ဆောင်ရေး အသင်းမှ သိရပါတယ်။
#Local_News
Published 5 October 2024
#ကမ္ဘာ့ရော်ဘာဈေး #မြန်မာ့ရော်ဘာဈေးမြင့်တက်
#YMG/NN #Yangon_Times
#Local_News
Published 5 October 2024
▪️ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်စိုက်ပျိုးရန် မိုးစပါးထိခိုက်ခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။
▪️ ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့၊ ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက အရင်းမပျောက်မတည်ငွေ ကျပ်သိန်း (၁၂၅၀၀)၊ ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)ကို ပေးအပ်လှူဒါန်းကြရာ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြသည်။
▪️ ယင်းနောက် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း (၅၀၀၀)မှ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် စပါးစိုက်ဧရိယာ (၇၇၇၃)ဧကအတွက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ဧကလျှင် စုစုပေါင်း (၆၄၃၂၅)ကျပ်နှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ငွေ ကျပ်သိန်းပေါင်း (၁၂,၅၀၀)ကို မိုးစပါးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားကြောင်း၊ မိုးစပါး ပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသော ဧရိယာများတွင် တောင်သူများတွက်ချေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေကျပ် သိန်း ၅၀၀၀ ဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး မတ်ပဲ (၂၆၉၂)ဧကနှင့် ပဲတီစိမ်း (၁၃၀၄)ဧကအတွက် တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတာတွေဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 5 October 2024
#ဒေသ(၄)ခု #မိုးကြီးပြီးလေပြင်းတိုက်
#YMG/tthl #Yangon_Times
တောင်ငူမြို့က ယာယီရေဘေးရှောင်စခန်းတွေမှာ လူဦးရေ ၉၅၀ကျော်ရေဘေးရှောင်နေတယ်လို့ ပရိတအသင်းတွေက သိရပါတယ်။
#Local_News
Published 5 October 2024
#တောင်ငူ #ယာယီရေဘေးရှောင်စခန်း
#YMG/NN #Yangon_Times
ပဲခူး၊ညောင်လေးပင်ဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် မြန်မာကျဲကျန်းတရုတ်ကုန်သည်ကြီးများအသင်းမှ အိမ်ထောင်စုတစ်စုကို (၆၅၀၀၀)တန်ဖိုးရှိ စားသောက်ကုန်တွေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 5 October 2024
#ရေဘေးသင့်ပြည်သူ #စားသောက်ကုန်လှူဒါန်း
#YMG/tthl #Yangon_Times
Page 640 of 2058