#World_Health
Published 08 December 2024
▪️ ၁ နှစ်ကို ၂ ကြိမ်ထိုးရတဲ့ AIDS ကာကွယ်ဆေးဟာ အမျိုးသမီးတွေနဲ့ လေ့လာရာမှာ ၁၀၀ ရာခိုင်နှုန်း ထိရောက်မှုရှိပြီး အမျိုးသားတွေမှာလည်း ထိရောက်မှုရှိတယ်လို့ ဖော်ပြလာပါတယ်။
▪️ ဈေးသက်သာတဲ့ အမျိုးအစားတွေကို အာဖရိက၊ အရှေ့တောင်အာရှ၊ ကာရစ်ဘီယံ အပါအဝင် HIV ကူးစက်မှုနှုန်းအများဆုံး နိုင်ငံ ၁၂၀မှာ ရောင်းချခွင့် ပြုသွားမှာဖြစ်တယ်လို့ ဆေးဝါးထုတ်လုပ်ရေး Gilead က ပြောပါတယ်။
▪️ အခြားကာကွယ်ရေးနည်းလမ်းတွေထက် ပိုပြီးစိတ်ချရပေမယ့် ဖြစ်ပွားမှုနှုန်းမြင့်တဲ့ နိုင်ငံတွေမှာတော့ စိုးရိမ်ရဆဲ ဖြစ်တယ်လို့ UNAIDS မှ အမှုဆောင်ညွှန်ကြားရေးမှူး ဝင်နီဘီယန်ယီမာက ဆိုပါတယ်။
▪️ ယမန်နှစ်က AIDS ကြောင့် သေဆုံးသူ ၆၃၀၀၀၀ ခန့်ရှိကာ ၂၀၀၄ ခုနှစ်နောက်ပိုင်း အနည်းဆုံးဖြစ်ခဲ့သဖြင့် ဒီကပ်ရောဂါကြီးကို အဆုံးသတ်ဖို့ အခွင့်အရေး ရလာပြီလို့ UNAIDS က ဖော်ပြလိုက်ပါတယ်။
▪️ လက်ရှိမှာ ရောဂါကာကွယ်ရေး နည်းလမ်းများအနေနဲ့ ကွန်ဒုံး၊ တားဆေး၊ သားအိမ်ထည့်ပစ္စည်းများ၊ ထိုးဆေးများ ရှိနေပေမယ့် Gilead ရဲ့ ကာကွယ်ဆေးကတော့ ကျန်းမာရေး စောင့်ရှောက်မှုခံယူရန် စိုးရွံ့တဲ့သူတွေအတွက် အသုံးဝင်နိုင်တယ်လို့ ပညာရှင်များ သုံးသပ်ထားပါတယ်။
▪️ ဆေးခန်းကို ၁ နှစ်မှ ၂ ကြိမ်တည်း လာရမှာဖြစ်တဲ့အတွက် ထိုလူတွေအတွက် အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။
▪️ လက်တင်အမေရိက နိုင်ငံတွေမှာဆိုရင် လူတွေက ဆေးတွေကို မေးရမှာ ရှက်ကြောက်ကြတယ်လို့ ဂွာဒယ်လာဂျာရာမှ ဒေါက်တာ အယ်မာမီနာဗာပီရက်ဇ်က ပြောပါတယ်။
▪️ HIV ကာကွယ်မှု အလိုအပ်ဆုံး နေရာတွေမှာ ကုသကာကွယ်ရေး နည်းလမ်းများ ရရှိနိုင်ရန် ကူညီသွားမယ်လို့ Gilead က ဖော်ပြထားပါတယ်။
▪️ အာဖရိက ၁၈ နိုင်ငံဟာ ကမ္ဘာမှာ HIV ဖြစ်ပွားမှုရဲ့ ၇၀ ရာခိုင်နှုန်းရှိနေပါတယ်။
ဖြစ်ပွားမှုအများဆုံး အာဖရိကနဲ့ အာရှတို့မှာ အရင်ပေးသွားဖို့ရှိသလို လက်တင်အမေရိကမှာ လိင်တူများကြား HIV ဖြစ်ပွားမှုနှုန်းကလည်း မြင့်တက်နေပါတယ်။
▪️ မက္ကဆီကိုမှာဆိုရင် ချမ်းသာတဲ့သူတွေ ရှိသလို အလွန်ဆင်းရဲတဲ့သူတွေလည်း ရှိနေတယ်လို့ မက္ကဆီကိုမှ လိင်အင်္ဂါပြောင်း အမျိုးသမီးက ဆိုပါတယ်။
▪️ ကမ္ဘာတဝှမ်းမှာ HIV ကူးစက်သူ နှစ်စဉ် ၁ သန်းကျော်ရှိနေပြီး လက်ရှိမှာ ကာကွယ်ရေးနည်းလမ်းတွေက လုံလောက်ခြင်း မရှိပါဘူး။
▪️ ယခုအချိန်မှာ လိုအပ်ချက်က Gilead ကာကွယ်ဆေးကို လိုအပ်တဲ့သူတွေဆီရောက်ရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဖြစ်တယ်လို့ တောင်အာဖရိကတက္ကသိုလ်မှ AIDS ပညာရှင် ဒေါက်တာ ဆလမ်အက်ဒူလ်ကာရင်က ပြောသွားပါတယ်။
#Source: AP News