၂၈ နိုဝင်ဘာ ၂၀၂၄

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ တစ်ခါက သူ့ကို ဖေ့စ်ဘုတ်ခ်မှာ ပိတ်ပင်ခဲ့တဲ့ Meta ရဲ့စီအီးအို မတ်ဇူကာဘတ်နှင့် ဖလော်ရီဒါရှိ ထရမ့်ရဲ့ မာအာလာဂိုကလပ်မှာ နိုဝင်ဘာ ၂၇ ရက်ဗုဒ္ဓဟူးနေ့က ညစာစားရင်း တွေ့ဆုံခဲ့ပါတယ်။

ထရမ့်ရဲ့ ဒုတိယသက်တမ်းမှာ ဒုတိယရုံးအဖွဲ့အကြီးအကဲအဖြစ်ခန့်အပ်ခံထားရတဲ့ စတိဖင်မီလာက  ဇူကာဘတ်ဟာ အခြားသော စီးပွားရေးခေါင်းဆောင်တွေလိုပဲ ထရမ့်ရဲ့ စီပွားရေးအစီအစဉ်ကို ထောက်ခံ ခဲ့တယ်လို့ ထုတ်ဖော်ပြောပါတယ်။

ထရမ့်နှင့်ဆက်ဆံရေးတွေ ဆိုးရွားပြီးနောက် ဇူကာဘတ်ဟာ လက်ယာဝါဒီတွေအပေါ် သူ့ရဲ့အမြင်တွေ ပြောင်းဖို့ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေကရေးသားပါတယ်။

“ မတ်ခ်ကြည့်ရတာ သူ့ကိုယ်ကျိုးရှိနေတာထင်ရှားတယ်။ သူမှာ ကိုယ်ပိုင်ကုမ္ပဏီနှင့် ကိုယ်ပိုင်   အစီအစဉ်အာဂျင်ဒါတွေရှိနေတယ်” လို့ မီလာက ဖောက်စ်သတင်းဌာနနှင့် တွေ့ဆုံမှုအကြောင်း မေးမြန်း   ခန်းမှာ ဖြေကြားခဲ့ပါတယ်။

ဒါပေမယ့် ထရမ့်ရဲ့ခေါင်းဆောင်မှုအောက်မှာ အမေရိကန်ရဲ့ အမျိုးသားပြန်လည်သစ်လွင်မှုအစီအစဉ်ကို ထောက်ခံလိုတယ်ဆိုတာကို သူကရှင်းရှင်းလင်းလင်းပြသခဲ့တယ်လို့လည်း မီလာကဆိုပါတယ်။

ဇူကာဘတ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွေ့ဆုံမှုကို အတည်ပြုပါတယ်။ ဇူကာဘတ်ဟာ ညစာအတူ စားဖို့ ထရမ့်ကဖိတ်ကြားခဲ့တာဖြစ်ပြီးထရမ့်နှင့်သူ့အဖွဲ့ဟာ လာမယ့်အစိုးရအကြောင်း ပြောဆိုဆွေးနွေး ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ထရမ့်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၆ ရက်နေ့မှာ  အမေရိကန် ကွန်ဂရက်အဆောက်အအုံကို အတိုက်   အခိုက်ခံရပြီးတဲ့နောက် ဖေ့စ်ဘုတ်က အဖယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် သူ့အကောင့်ကို ၂၀၂၃ခုနှစ်စောစောပိုင်းမှာ ဖေ့စ်ဘုတ်ခ်က ပြန်ဖွင့်ပေးခဲ့ပါတယ်။

Source AP

၂၀၂၄ခုနှစ် သမ္မတမဲဆွယ်ပွဲမှာ ဇူကာဘတ်ဟာ သမ္မတစ်ဦးဦးကို ထောက်ခံတာတွေမလုပ်ခဲ့ပါဘူး။ သူဟာ ယခုနှစ်စောစောပိုင်းကစပြီး ထရမ့်အပေါ်အပြုသဘောပိုမိုပြသလာခဲ့ပါတယ်