#World_Health
Published 11December 2024
▪️ အိုင်ယိုဝါ ကျန်းမာရေးစောင့်ရှောက်မှု ဆေးပညာကောလိပ်တက္ကသိုလ်က ပန်ကရိယကင်ဆာလူနာတွေမှာ ဗိုက်တာမင်-စီ မြင့်မားတဲ့ပမာဏဖြင့် သွေးကြောသွင်း ဓာတုကုထုံးနည်းဖြင့် ဒုတိယအဆင့် စမ်းသပ်မှုပြုလုပ်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။
▪️ ဗိုက်တာမင်-စီကို တစ်ပတ် ၇၅ ဂရမ် ၃ ကြိမ် ပေးခဲ့ရာမှာ ပန်ကရိယကင်ဆာ နောက်ပိုင်းအဆင့်လူနာတွေမှာ ၈ လမှ ၁၆ လအတွင်း အသက်ရှင်နိုင်ခြေ ၂ ဆပိုများလာတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ရောဂါဆက်လက် ဆိုးရွားခြင်းမရှိဘဲ အသက်ရှင်နိုင်ခြေက ၄ လကနေ ၆ လအထိ မြင့်တက်လာပါတယ်။
▪️ အိုင်ယိုဝါ သုတေသီများက ဗိုက်တာမင်-စီ မြင့်မားစွာအသုံးပြုခြင်းက ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့အကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြပါတယ်။
▪️ ဗိုက်တာမင်-စီ (အက်စ်ကောဘိတ်)တွေဟာ ပမာဏမြင့်မားတဲ့အခါ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်တွေကို ထုတ်လုပ်ပေးပြီး ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ အိုင်ယိုဝါတက္ကသိုလ်မှ ဓာတ်ရောင်ခြည်ကင်ဆာဌာနမှ ပရော်ဖက်ဆာ ဂျိုဆက်ဖ်ကာလန်က ပြောပါတယ်။
▪️ ဒါ့အပြင် ဒုတိယအဆင့်မှာ ဗိုက်တာမင်-စီ အသုံးပြုရတဲ့ လူနာတွေဟာ ဓာတုကုထုံးတွေကိုလည်း ခံနိုင်ရည်ပိုရှိစေတယ်လို့ တွေ့ရပါတယ်။
▪️ ဒါကြောင့် ဓာတုကုထုံးများကို ပိုကြာရှည်စွာ ခံယူနိုင်ပြီး အကျိတ်ဆဲလ်တွေကို ပိုသတ်နိုင်မှာ ဖြစ်ပါတယ်။
▪️ သွေးကြောထဲ ဗိုက်တာမင်-စီ ထည့်သွင်းခြင်းဖြင့် အခြားကင်ဆာတွေကိုလည်း တိုက်ဖျက်နိုင်ကာ အဆုတ်နဲ့ ဦးနှောက်ကင်ဆာတွေကို လေ့လာနေကြပါတယ်။
ဒီနည်းလမ်းဟာ ဓာတုကုထုံးနဲ့လည်း အကျိုးပြုနိုင်ဖွယ်ရှိတယ်လို့ ဂျော်ဂါကစ်က ပြောသွားပါတယ်။
▪️ ဗိုက်တာမင်-စီကို ရှောက်သီးကဲ့သို့ အချဉ်သီးများ၊ ခရမ်းချဉ်သီး၊ အာလူး၊ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီ၊ ဂေါ်ဖီထုပ်၊ ဟင်းနုနွယ်တို့မှာ အများအပြား တွေ့ရပါတယ်။
▪️ တစ်ရှူးကြီးထွားခြင်းနဲ့ ပြုပြင်ခြင်း၊ ကော်လာဂျင် ထုတ်လုပ်ခြင်း၊ အနာကုသခြင်း၊ အရိုးနဲ့အရေပြား ကျန်းမာရေး၊ ကိုယ်ခံအားစနစ်တို့အတွက် အထောက်အကူပြုပါတယ်။
▪️ ယခုရလဒ်များကို အတည်ပြုနိုင်ရန် တတိယအဆင့် စမ်းသပ်မှုများ ပြုလုပ်ရန်လိုအပ်ပါသေးတယ်။
#Source: New York Post