#World_News
Published 10 December 2024


▪️ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ကြားဖြတ်အစိုးရကို တိုက်ခိုက်ပြောဆိုလိုက်ကာ အတိုင်ပင်ခံချုပ် မူဟာမက်ယူနွတ်စ် ဟာ အကြမ်းဖက်သမားများနဲ့ အစွန်းရောက်ဝါဒီများကို အထိန်းအချုပ်မရှိ လုပ်ဆောင်ခွင့်ပြုနေတဲ့ ဖက်ဆစ်အစိုးရလို့ စွပ်စွဲလိုက်ပါတယ်။

▪️ ဟာဆီနာက လန်ဒန်မှ အဝါမီလိဂ် ထောက်ခံသူများ စုဝေးပွဲထံ အွန်လိုင်းမိန့်ခွန်းပြောကြားရာမှာ ယူနွတ်စ် က ဇူလိုင်-ဩဂုတ် သောင်းကျန်းမှုနောက်ကွယ်က ချုပ်ကိုင်သူဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး ယင်းနဲ့ အပေါင်းအပါများကို ဘင်္ဂလားဒေ့ရှ်ဥပဒေအရ တရားစီရင်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

▪️ ယူနွတ်စ်နဲ့ ကြားဖြတ်အစိုးရဟာ ဘင်္ဂလားဒေ့ရှ်ရှိ ဘာသာရေးလူနည်းစုများကို နှိပ်စက်ညှင်းပန်းတယ်လို့လည်း စွပ်စွဲဝေဖန်လိုက်ပါတယ်။

▪️ ဩဂုတ်လ ၅ ရက်နေ့နောက်ပိုင်း လူနည်းစုများအပေါ် တိုက်ခိုက်တာတွေ၊ ဟိန္ဒူ ခရစ်ယာန် ဗုဒ္ဓဘာသာ ကိုးကွယ်ရာနေရာတွေကို အကြမ်းဖက်တာတွေကို ရှုတ်ချကြောင်း၊ အစ္စလာမ်ကောင်စီအဖွဲ့ ဂျာမက်နဲ့ အကြမ်းဖက်သမားတွေဟာ အစိုးရသစ်လက်အောက်မှာ စိတ်ကြိုက်လှုပ်ရှားနေကြကြောင်း ပြောပါတယ်။

▪️ ဟာဆီနာမိန့်ခွန်းပြောကြားခဲ့တဲ့ အသံဖိုင်ကို ဘင်္ဂလားဒေ့ရှ် ကျောင်းသားများလိဂ်နဲ့ အဝါမီလိဂ်တို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတို့မှာ ဖော်ပြခဲ့ပါတယ်။

▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ဘင်္ဂလားဒေ့ရှ်ရှိ ကျောင်းဆောင်များ၊ ဟိန္ဒူများနဲ့ အခြားလူနည်းစုဝင်များအပေါ် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ အိန္ဒိယအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။

▪️ မီးရှို့မှု၊ လူသတ်မှုတို့ ပြုလုပ်နေတဲ့ အကြမ်းဖက်သမားများနဲ့ ရာဇဝတ်သားများကို ယူနက်စ်အစိုးရက သက်ညှာနေတယ်လို့ ဟာဆီနာက စွပ်စွဲပြောဆိုပါတယ်။

▪️ ဩဂုတ် ၅ ရက်နေ့က ကျောင်းသားများဦးဆောင်တဲ့ မုတ်သုံတော်လှန်ရေးကနေ ၁၆ နှစ်ကြာအုပ်စိုးခဲ့တဲ့ ရှိတ်ခ်ဟာဆီနာ အစိုးရကို တွန်းလှန်နိုင်ခဲ့ပြီး ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ကာ တိုင်းပြည်မှ ထွက်ပြေးခဲ့ပြီးနောက် အိန္ဒိယမှာ နေထိုင်နေပါတယ်။

▪️ ဟာဆီနာပြောကြားချက်ထဲမှာ အဝါမီလိဂ်မှ လူပုဂ္ဂိုလ်အသင်းအဖွဲ့အားလုံး အကွက်ကျကျ ပစ်မှတ်ခံနေရပြီး ဒီအဖွဲ့အစည်း လွှမ်းမိုးမှုကို ဖယ်ရှားဖို့ ပုန်ကန်နေကြတာဖြစ်ကြောင်း ပြောသွားပါတယ်။

#Source: NDTV