#Local_News
Published_22 Nov 2024


▪️ ဆေးပညာဘွဲ့လက်မှတ်အတုဖြင့် ထိုင်းနိုင်ငံ၊Chulalongkorn တက္ကသိုလ်သို့လျှောက်ထားသူများကို သံသယ ဖြစ်၍ နစက မန္တလေးဆေးတက္ကသိုလ်သို့ ထံအကြောင်းကြားခဲ့ရာ ဘွဲ့လက်မှတ်မှာအတုဖြစ်နေ၍ ယင်းတက္ကသိုလ်က ပယ်ချခဲ့ကြောင်း သိရသည်။

▪️ ယင်းတို့မှာ ဆေးတက္ကသိုလ် (မန္တလေး)မှ Final Part II ကို ၆-၁-၂၀၂၂ ရက်၊ ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်တို့တွင်သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ်သတင်းပို့တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စည်းကမ်းဖောက်ဖျက်ခဲ့သူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ ဆုပြည့်မျိုးသွက် နှင့် ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်၊ ၆-၅-၂၀၂၄ ရက်တို့တွင် သင်တန်း ဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် သတင်းပို့တက်ရောက်ရန် ပျက် ကွက်ခဲ့ပြီး စည်း ကမ်းဖောက်ဖျက်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နေ သဉ္ဇာထက် တို့ ၂ ဦးဖြစ်ပြီး ဆေးတက္ကသိုလ် (မန္တလေး)မှ ထုတ်ပယ်ထားခံထားရပြီးသူများ ဖြစ်ကြောင်းလည်း သိရသည်။

▪️ ၎င်းတို့ ၂ ဦးသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေး တက္ကသိုလ်(မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Distoyalty Civil Servant-DCS) ဖြစ်သူ ခင်မောင်လွင် (ဆေးတက္ကသိုလ်-မန္တလေး၊ပါမောက္ခချုပ်ဟောင်း) က တရားမဝင်ထုတ်ပေးခဲ့သည့် ယာယီ ဆေးပညာဘွဲ့လက်မှတ်အတုတို့ဖြင့်ထိုင်းနိုင်ငံ၊Chulalongkorn တက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိရေးအတွက် တရားမဝင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထိုင်းနိုင်ငံ၊Chulalongkorn တက္ကသိုလ်မှ အဆိုပါကျောင်းသူ ၂ ဦး၏ တက္ကသိုလ်တက်ရောက်ခွင့် လျှောက်ထား မှုနှင့်ပတ်သက်၍ သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များကိုအတည်ပြုပေးနိုင်ရန် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ် (မန္တလေး)သို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်ကအကြောင်းကြားလာခဲ့ကြောင်း သိရှိရသည်။

▪️ ယင်းကြောင့်နိုဝင်ဘာလ ၂၀ ရက်တွင် အဆိုပါယာယီဆေးပညာဘွဲ့လက်မှတ်ကိုစစ်ဆေးအတည်ပြု ခဲ့ရာ ဆေး တက္ကသိုလ်(မန္တလေး)မှ ထုတ်ပေးထားသော ဘွဲ့လက်မှတ်များမဟုတ်ဘဲ ဘွဲ့လက်မှတ် အတုများဖြစ်၍ တရား မဝင်ကြောင်းပြန်လည်အကြောင်းကြားခဲ့သည့်အတွက် Chulalongkorn တက္ကသိုလ်မှ၎င်းတို့ ၂ ဦးအား တက္က သိုလ်တက်ရောက်ခွင့် လက်မခံခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများကို ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၅) လမ်း၊ တိုက်အမှတ်(၃၅)၊ တတိယထပ်တွင် ရုံးခန်းဖွင့်လှစ် ထားသည့် သိဏ်းချမ်း(ခ)သိန်းဝင်း(B.A; H.G.P;R.L;) Notary Public မှ တရားမဝင် Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည့် အတွက် နိုဝင်ဘာလ ၂၁ ရက်တွင် တရားမဝင် Notary(သက်သေခံချက်)ပြုလုပ်ပေးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ သိဏ်းချမ်း(ခ)သိန်းဝင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ သက်ထက် ဦး(ခ) ဝင်းထက်မြတ်တို့ ၂ ဦးအား ၎င်းတို့ရုံးခန်း၌ စာရွက်စာတမ်းများ အတုပြုလုပ်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

▪️ ထို့အပြင် တရားခံ သိဏ်းချမ်း(ခ)သိန်းဝင်း၏ ထွက်ဆိုချက်အရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG အဖွဲ့ လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)၊ ယာယီ ဆေးပညာဘွဲ့လက်မှတ်အတုကို ဘာသာပြန်ပေးခဲ့သည့် ကျောက်တံတားမြို့နယ်ရှိ M2 နိုတြီ ဘာသာပြန်ဆိုင်မှ ဆိုင်ပိုင်ရှင်ဖြစ်သူ မြတ်မင်းသူ အား သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

▪️ ယင်းကြောင့်တရားမဝင်ယာယီဆေးပညာဘွဲ့လက်မှတ်အတု ထုတ်ပေးခဲ့သည့် တရားမဝင် ဆေးတက္ကသိုလ် (မန္တလေး)၊ ယာယီတက္ကသိုလ်ကောင်စီနာယက သစ္စာမဲ့ဝန်ထမ်း (Distoyalty Civil Servant-DCS)ခင်မောင် လွင် (ဆေးတက္ကသိုလ်-မန္တလေး၊ ပါမောက္ခချုပ်ဟောင်း)၊ တရားမဝင် ယာယီဆေးပညာဘွဲ့လက် မှတ်အတုတို့ ဖြင့် ထိုင်းနိုင်ငံ၊ Chulalongkorn တက္ကသိုလ်သို့တက်ရောက် ခွင့်ရရှိရေးအတွက် လျှောက်ထားခဲ့သူ ဆုပြည့်မျိုး သွက်နှင့် သဉ္ဇာထက်တို့ ၂ ဦးအား Black List (အမည်မည်းစာရင်း)ကြေညာ၍ ဖော်ထုတ်ဖမ်းဆီးကာ တရား ဥပဒေ နှင့်အညီထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးထားပြီးဖြစ်သော ယာယီ ဆေးပညာဘွဲ့ လက်မှတ်အတုတို့ကို Notary (သက်သေခံချက်) ပြုလုပ်ပေးခဲ့သူ ၃ ဦးနှင့်ပါဝင်ပတ်သက် သူများအား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#Yangon_Times/PP