#Local_News
Published 22 November 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ်သန်း(၅၀)ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
▪️ ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၅ သန်းကို အွန်လိုင်းနိုင်ငံခြားငွေအရောင်းအဝယ်ဈေးကွက်မှ တစ်ဆင့်ရောင်းချပေးမည် ဖြစ်ကြောင်း ကြေညာအပြီးတွင် တစ်ဒေါ်လာလျှင် ငွေလဲနှုန်း ၃,၅၈၃ ကျပ်ဖြင့် အမေရိကန်ဒေါ်လာသန်း ၂၀ကို ရောင်းချပေးခဲ့ပြီးဖြစ်သည်။
▪️ ထို့အပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်များအရ သိရသည်။
▪️ ထိုသို့စက်သုံးဆီနှင့် အခြားသွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြား
ငွေများကို ထုတ်ရောင်းပေးလျှက်ရှိရာ စံချိန်တင်မြင့်တက်ခဲ့သည့် ဒေါ်လာဈေးများမှာ အကျပိုင်းတွင်ရှိနေပြီး ယနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင်
၄၄၈၀ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် (၁၂၉.၈၇) ကျပ်၊ တရုတ်ယွမ် တစ်ယွမ်လျှင် (၆၂၀) ကျပ်အထိ ဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။
#YMG/NN #Yangon_Times