#Local_News
Published 22 January 2024
မော်လမြိုင်မြို့ကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ်တွင် ကား၊ သုံးဘီးဆိုင်ကယ် ၁ စီးနှင့် ဆိုင်ကယ်၁စီးတို့ ၃စီးဆင့်တိုက်မိသဖြင့် အမျိုးသမီး၁ဦး ေ-သဆုံး ကာ ၁၁ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း လူမူကူညီရေးအသင်းများထံက သိရသည်။
ဇန်နဝါရီ ၂၁ ရက်နေ့ည ၉ နာရီခန့်က မော်လမြိုင်မြိုကျိုက်က္ခမီလမ်းမကြီး ဂွေးကုန်းရပ် မစရ၅ အနီးတွင် မော်လမြိုင်ဘက်ကမောင်းနှင်လာသော Probox ယာဉ် ၁ စီးမှာ အလားတူမောင်းနှင်လာသော ဘုရားပွဲသွားမည့် သုံးဘီးဆိုင်ကယ်၁စီးနှင့် ဆိုင်ကယ်၁စီး ၃စီးဆင့်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်အတွင်း ကလးငယ် ၆ ဦး နှင့် လူကြီး ၆ ဦး စုစုပေါင်း(၁၂) ဦးထိခိုက်ဒဏ်ရာများရရှိသဖြင့် ဒဏ်ရာရရှိသူများအား မော်လမြိုင် Rescue လူမူကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘို၀င်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရွှေနတ်တောင်အရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့၊ မိုးစေတနာပရဟိအသင်း(မော်လမြိုင်) မုဒုံလူငယ် ပရဟိတအဖွဲ့တို့မှ လူနာများအားပြုစုကုသပေးပြီး လူနာတင်ယာဉ်၅စီးဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကာ ဆေးရုံကြီး OPD အရောက်တွင် အမျိုးသမီး (၁)ဦးမှာ ေ-သဆုံးသွားသဖြင့် ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲမှဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ကား၃စီးဆင့်တိုက်မှုဖြစ် #၁ဦး ေ-သဆုံးကာ၁၁ဦးဒဏ်ရာရ #YMG/LW #Yangon_Times
#World_Politics
Published 22 January 2024
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား အကြိုရွေးကောက်ပွဲမတိုင်မီ ၂ ရက်အလိုမှာပဲ ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က သမ္မတရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းစဥ်များ အဆုံးသတ်ခဲ့ကာ ဒေါ်နယ်ထရမ့်ကို ထောက်ခံကြောင်း ဖော်ပြလိုက်ပါတယ်။
ဒါဟာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်နေရာအတွက် ထရမ့်ကို အခိုင်အမာစိန်ခေါ်လာခဲ့တဲ့ ကုလသမဂ္ဂ သံအမတ်ဟောင်း နစ်ကီဟာလေကို ကျော်လွန်ပြီး ထရမ့်ကို ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာလ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ရီပတ်ဘလစ်ကန်ဘက်မှာ ထရမ့်နေရာ အစားထိုးနိုင်မယ်လို့ ထင်ကြေးပေးခံရဆုံး ဒီဆန်းတစ်ဟာ အိုင်ယိုဝါမှာ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်ခဲ့ပေမယ့် ထရမ့်ကိုရှုံးနိမ့်ခဲ့ပြီးနောက် အခုလိုမျိုး ထောက်ခံလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဟာလေဟာ ထရမ့်နဲ့ တစ်ယောက်ချင်း ယှဥ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ထရမ့်က တရားစွဲဆိုချက် ၄ ခုဖြင့် ရင်ဆိုင်နေရပေမယ့် ရီပတ်ဘလစ်ကန်ဘက်မှာ အခိုင်အမာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ဒီဆန်းတစ်ထောက်ခံသူတွေက အလယ်အလတ်လမ်းစဥ် ပိုကျတဲ့ ဟာလေထက်စာရင် ထရမ့်ဘက်ကိုပြောင်းပြီး ထောက်ခံချင်နေပါတယ်။
နယူးဟမ့်ရှိုင်းယားမှာ ဒီဆန်းတစ်ထောက်ခံသူ ၃ ပုံ ၂ ပုံခန့်က ထရမ့်ကို ဒုတိယဦးစားပေးအဖြစ် ရွေးချယ်ထားကြတယ်လို့ နယူးဟမ့်ရှိုင်းယား စစ်တမ်းဌာနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး အန်ဒရူးစမစ်က ပြောပြသွားပါတယ်။
ယမန်နှစ်က ဒီဆန်းတစ်ကို တစ်ချိန်လုံး တိုက်ခိုက်နေခဲ့တဲ့ ထရမ့်က ရိုချက်စတာမှာ တနင်္ဂနွေနေ့ညနေခင်းမိန့်ခွန်း ပြောကြားရာမှာ အုပ်ချုပ်ရေးမှူးဟောင်း ဒီဆန်းတစ်ကို ချီးကျူးသွားပြီး သမ္မတဂျိုးဘိုင်ဒင်ကို အနိုင်ရရန် အတူတကွ လုပ်ဆောင်သွားဖို့ မျှော်လင့်နေကြောင်း ဆိုလိုက်ပါတယ်။
ထရမ့်က နယူးဟမ့်ရှိုင်းယားမှာ ဟာလေကို အသာရနေသလို ကယ်ရိုလိုင်းနား တောင်ပိုင်းမှာလည်း ဦးဆောင်ထားပါတယ်။
ဒီဆန်းတစ် ပြိုင်ပွဲမှ ဆုတ်ခွာသွားခြင်းက ရီပတ်ဘလစ်ကန် ယှဥ်ပြိုင်မှုမှာ ကြီးကြီးမားမား ပြောင်းလဲသွားဖွယ် မရှိဘူးလို့ အချို့က သုံးသပ်ထားကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဆန်းတစ် မယှဥ်ပြိုင်တော့တာဟာ ထရမ့်အတွက် အကျိုးရှိသွားတာ အသေအချာပါပဲ။
#World_Politics #ရွန်ဒီဆန်းတစ်နှုတ်ထွက် #ထရမ့်ကိုထောက်ခံချက်ပေး #Source: Reuters
#Local_News
Published_ 22 January 2024
ပြည်တွင်း၌ ကူးစက်မြန် ကိုဗစ် ၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲတွေ့ရှိရသည့်အတွက် ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန်ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားသည်။
မြန်မာနိုင်ငံတွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့်သူများတွင် Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကို တွေ့ရှိရပြီး ယခုတွေ့ရှိရသည့် SARS-CoV-2 Omicron Variant များတွင် HV.1၊ JN.1 နှင့် EG.5.1.8 တို့မှာ မြန်မာနိုင်ငံတွင် အသစ်ထပ်မံတွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ (Newly Detected Variants In Myanmar) ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၅၀ နှင့်အထက်ရှိသူများ အသက် ၆၅ နှင့်အထက်ရှိသူများ၊သွေးတိုး၊ဆီးချို၊ နှလုံး၊ကင်ဆာ အခြားရောဂါအခံရှိသူများအနေဖြင့် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံသင့်ကြောင်းကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန်ထိရောက်မှုရှိကြောင်း တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်း သိရသည်။
#Local_News #ကိုဗစ်၁၉ရောဂါ #MOHSသတိပေး #YMG/NN #Yangon_Times
#World_Health
Published 22 January 2024
ဘရာဇီးလ်ကလေးငယ်တစ်ဦးဟာ ၂၀၂၂ မှာ ကျောက်ကပ် ၄ ခုဖြင့် မွေးဖွားလာကာ အလွန်ရှားပါးတဲ့ မွေးရာပါ ချို့ယွင်းမှုတစ်မျိုး ဖြစ်နေပါတယ်။
သားအိမ်ထဲမှာ ရှိနေစဥ်က ကျောက်ကပ်ပြဿနာ ရှိခဲ့ပေမယ့် ဘာလဲဆိုတာ အတိအကျ မသိခဲ့ပါဘူး။
၅ လသားအရွယ်မှာ ခွဲစိတ်မှုလုပ်တဲ့အခါမှ ကျောက်ကပ်အပို ၂ ခုရှိနေတာကို ဆရာဝန်များ သိရှိခဲ့ကြပါတယ်။
လူအများစုက ကျောက်ကပ် ၂ ခုဖြင့်မွေးဖွားလာကြပြီး အယောက် ၁၀၀၀ မှာ ၁ ယောက်နှုန်းက ကျောက်ကပ် ၁ ခုဖြင့် မွေးဖွားတတ်ပါတယ်။
ကျောက်ကပ်အပိုပါလာတဲ့ ကလေးတွေလည်းရှိပြီး ကိုယ်ဝန်ဆောင်စဥ်မှာ ကျောက်ကပ်တိုင်က ပုံမှန်မဟုတ်ဘဲ ကွဲသွားခြင်းကြောင့် ဖြစ်တယ်လို့ ယူဆထားပါတယ်။
ထိုကလေးကို ဗိုက်ခွဲမွေးပြီးနောက် ဆေးရုံမှာ ဖန်ပြွန်အိမ်ထဲ ထည့်ထားခဲ့ပါတယ်။
ပိုတဲ့ကျောက်ကပ်က ပိတ်ဆို့နေပြီး ဆီးတွေစုပြုံလာပြီးနောက် ညာဘက်အပေါ်ကျောက်ကပ်ကို ဖယ်ရှားခဲ့ပါတယ်။
ဒီအတွက် ကျောက်ကပ်က ကြီးလာပြီး အစာအိမ်နဲ့ အူတွေကို ဖိထားလိုက်ပါတယ်။
ဖယ်ရှားလိုက်တဲ့ ကျောက်ကပ်က သွေးကြောတွေ ပုံမှန်မဟုတ်တာကြောင့် လှူဒါန်းလို့ မရပေမယ့် ဓာတ်ခွဲခန်းစစ်ဆေးဖို့ ပို့ဆောင်လိုက်ပါတယ်။
ကျန်တဲ့ကျောက်ကပ် ၃ ခုကတော့ ပုံမှန်အတိုင်း လုပ်ဆောင်နေပါတယ်။
အရွယ်ရောက်တဲ့အချိန်အထိ နှစ်ပေါင်းများစွာ စစ်ဆေးမှုတွေ ခံယူသွားရမှာ ဖြစ်ပါတယ်။
အခုဆို ၁၃ လရှိပြီဖြစ်တဲ့ ကလေးငယ်ဟာ အအေးမိတဲ့အခါတိုင်း အဆုတ်ရောင်နေပြီး အဆုတ်တွေက ထိခိုက်လွယ်နေပါတယ်။
#World_Health #ကျောက်ကပ်(၄) #ဘရာဇီးလ်မှကလေးငယ် #အသက်ရှင်သန်လျက်ရှိ #Source: New York Post
#World_Health
Published 22 January 2024
ဂွမ်းနားကြပ်တံ အသုံးပြုတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေကာ မှန်ကန်တဲ့ နည်းလမ်းကို သိချင်နေကြပါတယ်။
ဒါကြောင့် ဗြိတိန်မှ ဆရာဝန်တစ်ဦးက မှန်ကန်တဲ့ နားသန့်ရှင်းရေးနည်းလမ်းကို ဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နားတွေကို ဘယ်လိုသန့်ရှင်းရမလဲဆိုတော့ သန့်ရှင်းပေးဖို့ မလိုဘူးလို့ ဒေါက်တာဆူဂျာက သူ့ရဲ့တစ်တော့မှာ အကြံပြုသွားကာ ၁၂ စက္ကန့်ကြာ ဗီဒီယိုက ကြည့်ရှုသူ သောင်းနဲ့ချီသွားပါတယ်။
မိမိရဲ့တံတောင်ဆစ်ထက်သေးတဲ့ ဘယ်အရာဝတ္ထုမဆို နားထဲမထည့်သင့်ကြောင်း၊ အဝတ်စဖြင့် နားအပြင်ဘက်ကို သုတ်သင်သင့်ကြောင်း အကြံပြုလိုက်ပါတယ်။
၁၉၉၀ မှ ၂၀၁၀ အတွင်း နားကြပ်တံအသုံးပြုခြင်းကြောင့် နားဒဏ်ရာရရှိကာ အရေးပေါ်ကုသမှုခံယူရတဲ့ ကလေးငယ်ပေါင်း အမေရိကန်မှာ ၂၆၄၀၀၀ ဦး ရှိခဲ့ပါတယ်။
နားကြပ်တံကြောင့် နားရောဂါကူးစက်မှုတွေနဲ့ ဘေးအန္တရာယ်တွေလည်း ရှိလာနိုင်တယ်လို့ ဒေါက်တာ ခရစ်ဂျာတာနာက ဆိုပါတယ်။
နားလမ်းကြောင်းတွေကို အိမ်မှာပင် သန့်ရှင်းရေးလုပ်နိုင်ပြီး ဒီအတွက် ဂွမ်းနားကြပ်တံတွေက သင့်လျော်တယ်ဆိုတဲ့ အယူအဆတွေကို ပယ်ချလိုက်ပါတယ်။
နားတွင်းက သူ့အလိုလို သန့်ရှင်းရေးလုပ်နိုင်ကြောင်း၊ ဂွမ်းနားကြပ်တံက နားဖာချေးတွေကို နားစည်သို့ ပိုမိုရောက်ရှိစေတဲ့အပြင် နားဒဏ်ရာရနိုင်ခြေလည်း များတယ်လို့ ဂျာတာနာက ရှင်းပြပါတယ်။
နားကြပ်တံ အသုံးပြုခြင်းကြောင့် အကြားအာရုံချို့ယွင်းခြင်း၊ နားအူခြင်း၊ မူးဝေခြင်း စတာတွေဖြစ်နိုင်ပြီး နားဖာချေးတွေ ဖယ်ရှားဖို့အတွက် ဇွန်းရှည်၊ ညှပ်တံ၊ စုပ်စက်တို့ဖြင့် အသုံးပြုနိုင်တယ်လို့ ဒေါက်တာဆူဂျာက အကြံပေးလိုက်ပါတယ်။
#World_Health #နားသန့်ရှင်းရေး #အကောင်းဆုံးနည်းလမ်း #Source: The Jerusalem Post
#Local_News
Published_21 Jan 2024
နိုင်ငံတကာအဆင့်မီ ဆေးကုသမှုများပြုလုပ်နိုင်မည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ကုသဆောင်သစ် ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇)ထပ်ကုသဆောင် သစ်ကြီးတွင် နိုင်ငံတကာအဆင့်မီ ဆေးကုသမှုခံစားရရှိနိုင်ရန် အဆင့်မြင့်ရောဂါ ရှာဖွေကုသရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းထားသည့် ဓာတ်ခွဲခန်းများ၊ ပုံရိပ်ဖော်နည်း ပညာ ဆိုင်ရာ ဓာတ်မှန်ဌာန၊ သွေးရောဂါလူနာဌာန၊ ရိုးတွင်းချဉ်ဆီ လဲလှယ် ကုသဌာနတို့ပါဝင်သောကြောင့် ပြည်သူများ အနေဖြင့် နိုင်ငံတကာစံနှုန်းနှင့်အညီ နည်းပညာ အဆင့် မြင့်မားသည့် ကုသမှုများကို ပိုမိုရရှိနိုင်တော့မည် ဖြစ်ကြောင်း နစက ဥက္ကဌက အဆိုပါ ဆေးရုံဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
ယခု(၇)ထပ်ဆေးကုသဆောင်သစ်ကြီးကို ၂၀၁၅ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ ခြင်းဖြစ်ပြီး အကြောင်းအမျိုး မျိုး ကြောင့် ကြန့်ကြာခဲ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ဆေးရုံ ဆောက်လုပ်ခြင်းကို ပြီးစီးအောင် တစ်စိုက် မတ်မတ် ဆက်လက်တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်း ကပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်တည်ရှိပြီး မြန်မာ နိုင်ငံ၏အကြီးဆုံး ဆေးရုံကြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင်ရှိသည့် ပြည်သူများ အားကိုးအားထားပြုရပြီး ဆေးပညာသင်ကြားရေး အတွက်လည်း ခေတ်အဆက်ဆက် အဓိကကျသည့် ဆေးရုံကြီးလည်းဖြစ်ကြောင်း။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၃ ခုနှစ် ကတည်းက (၄၈၃)ခုတင်နှင့် တည်ဆောက်ခဲ့ပြီး ခေတ်အဆက် ဆက် တွင် ခုတင်များ တိုးမြှင့်လာခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ခုတင်(၂၀၀၀)ဆံ့ဆေးရုံအထိ တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ (၇)ထပ်ဆောင်အသစ်ကြီး ဆောက်လုပ်ရ ခြင်း၏ ရည်ရွယ်ချက်မှာ ခုတင် (၂၀၀၀) ဆံ့ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တိုး တက် များပြားလာသည့် လူနာများ စိတ်အေးချမ်းသာစွာဖြင့် ဆေး ကုသမှုခံယူနိုင်ရန်နှင့် နိုင်ငံ တကာအဆင့်မီ ဆေးကုသမှုကို ပြည်သူများ ရရှိခံစားနိုင်စေရန်အတွက် ထပ်မံ ဆောက် လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။
နစက အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလမှစတင်ပြီး ကျေးလက်ကျန်းမာရေးဌာနများနှင့် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ် ပေးခြင်း၊ မကွေးမြို့ပြည်သူ့ဆေးရုံကြီး၊ မုံရွာမြို့ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့ပြည်သူ့ ဆေးရုံ ကြီး၊ ဘားအံမြို့ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ပြည်သူ့ဆေးရုံ ကြီး၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးစသည့် ဆေးရုံ ကြီး များတွင် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကု ဆေးရုံကြီး(ရန်ကုန်)တို့တွင် တိုးချဲ့ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ခုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေး ရုံများတွင် (၂)ထပ် ကုသဆောင်သစ်များ ဖွင့်လှစ်ပေးခြင်း၊ ဆေးတက္ကသိုလ်နှင့် သူနာပြုတက္ကသိုလ်တို့အတွက် သင်ကြားရေးဆိုင်ရာ အဆောက်အဦများ ဆောက်လုပ်ပေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဌာနခွဲများ ဖွင့်လှစ်ပေးခြင်း စသည်တို့ကို မြှင့်တင် ဆောင် ရွက်ပေးနိုင်ခဲ့ ကြောင်း သိရသည်။
#Local_News #နိုင်ငံတကာအဆင့်မီဆေးကုသမှု #(၇)ထပ်ကုသဆောင်သစ်ယနေ့ဖွင့်လှစ် #Yangon_Times/PP
#Local_News
Published_ 21 January 2024
မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အကြို လေ့ကျင့်ပြင်ဆင်မှုများကို ဇန်နဝါရီ ၂၀ ရက်နေ့မှ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် လက်ရှိအချိန်တွင် အုပ်ချုပ်နည်းပြ ၉ဦး ပဏာမ ကစားသမား ၂၄ ဦးတို့နှင့်အတူ ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ သုဝဏ္ဏ ကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်မှာ ဖြစ်ပါတယ်။
ထို့နောက် ဖေဖော်ဝါရီ ၅ ရက်တွင် အင်ဒိုနီးရှား နိုင်ငံ Surabaya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ ၇ ရက်နှင့် ၉ ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် Regional East Java Team နှင့် လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
#Local_News #မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း #AFC_Futsal_Asian_Cup_2024 #Ymg_mnn #Yangon_Media_Group
၂၁ ဇန်နဝါရီ ၂၀၂၄
အမေရိကန်လုပ် ကိုဗက် စစ်သင်္ဘော HTMS Sukhothai ပြန်လည်ဆယ်ယူရာတွင် တရုတ်ကုမ္ပဏီတစ်ခုပါဝင် ပတ်သက်နေသည်ဟူသည့် သတင်းများနှင့်ပတ်သက်၍ ထိုင်းတော်ဝင်ရေတပ်ကို အမေရိကန်ပြည်ထောင်စုက သတိပေးစာ ပေးပို့ထားသည်။
အဆိုပါသတိပေးစာကို ၂၀၂၄ဘတ်ဂျက်သုံးသပ်ရေး အောက်လွှတ်တော်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သူ ရှေ့သို့ချီပါတီ၏ ဘန်ကောက်လွှတ်တော်အမတ် ချာရာဖွန်ဆာတွန်ဒီက ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
မစ္စတာ ချာရာဖွန်၏ အဆိုအရ အဆိုပါစာကို ထိုင်းနိုင်ငံရှိ အမေရိကန်ပြည်ထောင်စုစစ်ရေးအကြံပေးပူးတွဲအုပ်စုက ရေးသား ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၁၈ရက်က ထိုင်းပင်လယ်ကွေ့တွင် အဆိုပါ ထိုင်းရေတပ်ပိုင်သင်္ဘော နစ်မြုပ်ပြီးကတည်းက အမေရိကန်၏ စိုးရိမ်ပူပန်မှုအပေါ် ထိုင်းရေတပ်က တုန့်ပြန်မှုမပြုခဲ့သေးဟု ရေးသားဖော်ပြထားသည်။ သင်္ဘောနစ်မြုပ်မှုကြောင့် သင်္ဘောသား ၁၀၆ဦးအနက် (၂၄)ဦး သေဆုံးခဲ့ကာ ငါးဦးပျောက်ဆုံးနေပြီး ထိုပျောက်ဆုံးသူများ သေဆုံးသွားပြီဟု ယူဆရသည်။
ထိူင်းနိုင်ငံရှိ အမေရိကန်၏ စစ်ရေးကိစ္စများကို ကြီးကြပ်ရသည့်အဖွဲ့သည် သင်္ဘောနစ်မြုပ်ပြီး တစ်လအကြာတွင် ထိုင်းရေတပ်ကို ဆက်သွယ်ခဲ့ပြီး ၁၉၈၇ခုနှစ်ကတည်းက အမှုထမ်းခဲ့သည့် အဆိုပါသင်္ဘောပျက်ကို မည်ကဲ့သိုဆယ်ယူမည် ဆိုသည့် အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်။ ပြန်စာမရရှိသေးသည့်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ (၁)ရက်က နောက်ထပ် စာတစ်စောင်ထပ်ပို့ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။
တရုတ်မိတ်ဖက်ကုမ္ပဏီနှင့်အတူတွဲလုပ်မည့် ထိုင်းကန်ထရိုက်တာကုမ္ပဏီတစ်ခုကို သင်္ဘောဆယ်ယူရန် ရွေးချယ်ထားသည် ဟူသောသတင်းများထွက်ပေါ်ပြီးနောက် ထိုင်းရေတပ်ကို အမေရိကန်နှင့်သဘောတူညီချက်လိုက်နာရန် ထိုဒုတိယစာတွင် တိုက်တွန်းထားသည်။
သဘောတူညီချက်မှာ အမေရိကန်ထုတ်သင်္ဘောများကို ဆယ်ယူဖို့ရှိလာပါက ထိုင်းရေတပ်သည် အမေရိကန်အစိုးရထံ ဆယ်ယူမည့်ကန်ထရိုက်တာကို အတည်ပြုချက်ရယူရမည်ဟုဖော်ပြပါရှိသည်ဟု မစ္စတာ ချာရာဖွန်ကပြောသည်။
အကယ်၍ ထိုင်းရေတပ်သည် အဆိုပါပဋိညာဉ်ကို ချိုးဖောက်ပါက ထိုင်းနိုင်ငံနှင့်အမေရိကန်အကြား နိုင်ငံခြား စစ်ပစ္စည်း ရောင်းချမှုအပေါ် အကျိုးသက်ရောက်မှာဖြစ်ကြောင်း သူကဆက်ပြောပြသည်။
မည်သို့ဆက်လုပ်ရမည်ကို စဉ်းစာနေသည်ဟု ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အက်ဒမ်ဖန်အမ်ကပြောသည်။
တကယ်လို့ အမေရိကန်က ဆယ်ယူရေးမှာပါဝင်မယ်ဆိုရင် ဆယ်ယူဖို့မူလသတ်မှတ်ထားတဲ့ ဧပြီလထက် နောက်ကျသွားနိုင် တယ်ဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ကပြောသည်။
ထိုင်းရေတပ်သည် စစ်သင်္ဘော ဆယ်ယူရေးတွင် ဘတ်ငွေ ၁၉၉သန်းဖြင့် ဆောင်ရွက်ပေးမည့် ကန်ထရိုက်တာကိုတွေ့ရှိပြီး ဖြစ်သော်လည်း အတည်ပြရန် ဆိုင်းငံ့ထားဆဲဖြစ်သည်။
-ymg/knl
#Thailand_navy
#HTMS_Sukhothai
#yangonmediagroup
'ကရင်ဒုံးအက(ဒုံးယိမ်းအက)ကလည်း ကရင်ယဉ်ကျေးမှုအမွေအနှစ်ပေါ့နော်၊ သူ့ရဲ့သီချင်းတွေကအစ၊ ကကြိုးကကွက်တွေကအစသူ့အဓိပ္ပါယ်နဲ့သူ၊ ကရင်ပြည်နယ်ကနေပဲ ဦးဆောင်ပြီးတော့မှ အသေးစိတ်ပြုစုပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်အောင်တင်တာပေါ့နော်၊ အခုထိတော့တုံ့ပြန်မှုမရှိသေးပါဘူး။ ကရင်တွေအတွက် ဒုံးအက,က မွေးရာပါအကလိုလည်း ဖြစ်နေတာပေါ့လေ။ ဒုံးမှာ ကျား ၁၆ ယောက်၊ မ ၁၆ ယောက်ပါတဲ့ ၃၂ ယောက် ဒုံးနဲ့ ကျား ၁၂ ယောက်၊ မ ၁၂ ယောက်ပါတဲ့ ၂၄ ယောက်ဒုံးတွေက လနဲ့ချီပြီး လေ့ကျင့်ရပါတယ်'
#Local_News
Published_ 20 January 2024
#ကရင်ရိုးရာဒုံးယိမ်းအက #ကမ္ဘာ့အမွေအနှစ်စာရင်းဝင်
#YMG/NN #Yangon_Times
၂၁ ဇန်နဝါရီ ၂၀၂၄
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် သမ္မတရဟတ်ယာဉ်ကို အသုံးပြုကာ မနီလာမြို့တော်မြောက်ဘက်ရှိ ဗြိတိန် ရော့ခ်တီးဝိုင်း Coldplay ကို သောကြာနေ့ညက သွားရောက်ကြည့်ရှုခဲ့လို့ ဆိုရှယ်မီဒီယာတွေပေါ်ကနေ ဝေဖန်မှုတွေ ခံနေရပါတယ်။
ဖိလစ်ပိုင် အရီနာ လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံပွဲခင်းကြီးမှာ လာရောက်ကြည့်ရှုသူတွေဟာ လေးသောင်းခန့်ရှိတဲ့ အတွက် အကျိုးဆက်အးဖြင့် “ အဲဒီမိုးလုံလေလုံကွင်းကြီးထဲသွားတဲ့ လမ်းတစ်လျောက် မလွှဲမရှောင်သာတဲ့ ယာဉ်ကြောပိတ် ဆို့မှုတွေရှိခဲ့ပါတယ်” လို့ သမ္မတလုံခြုံရေးအဖွဲ့က အဆိုပါကိစ္စကို သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ယာဉ်ကြောပိတ်ဆို့မှုဟာ သောကြာနေ့ညက အဲဒီပွဲကို ဇနီးဖြစ်သူနှင့်အတူ သွားကြည့်တဲ့ မားကို့စ်အတွက် လုံခြုံရေး အရ အန္တရာယ်ရှိနေတဲ့အတွက် သမ္မတရဲ့ အလုပ်သုံး ရဟတ်ယာဉ်ကို မသုံးမဖြစ်သုံးလိုက်ရတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖြေရှင်းထားပါတယ်။
ဒါပေမယ့် ဆိုရှယ်မီဒီယာသုံးသူတွေကတော့ ဖိလစ်ပိုင်ကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ပြီးနောက် သမိုင်းဝင်တဲ့ ပြည်သူ့အာဏာတော်လှန်ရေးကြောင့် ပြုတ်ကျခဲ့တဲ့ အာဏာရှင်မားကို့စ်ရဲ့ သားဖြစ်သူ လက်ရှိသမ္မတ မားကို့စ်ဂျူနီယာအနေ နှင့် ပြည်သူ့အခွန်ဘဏ္ဍာကို အသုံးပြုတာဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။
“ တရားဝင်အရင်းအမြစ်တွေဖြစ်တဲ့ သမ္မတရဟတ်ယာဉ်လိုမျိုးတွေကို ကိုဘ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စမဟုတ်ဘဲ အသုံးပြု ခြင်းဟာ အာဏာအလွဲသုံးစားလုပ်တာ ဒါမှမဟုတ် အစိုးရရဲ့အရင်းအမြစ်ကို အလွဲသုံးစားလုပ်တာပဲဖြစ်တယ်”လို့ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ ဂျိမ်းစ်ပက်ထရစ် အရစ်စတိုရင်က ပို့စ်ရေးတင်ပါတယ်။
“ ရဟတ်ယာဉ်သုံးတာ၊ပြီးတော့လောင်စာဆီနှင့်လုံခြုံရေး အဲဒါတွေအတွက် ကျွန်တော်တို့ပိုက်ဆံပေးထားရတာ။လူတိုင်းရဲ့ ပွဲလက်မှတ်တွေအတွက်တောင်သုံးတယ်ဆိုတာ ဘယ်သူတွေကသိကြမှာလဲ” လို့ နောက်ထပ်ဖေ့စ်ဘုတ်ခ်သုံးသူ အာဗိုင် ကွန်ဆက်ဆီယွန်ကပြောပါတယ်။
Source Reuters
#yangontimes
#Marcosjunior
#Philippines_Politics
#Local_News
Published 21 January 2024
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့ရန် ရည်မှန်းထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
မြန်မာနိုင်ငံက နှစ်စဉ် ရော်ဘာ တန်ချိန် လေးသိန်း ခန့် ထွက်ရှိသော်လည်း ငွေကြေးမူဝါဒများကြောင့် ယခင် နှစ်များ က ပြည်ပ သို့ ရော်လာ တစ်ချိန် တစ်သိန်းကျော်သာ တင်ပို့ နိုင်ခဲ့ ကြောင်း သိရသည်။
"' ပြီးခဲ့တဲ့နှစ်က မပို့နိုင်တာက ငွေကြေးမူဝါဒကြောင့် ရော်ဘာ Exporter တွေက အရှုံးမှာကျနေတယ်။ တစ်တန်ကို ရှစ်သိန်းလောက်ကနေ ၁၀ သိန်း လောက်ရှုံးနေတဲ့အတွက် မတင်ပို့နိုင်တာ။ အခုတော့အစိုးရကနေ ဖြေလျှော့ပေးပြီးတော့ ဓာတ်မြေသြဇာတင်သွင်းခွင့် ပေးတဲ့အတွက်ကြောင့် Exporter တွေက လုပ်သာကိုင်သာရှိတဲ့ ဈေးနှုန်းလေးရောက်လာလို့ ပို့နိုင်တာပေါ့”ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း မှ တာဝန်ရှိသူက ပြောသည်။
ရော်ဘာတင်ပို့မှုအနေဖြင့် ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ဂျပန် စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းလည်း သိရသည်။
ရော်ဘာကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုး ဧက ၁ သန်း ၆ သိန်း ၄ သောင်း၊ ထုတ်လုပ်မှုဧဏ ကိုးသိန်းခွဲခန့်ရှိကြောင်းသိရသည်။
ရော်ဘာ ကို မွန်ပြည်နယ်တွင် အများဆုံးထွက်ရှိကာ တနင်္သာရီတိုင်းဒေသကြီးမှ ဒုတိယအများဆုံးနှင့် ကရင်ပြည်နယ်မှ တတိယအများဆုံးထွက်ရှိကြောင်း သိရသည်။
#YMG/LWb #Yangon_Times
#Local_News
Published 21 January 2024
YBS (42) နှင့် YBS (65) ယာဉ်လိုင်းများအပါအဝင်ယာဉ်လိုင်းငါးလိုင်း၌ YPS QR Code အသုံးပြုနိုင်ပြီဖြစ်ကြောင်းYangon Payment Service- YPS မှ သိရသည်။
အဆိုပါ YPS QR Code စနစ်ကို ဇန်နဝါရီလ (၁၁) ရက်တွင် YBS ယာဉ်လိုင်းYBS 131 ၊ YBS 55 နှင့် YBS 57 ယာဉ်လိုင်းများနှင့် YBS (42) နှင့် YBS (65)ယာဉ်လိုင်းများတွင် YPS QR Code ကို ဇန်နဝါရီလ (၁၉) ရက်မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းသိရသည်။
YPS QR Code ကို အသုံးပြုရန်အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ထားရန် လိုအပ်ပြီး Google Playstore မှတဆင့် Download နိုင်ကြောင်း သိရသည်။
အဆိုပါ YPS QR Code စနစ်သည် အသုံးပြုရာတွင် မော်ဒယ်လ်အမြင့်ဖုန်းဗားရှင်းဖြင့်သာအသုံးပြုနိုင်သည့်အတွက် အခက်အခဲများရှိနေကြောင်း ခရီးသည်များကဆိုသည်။
YPS QR Code Top Up Service အတွက် ဝန်ဆောင်မှုများကို YPS Card အရောင်းကောင်တာများ၊ အရောင်းဝန်ထမ်းများ၊ G & G Convenience Store များ၊ မင်္ဂလာအဆင်မြင့် ရုပ်ရှင်ရုံများ၊ Capital အဆင်မြင့်ကုန်တိုက်များ နှင့် Wellington Pharmacy များတွင် အလွယ်တကူ ရယူနိုင်ကြောင်း သိရသည်။
#Local_News #YPS_QR_Code အသုံးပြုနိုင် #YMG/ LW #Yangon-Times
Page 656 of 1773