#Local_News
Published 23 November 2024
▪️ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် တိုင်းရင်းဆေးရုံ(၄၉)ရုံနှင့် တိုင်းရင်းဆေးခန်း(၂၈၄)ခန်း၊စုစုပေါင်း (၃၃၃)ခုဖွင့်လှစ်ထားကြောင်း သိရသည်။
▪️ လက်ရှိအချိန်တွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ(၃)ရုံ၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ(၉)ရုံ၊ (၂၅)ခုတင် ဆံ့ တိုင်းရင်းဆေးရုံ(၁၃)ရုံနှင့် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ(၂၄)ရုံ၊ ခရိုင်တိုင်းရင်းဆေးခန်း(၅၀)၊ မြို့နယ် တိုင်းရင်းဆေးခန်း(၂၁၀)ဖွင့်လှစ်၍ မြန်မာ့တိုင်းရင်းဆေးစွမ်းကောင်းများဖြင့် ပြည်သူများ၏ ကျန်းမာရေးကဏ္ဍကိုမြှင့်တင်စောင့်ရှောက်ပေးလျက်ရှိကြောင်း နစကဒုဥက္ကဌ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
▪️ ယင်းအပြင် မြန်မာ့တိုင်းရင်းဆေးပညာရှင်များအား ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပါရဂူသင်တန်းများဖွင့်လှစ်သွားမည်ဖြစ်သည် ဟုဆိုသည်။
▪️ ယင်းကဲ့သို့ဆောင်ရွက်မည့်အကြောင်းကို နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်း ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times