#Local_News
Published 30 November 2024
▪️ မြန်မာနိုင်ငံ ရေဘေးသင့်ဒေသများရှိ ရပ်ကွက်ကျေးရွာများသန့်ရှင်းရေးနှင့် စိုက်ပျိုးမြေများပြန်လည် ရှင်သန်ရေးအတွက် ဂျပန်နည်းပညာသုံး EM များလှူဒါန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
▪️ အဆိုပါ ဂျပန်နည်းပညာသုံး မိုက်ခရိုအော်ဂဲနစ်တစ်မျိုးဖြစ်သည့် Japan EM ကို မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများရှိ ရပ်ကွက်ကျေးရွာများသန့်ရှင်းရေးနှင့် စိုက်ပျိုးမြေများပြန်လည် ရှင်သန်ရေးအတွက် ဂျပန်အီးအမ် (Japan EM) နည်းပညာပံ့ပိုးမှုစီမံကိန်းအတွက် ဂျပန်နိုင်ငံ EM Research Organization (EMRO) မှ Professor Dr. Higa က မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
▪️ အသင်းအနေဖြင့် ထို OEM များကို CEM အဖြစ်ဆပွားဆောင်ရွက်ပြီး ရေဘေးသင့်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးဒေသ၊ ပင်းတယ ဒေသနှင့် အင်းလေးဒေသတို့ရှိ ရေလွှမ်းမိုးပျက်ဆီးခဲ့သည့် စိုက်ပျိုးမြေများရှိသည့် ကျေးရွာများကို စတင်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW#Yangon_Times