၂၃ မေ ၂၀၂၄
နီကိုလ်း ရှာနာဟန်သည် ၂၀၂၁ခုနှစ်က သီးသန့်ပါတီပွဲတစ်ခုတွင် အီလွန်မတ်စ်နှင့်အတူ ကက်တမင်း အတူတူ သုံးစွဲခဲ့ပြီး Tesla စီအီးအိုမတ်စ်တ်နှင့် လိင်ဆက်ဆံခဲ့တယ်လို့ ထိုစဉ်က သူမရဲ့ခင်ပွန်းဖြစ်သူ Google တည် ထောင်သူ ဆာဂေးဘရင်းကို သူမကိုယ်တိုင်ပြောခဲ့တယ်လို့ သတင်းအရင်းအမြစ်များစွာကို ကိုးကားပြီး နယူး ယောက်တိုင်းမ်သတင်းစာကြီးက ဖွင့်ချရေးသားလိုက်ပါတယ်။
မေ၂၂ရက် ဗုဒ္ဓဟူးနေ့ထုတ် နယူးယောက်တိုင်းမ်သတင်းစာကြီးမှာပါဝင်တဲ့ အဆိုပါဆောင်းပါးက ၂၀၂၄ သမ္မတ ရွေးကောက်ပွဲအတွက် ရောဘတ်အက်ဖ်ကနေဒီရဲ့ ဒုသမ္မတလောင်းအဖြစ်ဝင်ပြိုင်မယ့် ရှာနာဟန် အကြောင်းဖွင့်ချထားတာဖြစ်ပါတယ်။
အဆိုပါသတင်းစာကြီးရဲ့ဆောင်းပါးမှာ နီကိုးလ်ရှာနာဟန်နှင့် သူမနှင့် ၂၀၁၈မှာ လက်ထပ်ခဲ့ ပြီး ၂၀၂၃မေလ မှာ ကွာရှင်းခဲ့တဲ့ ခင်ပွန်းဟောင်း ဘရင်တို့ရဲ့ ဆက်ဆံရေး အသေးစိတ်ကို ရေးသားထားပါတယ်။ အဲဒီဆောင်းပါးမှာ ရှာနာဟန်ရော မတ်စ်ကပါ နှစ်ဦးစလုံးငြင်းဆိုထားတဲ့ ၂၀၂၁ခုနှစ်မှာ သူမနှင့်မတ်စ်တို့ အချစ်ဇာတ်လမ်းခင်းခဲ့ကြတယ်လို့ အတိတ်မှာ စွပ်စွဲထားတာတွေပေါ် နောက်တစ်မျိုးပုံဖော်ထားတာတွေ ပါဝင်ပါတယ်။
ဘရင်နှင့်လက်ထပ်တားတဲ့ အချိန်တွေမှာ ရှာနာဟန်ဟာ ဆီလီကွန်တောင်ကြားက အထက်တန်းလွှာတွေနှင့် အတူပါတီပွဲတွေတက်ခဲ့ပြီး ကက်တမင်းနှင့်ကိုကင်းတွေကို သုံးစွဲပြီး အပန်းဖြေခဲ့ကြတယ်လို့ သတင်းအရင်း အမြစ်(၈)ခုနှင့် စာရွက်စာတမ်းအထောက်အထားတွေကို ကိုးကားပြီး သတင်းစာကြီးက ရေးသားပါတယ်။
ကိုဗစ်-၁၉ကပ်ရောဂါနှင့် အော်တစ်ဇင်ဖြစ်နေတဲ့ သမီးကလေးကို ကုသပေးနေရတဲ့ စိတ်ဖိအားတွေကြောင့် ရှန်နာဟန်ဟာ အပြင်ကို စထွက်ပြီး ပွဲလမ်းတွေကိုလည်း ခင်ပွန်း ဘင်မပါဘဲ တစ်ယောက်တည်းစပြီး တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
“ ၂၀၂၁ခုနှစ်စောစောပိုင်းမှာကျင်းပတဲ့ မီယာမီက ပါတီပွဲတစ်ပွဲမှာ ရှန်နာဟန်ဟာ မူးယစ်ဆေးတွေကြောင့် အမူးလွန်ပြီး နောက်ဆုံးမှာ အကြောဆေးတွေသွင်းပြီးကုသခဲ့ရတယ်လို့ သတင်းစာကရေးပါတယ်။
ရှာနာဟန်နှင့်မတ်စ်တို့ဟာ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလမှာ မီယာမီက သီးသန့်ပါတီပွဲအတွင်း အချစ်ဇာတ်လမ်းစ ခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်သုံးခုက နယူးယောက်တိုင်းမ်ကိုပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ကက်တမင်းအတူသုံးခဲ့ကြပြီး နာရီများစွာ လူမြင်ကွင်းထဲက နှစ်ယောက်စလုံးပျောက်သွားခဲ့ကြတယ်လို့ သတင်းစာကရေးပါတယ်။
၂၀၂၄မတ်လမှာ မတ်ခ်က သူဟာ တစ်ပတ်တစ်ကြိမ် ကက်တမင်းကို ဆရာဝန်ညွှန်ကြားချက်အရ ပမာဏအနည်းငယ် သုံးစွဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။
သူမဟာ မတ်စ်နှင့် လိင်ဆက်ဆံခဲ့တယ်လို့ ရှန်နာဟန်က သူ့ခင်ပွန်း ဘရင်ကိုပြောခဲ့ပါတယ်လို့ လူ(၃)ဦးက သတင်းစာကိုပြောပါတယ်။သူမဟာ အဲဒီအသေးစိတ်ကို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနှင့် အကြံပေးတွေ ကိုလည်း ပြောခဲ့တယ်လို့ သတင်းစာက ရေးသားပါတယ်။ ဘရင်ဟာ နောက်တစ်လအကြာ ၂၀၂၂ ဇန်န ဝါရီမှာ ရှာနာဟန်ကို ကွာရှင်းဖို့ လျှောက်ထားခဲ့ပါတယ်။ ပြန်လည်ပေါင်းစည်းလို့မရတဲ့ ကွာခြားချက်တွေ ကြောင့်လို့ဆိုပါတယ်။
ရှာနာဟန်၊မတ်နှင့် ဘရင်တို့ကို Business Insider မီဒီယာက မှတ်ချက်တောင်းခဲ့ပေမယ့် ချက်ခြင်း တုန့်ပြန်မှုမရခဲ့ပါဘူး။
ရှန်နာဟန်နှင့်မတ်ခ်တို့ရဲ့ စွပ်စွဲခံထားရတဲ့ အချစ်ဇာတ်လမ်းကြောင့် မတ်ခ်နှင့် ဘရင်တို့အကြားမှာ အကွဲအပြဲ ဖြစ်ခဲ့တရယ်လို့ ဝေါစထရိဂျာနယ်က ၂၀၂၂ ဇူလိုင်မှာ သတင်းရေးသားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ယခင်က အလွန်နီးကပ်ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။
ဝေါစထရိဂျာနယ်ရဲ့သတင်းကို မတ်ချ်က ငြင်းဆိုလိုက်ပြီး ဒီသတင်းဟာ ကလိမ်ကလည်သတင်းတစ်ခု ဖြစ်တယ်လို့ သူက သူ့မီဒီယာ “အိတ်စ်”မှာ ပို့တင်ရေးသားခဲ့ပါတယ်။ထိုစဉ်က မတ်ဟာ သားသမီး(၃)ဦး ထွန်းကားခဲ့တဲ့ ဇနီးသည် အဆိုတော် ဂရင်းမ်စ်နှင့် ဆက်ဆံရေးအဆုံးသတ်ထားတာဖြစ်ပါတယ်။
“ ဆာဂေးနှင့် ကျွန်တော်တို့ဟာ သူငယ်ချင်းတွေဖြစ်ပြီး မနေ့ညကတောင် ပါတီတစ်ခုမှာ အတူရှိခဲ့သေးတယ်။ နီကိုးလ်ကို ကျွန်တော် သုံးနှစ်အတွင်း နှစ်ကြိမ်သာ တွေ့ဖူးတယ်။နှစ်ကြိမ်စလုံးမှာလည်း အနားမှာ လူတွေ အများကြီးရှိနေကြတယ်။ ဘာအချစ်ဇာတ်လမ်းမှမရှိဘူး” လို့ မတ်စ်က ရေးသားခဲ့ပါတယ်။
မတ်ခ်က ဘရင်နှင့်သူတို့ရဲ့ပုံကို တင်ခဲ့ပါသေးတယ်။ အဲဒီပုံဟာ ပို့စ်မတင်ခင် ပြီးခဲ့တဲ့ရက်က ပါတီတစ်ခုမှာ ရိုက်ခဲ့တာလို့ မတ်စ်ကပြောပါတယ်။ ( သူ့ဓာတ်ပုံဆရာ ဝေါ်တာ အိုက်ဆက်ဆွန်က ဘရင်ဟာ ဆဲလ်ဖီဆွဲတာကို ရှောင်လွှဲဖို့ကြိုးစားခဲ့တယ်လို့ နောက်ပိုင်းမှာ ဖွင့်ချပါတယ်)
“ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့သတင်းအရင်းအမြစ်တွေကိုယုံကြည်တယ်။ ကျွန်တော်တို့ သတင်းနှင့် အတူကျွန်တော်တို့ရပ်တည်ထားတယ်” လို့ အဲဒီအချိန်တုန်းက ဝေါစထရိဂျာနယ်က သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ရှန်နာဟန်ကလည်း သူတို့နှစ်ယောက်ဇာတ်လမ်းရှုပ်ခဲ့တယ်ဆိုတာကို ငြင်းခဲ့ပါတယ်။ ထင်ရာမြင်ရာ ပြောနေ တာတွေဟာ အဓိပ္ပါယ်မရှိဘူး လို့ သူမက လူတွေကိုပြောခဲ့ပါတယ်။
နယူးယောက်တိုင်းမ်သတင်းစာက ယခုသတင်းဆောင်းပါးကိုရေးသားဖို့ သူမကိုမေးခွန်းတွေမေးတဲ့အခါ “ နယူးယောက်တိုင်းမ်က ရှင့်ကိုဒီလိုသတင်းမျိုးရေးခိုင်းတာ အတော်အံ့အားသင့်စရာပဲ” လို့ အဲဒီ သတင်း ထောက်ကို သူမက ပြန်တုန့်ပြန်ခဲ့ပါတယ်။
Source: Business Insider
#Local_News
Published 23 May 2024
▪️ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်နေသည့် ကျန်စစ်မင်းအိမ်ရာနှင့် ယုဇနအိမ်ရာ စီမံကိန်းများရှိ အဆောက်အအုံ (၂၆)လုံးအတွက် တင်ဒါခေါ်ယူနေကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
▪️ ထိုသို့ခေါ်ယူရာတွင် လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁)၊ အပိုင်း(၂)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာစီမံကိန်းအပိုင်း (၃)တို့တွင် အိမ်ရာအဆောက်အအုံ (၂၆) လုံးလုပ်ငန်းတည်ဆောက်ခြင်းလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါများခေါ်ယူထားခြင်း ဖြစ်သည်။
▪️ အဆိုပါ အိမ်ရာစီမံကိန်းများအတွက်တင်ဒါလျှောက်လွှာပုံစံများကို မေလ၊ (၂၃)ရက် မှ ဇွန်လ (၇)ရက်အထိ ဝယ်ယူနိုင်ပြီး ဇွန်လ (၁၀)ရက် ညနေ (၃)နာရီတွင် တင်ဒါနောက်ဆုံးတင်သွင်းရမည်ဖြစ်ကြောင်း၊စိတ်ဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမှတ် (၄၀) နေပြည်တော်တွင် ပုံစံများဝယ်ယူတင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_ 23 May 2024
▪️ မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပရန်ရှိသည့် Miss Grand International 2024 ပြိုင်ပွဲ မြန်မာနိုင်ငံတွင်မကျင်းပဖြစ်တော့ဟု Miss Grand Internationalအဖွဲ့ကြီးက ယနေ့မေလ(၂၃)ရက်၌ တရားဝင်ကြေညာလိုက်ကြောင်းသိရသည်။
▪️ Miss Grand International အဖွဲ့ကြီးက မြန်မာနိုင်ငံတွင် Miss Grand International 2024 ကို ကျင်းပတော့မည် မဟုတ်ကြောင်း တရားဝင် ကြေငြာလို ကြောင်း၊ ယခုလာမည့်အောက်တိုဘာလတွင် အိမ်ရှင်နိုင်ငံအကြောင်း တရားဝင်သတင်းများကို စောင့်မျှော်ကြည့်ရှုရန် ထုတ်ပြန်ထားသည်။
▪️ မကျင်းပဖြစ်ရသည့် အဓိကအကြောင်းရင်းကိုတော့ ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
▪️ Grand Beauty Queen Pageမှာတော့ "Miss Grand International 2024 Myanmar နိုင်ငံမှာ အိမ်ရှင်အဖြစ် မပြုလုပ်တော့တဲ့အတွက် သဲသဲအတွက်ပိုပြီး တာဝန်ကြီးလာပါပြီ ဒီထက်မကလဲ ပိုပြီးကြိုးစားပြရတော့မယ် မြန်မာမှာမပြုလုပ်တော့တဲ့အတွက် သဲသဲအတွက်ကောင်းဒါတွေလဲရှိပါတယ် အကယ်၍ မြန်မာမှာ ပွဲလုပ်ပြီး Top 5 သို့မဟုတ် Winner ရခဲ့သည်ရှိသော် အိမ်ရှင်မို့လို့ အဲလို့အခွင့်အရေးရဒါလို့ ကဲ့ရက်တိုက်ခိုက်တဲ့သူတွေတော့ရှိနေလိပ်မယ်သဲသဲ အကောင်းအဆိုးတွေတော့ရှိပါတယ် ဘယ်နိူင်ငံမှာပဲ့ဖြစ်ဖြစ် မြန်မာကဘာဆိုဒါပြပြီး မမနီနီလိုမျိုး မလျှော့သောဇွဲနဲ့ အကောင်းဆုံးကြိုးစားပြီး Gold Crown ကြီးကိုယ် ယူလာပြလိုက်ပါ သဲသဲနောက်မှာ မြန်မာတစ်နိူင်ငံလုံးရှိနေပါတယ် We Love" ဟုဖော်ပြထားသည်။
▪️ အဆိုပါ Miss Grand International 2024 တွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် သဲစုငြိမ်းက ပါဝင်ယှဉ်ပြိုင်ရန်ရှိပြီး ယခင်နှစ်က မြန်မာ အလှမယ် နီနီလင်းအိမ်မှ 1st Runner's upဆုရှင်အဖြစ် နိုင်ငံဂုဏ်ကိုဆောင်ခဲ့ကြောင်း သိရသည်။



#tthl #Yangon_Times
#Local_News
Published_ 23 May 2024
▪️ ယခုနှစ်တွင် FIFA-MFF TDS Scouting Program ဖြင့်နယ်ဒေသအသီးသီးမှ ဘောလုံးအကယ်ဒမီ ကျောင်းသို့တက်ရောက်ခွင့်သောလူငယ်ဘောလုံးသမား(၉၀)ဦးရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
▪️ လူငယ်ဘောလုံး ဖွံ့ဖြိုးရေး နည်းစနစ်ဒါရိုက်တာ ဂျပန်နည်းပြ မစ္စတာ မိတနှင့် ရွေးချယ်ရေး အဖွဲ့များသည် မြစ်ကြီးနား၊ တောင်ကြီး၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် ရန်ကုန် မြို့များတွင် မေလ ၄ ရက်မှ စတင်ကာ FIFA-MFF TDS Scouting Program ပဏာမ အဆင့် ၊ အပြီးသတ်အဆင့်ရွေးချယ်ရေး အစီအစဉ်များအား စတင်ခဲ့ခြင်းဖြစ်သည်။
▪️ပဏာမ ရွေးချယ်ရေး အစီအစဉ်များအရ ရန်ကုန်-၄၃၂ဦး၊ မန္တလေး-၃၂၀ ဦး၊ တောင်ကြီး-၁၉၆ ဦး၊ မြစ်ကြီးနား-၁၅၀ ဦး၊ ပုသိမ်-၅၉ ဦး၊ ပဲခူး ၄၈ ဦး စုစုပေါင်း ၁၂၀၅ ဦးလာရောက်ရွေးချယ်မှုခံယူခဲ့ကြသည်။
▪️ အဆိုပါ လူငယ် ကစားသမားများအား ပဏာမ အဆင့်၊ အပြီးသတ်အဆင့် ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြပြီး မန္တလေးဘောလုံးအကယ်ဒမီ ကျောင်းတွင် ၅၇ဦး ရန်ကုန် ဘောလုံးအကယ်ဒမီကျောင်းတွင် ၃၃ဦး စုစုပေါင်း(၉၀)ဦးတက်ရောက်ခွင့်ရခဲ့သည်ဟုဆိုသည်။
▪️ အောင်စာရင်းတွင် ပါရှိသော ကျောင်းသားများ အနေဖြင့် ၂၉ မေ ၂၀၂၄ ရက်နောက်ဆုံးထား၍ မိမိတက်ရောက်ရမည် အကယ်ဒမီများသို့ မူရင်းအထောက်အထား စာရွက်စာတမ်းများနှင့်တကွ လာရောက်သတင်းပို့ရမည် ဖြစ်ကြောင်း သိရသည်။
▪️ ဘောလုံးအကယ်ဒမီကျောင်းတက်ရောက်ခွင့် ရသူများသည် ဘောလုံးပညာရော အတန်းပညာပါ အခမဲ့သင်ကြားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
#tthl #Yangon_Times
#World_News
Published 23 May 2024
▪️ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ခံ ကိုယ်စားလှယ်ဟောင်း နစ်ကီဟာလေက နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ဒေါ်နယ်ထရမ့်ကို မဲပေးမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
▪️ ဟာလေက စည်းရုံးရေးဆင်းကာလများအတွင်း သူ့ရဲ့ပြိုင်ဘက်ထရမ့်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးပါတယ်။
▪️ ဒေါ်နယ်ထရမ့်နဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်တို့ ထပ်မံယှဉ်ပြိုင်ရမယ့် နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲအတွက် ဘယ်သူက ဟာလေထောက်ခံသူတွေရဲ့ မဲတွေကို ရရှိသွားမလဲဆိုတာကို အများက စောင့်ကြည့်နေကြပါတယ်။
▪️ ဟာလေက မတ်လမှာ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ခံ အမည်စာရင်းကနေ နုတ်ထွက်ခဲ့ပြီး စည်းရုံးရေးတွေ မလုပ်တော့ပေမယ့် မဲစာရင်းမှာ သူ့နာမည်ပါဝင်နေဆဲဖြစ်ကာ ပြည်နယ်အလိုက် အဓိကမဲယှဉ်ပြိုင်မှုတွေမှာ ၁၀ ရာခိုင်နှုန်းကျော် ပုံမှန်ရရှိထားပါတယ်။
▪️ ဟာလေကို မဲပေးသူတွေက အဓိကအားဖြင့် ရီပတ်ဘလစ်ကန်များနဲ့ ထရမ့်ကို မကျေနပ်သူတွေဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်စဉ်အခါက ဟာလေဟာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
▪️ ထရမ့်က ပေါ်လစီမူဝါဒတွေနဲ့ ပတ်သက်ပြီး ပြီးပြည့်စုံသူမဟုတ်ပေမယ့် ဘိုင်ဒင်ကတော့ ကပ်ဘေးကျလောက်တဲ့အထိ ဆိုးရွားတာကြောင့် ထရမ့်ကိုပဲ မဲပေးမယ်လို့ ဟာလေက အမေးအဖြေကဏ္ဍမှာ ပြောကြားသွားပါတယ်။
▪️ ဟာလေဟာ ယှဉ်ပြိုင်မှုကနေ နုတ်ထွက်ပြီးကတည်းက ပထမဆုံးအကြိမ် အများရှေ့ထွက်လာတာ ဖြစ်ပါတယ်။
ထရမ့်ကို မဲပေးမှာဆိုပေမယ့် သူ့ကိုထောက်ခံအားပေးတဲ့ သဘောမဟုတ်ဘဲ သူမကို မဲပေးသူတွေအနေနဲ့ ထရမ့်ကို ပြောင်းလဲမဲပေးဖို့သာဖြစ်ပြီး သူမကိုသာ ဆက်လက်ထောက်ခံကြမှာဖြစ်ကြောင်း ဟာလေက ဆိုပါတယ်။
#Source: Reuters
Published 23 May 2024
သွေးထဲက ပရိုတိန်းတွေက ကင်ဆာရောဂါ မတွေ့ ရှိခင် ၇ နှစ်လောက်စောပြီး ညွှန်ပြနိုင်တယ်လို့ သုတေသနအသစ်မှာ တွေ့ရှိထားပါတယ်။
ယူကေမှ လူပေါင်း ၄၄၀၀၀ ကျော်ထံမှ သွေးနမူနာများ အသုံးပြုကာ ပရိုတိန်း ၆၁၈ မျိုးနဲ့ ဆက်စပ်နေတဲ့ ကင်ဆာ ၁၉ မျိုးကို တွေ့ရှိခဲ့ကြပါတယ်။
အဲဒီထဲက အချို့ပရိုတိန်းတွေက ကင်ဆာကို စောစီးစွာတွေ့ရှိပြီး ကာကွယ်နိုင်သလို ကုသမှုနည်းလမ်းများ ပေါ်ထွက်လာနိုင်တယ်လို့ သုတေသနပြုစုသူများ မှတ်ချက်ပြုကြပါတယ်။
ဒါ့အပြင် ကင်ဆာဖြစ်နိုင်ခြေရှိတဲ့ ပရိုတိန်း ၁၀၇ မျိုးကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။
ဘယ်ပရိုတိန်းတွေက ကာကွယ်ဖို့အတွက် အသုံးချနိုင်မလဲဆိုတာကို လေ့လာဖို့လိုအပ်တယ်လို့ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ကယ်ရင်ပါပီယာက ဆိုလိုက်ပါတယ်။
နောက်ထပ်လေ့လာချက်မှာတော့ ကင်ဆာ ၉ မျိုးဖြစ်ပွားနိုင်ခြေကို တိုက်ရိုက်လွှမ်းမိုးနေတဲ့ သွေးထဲက ပရိုတိန်း ၄၀ ကိုတွေ့ရှိခဲ့ကြပါတယ်။
တွေ့ရှိချက်တွေက အားရဖွယ်ရှိကြောင်း၊ ကင်ဆာကို မတွေ့ရှိခင်မှာပင် ဖြစ်နိုင်ခြေကို တွေ့ရှိနိုင်မှာဖြစ်ကြောင်း၊ ဒါမှသာ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ကြောင်း ကွင်းစ်တက္ကသိုလ်ဘဲလ်ဖတ်စ်မှ ကင်ဆာဌာနအကြီးအကဲ မာ့ခ်လော်လာက ဆိုပါတယ်။
Source: New York Post
#World_Health
#Published_ 23 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 23 May 2024
သိပ္ပံပညာရှင်တွေက မိုက်ခရိုပလတ်စတစ်အမှုန်များကို လူသားတွေရဲ့ ဝှေးစေ့တွေထဲမှာပါ အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
နယူးမက္ကဆီကိုတက္ကသိုလ်မှ သုတေသီများက လူသားတွေနဲ့ ခွေးတွေရဲ့ ဝှေးစေ့တစ်ရှူးနမူနာများကို လေ့လာရာမှာ မိုက်ခရိုပလတ်စတစ်အမှုန်များ ပါဝင်နေတာကို တွေ့ရှိခဲ့ကြပြီး လူသားတွေမှာ ၃ ဆပိုမိုမြင့်မားနေပါတယ်။
လေ့လာစစ်ဆေးချက်များအရ လူသားတွေရဲ့ တစ်ရှူး ၁ ဂရမ်မှာ ပလတ်စတစ်အမှုန် ၃၂၉.၄၄ မိုက်ခရိုဂရမ် တွေ့ရှိပြီး ခွေးတွေမှာတော့ ၁၂၂.၆၃ မိုက်ခရိုဂရမ် တွေ့ရှိခဲ့ပါတယ်။
ပလတ်စတစ်အမှုန်တွေက လူသားတွေထဲ ဘယ်လောက်အထိ ဝင်ရောက်နေလဲဆိုတာအပြင် အမျိုးသားတွေရဲ့ မျိုးပွားမှုကိုပါ ဘယ်လောက် ထိခိုက်စေမလဲဆိုတာ စိုးရိမ်စရာ ဖြစ်လာပါတယ်။
လူသားတွေရဲ့ မျိုးပွားအင်္ဂါမှာ မိုက်ခရိုပလတ်စတစ်တွေ ဝင်ရောက်နေတာကို တွေ့လိုက်ရတော့ အံ့အားသင့်ခဲ့ရကြောင်း နယူးမက္ကဆီကိုတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် သိပ္ပံပညာရှင် ရှောက်ကျုံယုက ပြောပြပါတယ်။
မိုက်ခရိုပလတ်စတစ် ၁၂မျိုးကို တွေ့ရှိခဲ့ကြပြီး ခွေးတွေနဲ့လူတွေမှာ အတွေ့အများဆုံးက ပိုလီအီသလင်း(PE) ဖြစ်နေပါတယ်။
ပလတ်စတစ်ဗူးတွေနဲ့ အိတ်များထုတ်လုပ်ရာမှာ ပိုလီအီသလင်းကို အသုံးပြုကြပါတယ်။
ပလတ်စတစ်တွေက သုတ်ပိုးအရေအတွက် ကျဆင်းခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ တွေ့ရှိလာကြပါတယ်။
ပလတ်စတစ်အမှုန်တွေနဲ့ ထိတွေ့မှုရှောင်ရှားဖို့၊ စားသောက်နေထိုင်မှုပုံစံ ပြောင်းလဲဖို့၊ အပြုအမူများ ပြောင်းလဲဖို့ ရှောက်ကျုံယုက ဆိုလိုက်ပါတယ်။
Source: WION.
#World_Research
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published_22 May 2024
ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော် အား တိုင်းဒေသကြီးနှင့်ပြည် နယ်အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်ယနေ့တွင်ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မာရဝိ ဇယ ဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က မဟာဗောဓိညောင် ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်း ပူဇော်ကာ ညောင်ရေသွန်းလောင်းပူ ဇော်ကြ ကာ မဟာဗောဓိ ညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား ရေသပ္ပါယ်တော်မူကြပြီး မဟာဗောဓိ ညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြကြောင်းလည်း သိရသည်။
ယင်းနောင် ယနေ့ မေလ ၂၂ ရက် ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဓမ္မသဘင် မင်္ဂလာ အခမ်းအနားကို ဆင်ယင်ကျင်းပခဲ့ကြောင်း လည်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌ ဂုရု အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ သီတဂူ ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့်ဇနီးဒေါ်သန်းသန်းနွယ်၊ ကောင် စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီး များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီး များနှင့်ဇနီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာ ကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဝတ်အသင်း အဖွဲ့များ တက်ရောက်နာယူ ကြည်ညိုကြကြောင်း သိရသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာ ဘုရားသာလျှင်မကဘဲ သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန် ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ ပင်ဖြစ် ၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာ ကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေး မှု အမွေ အနှစ် တစ်ရပ်အဖြစ်ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အ လိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရေများ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိ ပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင်ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြ ကြောင်း လည်း သိရသည်။
Yangon_Times/PP
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ဘီးတပ်ကုလားထိုင် လမ်းညွှန်ပြသွားလာခြင်း ဝန်ဆောင်မှုကို တရုတ်ပြည်ရှိ လမ်းညွှန်ပြသွားလာခြင်းအက်ပ်တွေမှာ စတင်အသုံးပြုပြီဖြစ်ပြီး မသန်မစွမ်းလူများအတွက် သွားလာရေး ပိုမိုလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။
ထိုဝန်ဆောင်မှုဟာ အပြင်ဘက် အတားအဆီးမဲ့ လမ်းကြောင်းများသာမက ဈေးဝယ်စင်တာကြီးတွေထဲက လမ်းကြောင်းတွေအထိပါ တိုးချဲ့လာပြီး အသုံးပြုသူများအနေဖြင့် အတားအဆီးမရှိတဲ့ တံခါးများ၊ ဓာတ်လှေကားများ၊ သန့်စင်ခန်းတွေကို လက်ကိုင်ဖုန်းကနေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
#World_Technology
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 22 May 2024
၁။ CI ဖြင့်ပြန်မည့် မလေးရောက်မြန်မာနိုင်ငံသားများ မလေးအစိုးရမှ ဒဏ်ကြေးငွေလျော့ပေါ့ပေးသည့်ကာလအတွင်း Exit pass မဖြစ်မနေလျှောက်ထားကျရန် မြန်မာသံရုံးအသိပေးတိုက်တွန်း
၂။ မိုးကာလရောက်ရှိပြီဖြစ်သောကြောင့် မွန်ဒေသမှ ဆားကွင်းများ ပိတ်သိမ်း
၃။ ရွှေတိဂုံစေတီတော်၏ ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲသို့ အနယ်နယ်အရပ်ရပ်မှဘုရားဖူးများ လာရောက် ပါဝင်ဆင်နွဲ
၄။ ဘီးတပ်ကုလားထိုင် အသုံးပြုသူများအတွက် လမ်းညွှန်ပြသွားလာနိုင်သည့် အက်ပလိကေးရှင်း တရုတ်တွင်စတင်အသုံးပြု ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်အပါအဝင်ဒေသ(၁၂)ခုမှာ မိုးကြီးပြီးလေပြင်း တိုက်နိုင်တယ်။
(မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
ရန်ကုန်မှာ မိုးသည်းနိုင်လို့ မြေနိမ့်ပိုင်းရပ်ကွက်တွေ၊ နေရာတွေမှာ ရေမဝင်အောင်ကြိုတင်ဆောင် ရွက်ထားဖို့နဲ့ လျှပ်စစ်ပစ္စည်းတွေကဲ့သို့ရေစိုမခံတဲ့ ပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေ ကြိုတင်ရွေ့ပြောင်းထားဖို့ လိုအပ်တယ်။
(Civilian Helper Team (TAMWE )တည်ထောင်သူဦးဝင်းနိုင်)
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
ကဆုန်လပြည့်နေ့၊ ဗုဒ္ဓနေ့မှာ ရွှေတိဂုံစေတီတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးတွေလာ ရောက်ကြတယ်။စနေထောင့်၊ ဗုဒ္ဓဟူးထောင့်စတဲ့ နေရာ(၅)နေရာမှာ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်အောင် စီစဉ်ပေးထားတယ်။
စတုဒိသာအလှူအဖြစ် ကြာဇံကြော်၊ ခြောက်ဆွဲကြော်၊ အအေးကို အဆိုတော်၊သရုပ်ဆောင် ဟိန်းသစ်၊ အဆိုတော်ပိုပိုနဲ့ Royal-D မှလည်း Royal-D တွေလှူဒါန်းခဲ့ကြပါတယ်။
Yangon_Times/tthl
#Local_News
#Published_ 22 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 645 of 1925