၈ မေ ၂၀၂၄
နစကဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှု၊ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်တို့နှင့် ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ မေလ ၈ ရက်နေ့တွင် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
အဆိုပါပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးပါတယ်။
@ymg/knl
#Daily_News
Published_08 May 2024
၁။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအတွက် ထိုင်းနိုင်ငံမှပေးပို့သော အထူးမှန်သေတ္တာအခေါင်း မြဝတီမြို့မှတစ်ဆင့် ရောက်ရှိလာ
၂။ ရွှေထွက်ရာသီဖြစ်၍ မြန်မာ့ရွှေဈေးတက်ရန်မရှိဘဲ အကျပိုင်းရောက်လာတော့မည်ဟုဆို
၃။ မြေပဲတောင့်ရောင်းချခဲ့သည့် တောင်သူများအတွက် အမြတ်ငွေ၏ ၂၀ရာခိုင်နှုန်းဖြစ်သော ကျပ်သိန်း၄၅ဝကျော်ကိုပေးအပ်
၄။ တရုတ်ရှေးဟောင်းဂန္တဝင်စာပေများထဲမှရှီကျင့်ဖင်၏ ကိုးကားပြောဆိုချက်များကို ပြင်သစ်တွင်ထုတ်လွှင့်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"မြန်မာ့ရိုးရာလွန်ဆွဲပွဲ"မှာသဘင်လောကသားတွေက ဂီတ၊ အကအလှတွေနဲ့တင်ဆက်ကြမယ်။လွန်ဆွဲပွဲမှာအသင်းအလိုက်အနိုင်ရတဲ့ အသင်းတွေကလည်း ရှုံးတဲ့အသင်းကိုသရော်တဲ့အနေနဲ့ ဟာသပျက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်။
#Local_News
Published_08 May 2024
#"မြန်မာ့ရိုးရာလွန်ဆွဲပွဲ" #သဘင်လောကသား
#tthl #Yangon_Times
#Local_News
Published 8 May 2024
▪️ ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ လူကူးကုန်းတံတားပေါ်မှ လူငယ်တစ်ဦးခုန်ချမှု ဖြစ်ပွားခဲ့ကြောင်း Medical လူငယ်များ လူမှုကူညီရေးအသင်းဆီမှ သိရသည်။
▪️ မေလ ၈ရက် နေ့လည် ၁နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အသက်၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
▪️ ခုန်ချခဲ့သည့်လူငယ်ကို သင်္ဃန်းကျွန်းမြို့ စံပြဆေးရုံကတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝတီဆေးရုံကို အရေးပေါ်လွှဲပြောင်းပို့ဆောင်ပေးထားကာ ဒဏ်ရာများက သွေးထွက်များနေကြောင်း သိရသည်။
▪️ ပြီးခဲ့သည့်ဧပြီ ၂၆ရက်ကလည်း လှည်းတန်းဂုံးကျော်တံတားပေါ်မှ အသက်၁၉နှစ်အရွယ် အမျိုးသမီးတစ်ဦးခုန်ချမှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
#YMG/LW #Yangon_Times
သင်္ကြန်ကာလနောက်ပိုင်းဆန်ဈေးတက်သော်လည်း စပါးဈေးများစွာ မတက်ဘဲ အနည်းငယ်သာတက်တာကြောင့် ဆန်စက်ပိုင်တွေ တွက်ခြေကိုက်ပြီး စပါးဝယ်ယူမှုများပြား
နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published_08 May 2024
#စပါးဈေးမတက် #ဆန်ဈေးတက်
#YMG/ NN #Yangon_Times
#Local_News
Published_08 May 2024
▪️ ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်တော်စေတီတော်တွင် မေလ(၂၅)ရက်၌ ဒူးရင်းသီးစတုဒိသာပွဲနှင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
▪️ ဒူးရင်းသီးစတုဒိသာပွဲတွင် ဒူးရင်းသီး အလုံး (၃၀၀၀) ကျော်နှင့်အထက် ကျွေးမွေးလှူဒါန်းသွားရန်ရှိပြီး ထူးခြားမှုအနေဖြင့် ယခုနှစ်တွင် သစ်ပင်စိုက်ပွဲတော်ကိုပါ ထည့်သွင်းစိုက်ပျိုးသွားမည်ဟုဆိုသည်။
▪️"ဒူးရင်းသီးစတုဒိသာနှင့် သစ်ပင်စိုက်ပွဲတော်(၂၅.၅.၂၀၂၄) (စနေနေ့)နံနက်(၀၉:၃၀)မှ စတင်ကုသိုလ်ပြုပါမယ်။ ဒူးရင်းသီးအလုံး (၃၀၀၀) ကျော်နှင့်အထက်ကျွေးမွေးလှူဒါန်းသွားမယ်"ဟု တောင်ပုလဆရာတော်မှ ရေးသားဖော်ပြထားသည်။
▪️တောင်ပုလသစ်ပင်စိုက်ပျိုးပွဲတော်အတွက်သစ်တောဦးစီးဌာန၊ ဝန်ကြီးရုံးမှခရေ(၅၀၀)ပင်၊ ကံကော် (၇၀၀)ပင်၊ငုဝါ(၅၀၀)ပင်၊သစ်ပိတောက် (၅၀၀)ပင်၊ထောက်ကြံ့(၅၀၀)ပင်၊ကညင် (၁၀၀၀)ပင်၊ အင်ကြင်း (၁၅၀၀)ပင်၊ မဟော်ဂနီ (၁၅၀၀)ပင် လှူဒါန်းထားကြောင်း သိရသည်။
▪️ တောင်ပုလ(ဒူးရင်းသီးပွဲတော်) ပြင်ဦးလွင်နှင့် မန္တလေး 7မိုင်ကမ်းခြေခရီးစဉ်များလည်း ခရီးသွားလုပ်ငန်းများကပြေးဆွဲနေပြီးတစ်ဦးလျှင်ကားခသီးသန့်75000/Ksနှင့်မေလ စတုတ္ထအပတ် (24-5-24) ရက်နေ့ ည(၆)နာရီထွက်မည်ဖြစ်ကြာင်းနှင့် (၃)ည အိပ်ခရီး (27-5-24) ပြန်ရောက်ဖြစ်ကြောင်းလည်း Aung Family ခရီးသွားလုပ်ငန်းမှ ဖော်ပြထားကြောင်း သိရသည်။
#tthl #Yangon_Times
မကွေးတိုင်းဒေသကြီးအတွင်းက ဆောင်းမြေပဲအတောင့်ရောင်းချခဲ့တဲ့ တောင်သူတွေကို ပို့ကုန်လုပ်ငန်းရှင်က ကာလပေါက်ဈေးပေးဝယ်တဲ့အပြင် မြေပဲအဆံရောင်းချလို့ရရှိတဲ့ အကျိုးအမြတ်ထဲက ၂၀ရာခိုင်နှုန်းကို ပေးအပ်ရာတောင်သူ ၄၉၀ဦးအတွက် ကျပ်သိန်း ၄၅၀ကျော် ရရှိခဲ့တယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_08 May 2024
#ဆောင်းမြေပဲအတောင့်ရောင်းချ #မကွေးတိုင်းဒေသကြီး
#YMG/LW #Yangon_Times
ပြည်တွင်းမှာ ရွှေတွေထွက်နေပြီး ရွှေဈေးကွက်ကကျရမယ့်အချိန်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး မကျသေးတဲ့အတွက် ကျသင့်သလောက်မကျဘဲအကျ နှေးနေတာဖြစ်တယ်။
(ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ဝာာဝန်ရှိသူတစ်ဦး)
#Local_News
Published_08 May 2024
#ရွှေထွက်ရာသီဖြစ် #မြန်မာ့ရွှေဈေးပြန်ကျ
#tthl #Yangon_Times
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအတွက် ထိုင်းနိုင်ငံမှပေးပို့သော အထူးမှန်သေတ္တာအခေါင်းမြဝတီမြို့မှ တစ်ဆင့်ရောက်ရှိလာတာကြောင့် ပါဝင်ကုသိုလ်ပြုခွင့်ရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက သိရပါတယ်။
#Local_News
Published_08 May 2024
#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး #အထူးမှန်သေတ္တာအခေါင်း
#YMG/NN #Yangon_Times
#Local_News
Published_08 May 2024
▪️ ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့အနီး တွင် တရားမဝင် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ကားတိမ်းမှောက်တာကြောင့် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်အရသိရသည်။
▪️ မေလ ၇ ရက် နံနက် ၉နာရီ ခန့်က ဖြစ်ပွား ခဲ့ ခြင်း ဖြစ်ကာ အဆိုပါ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၂ဦး လိုက်ပါလာခဲ့ပြီး စစ်ဆေးရေး ဂိတ်အရောက်တွင် ကားသမားက စစ်ဆေးခြင်းမခံဘဲ မောင်းပြေးရာ မှစစ်ဆေးရေး ဂိတ်နှင့် မီတာ ၅၀၀ခန့် တွင် တိမ်းမှောက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ ၁၂ဦး ထိခိုက်ဒဏ်ရာ ရကာ သုံးဦးမှာဒဏ်ရာ ပြင်းထန်ကြောင်း နှင့် ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်းသိရသည်။
▪️ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖို့ဖရာဒေသအတွင်းရှိဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
▪️ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၂ဦး ကို ဆေးကုသမှုခံယူစေပြီးပါက ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတွင်ဖေါ်ပြထားသည်။

#YMG/LW #Yangon_Times
#World_News
Published 08 May 2024
▪️ တစ်တော့(TikTok)နဲ့ တရုတ်မူရင်းကုမ္ပဏီ ByteDance တို့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားတဲ့ ဥပဒေတစ်ရပ်ကို ကန့်ကွက်ရန်အတွက် အမေရိကန် ဖက်ဒရယ်တရားရုံးမှာ အင်္ဂါနေ့က တရားစွဲဆိုလိုက်ပါတယ်။
▪️ ထိုဥပဒေဟာ အမေရိကန် နိုင်ငံသား သန်း ၁၇၀ ခန့် အသုံးပြုနေတဲ့ တစ်တော့အက်ပ်လီကေးရှင်းကို ရောင်းချခြင်း ဒါမှမဟုတ် ပိတ်ပင်ခြင်းပြုလုပ်မယ့် ဥပဒေ ဖြစ်ပါတယ်။
▪️ အဆိုပါ ကုမ္ပဏီတွေက ကိုလံဘီယာခရိုင် အမေရိကန် အယူခံဝင်ရေး တရားရုံးမှာ တရားစွဲဆိုချက်များကို တင်ပြခဲ့ပြီး ထိုဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်ရေး ပထမပြင်ဆင်ချက် အပါအဝင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဧပြီ ၂၄ ရက်နေ့က ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေဟာ တစ်တော့ကို ရောင်းချရန် ဒါမှမဟုတ် ပိတ်ပင်သွားရန် ByteDance ကို ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်မီအထိ အချိန်ပေးထားပါတယ်။
▪️ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုကြတဲ့ ဆိုရှယ်အက်ပ်တစ်ခုကို အမည်တပ်ပြီး နိုင်ငံတဝှမ်း ရာသက်ပန်ပိတ်ပင်လိုက်တဲ့ ဥပဒေကို ပြဌာန်းလိုက်တာ ဒါပထမဆုံး မြင်ဖူးတာပါပဲလို့ တရားစွဲဆိုချက်တွေမှာ ဖော်ပြထားပါတယ်။
▪️ တစ်တော့အနေနဲ့ အမေရိကန်မှာ ပိတ်သိမ်းခြင်း မခံရဖို့ အခုနောက်ဆုံး တရားစွဲဆိုလာတာဖြစ်ပါတယ်။
▪️ ဒီအချိန်မှာ Snap နဲ့ Meta တို့ကတော့ တစ်တော့ရဲ့ နိုင်ငံရေးမရေရာခြင်းကို အခွင့်ကောင်းယူကာ ကြော်ငြာခတွေ ရရှိဖို့ ကြိုးပမ်းလာပါတယ်။
▪️ တရုတ်က တစ်တော့အက်ပ်ကို အသုံးပြုပြီး အမေရိကန်များထံမှ အချက်အလက်များ ရယူခြင်း၊ လျှို့ဝှက်စုံစမ်းခြင်းများ ပြုလုပ်မှာကို အမေရိကန် လွှတ်တော်အမတ်များ စိုးရိမ်နေကြသဖြင့် ဥပဒေကြမ်း အဆိုပြုပြီး ရက်သတ္တပတ်အကြာမှာပဲ မဲအပြတ်အသတ်ဖြင့် ကွန်ဂရက်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
▪️ တစ်တော့ကတော့ အမေရိကန်တွေရဲ့ အချက်အလက်တွေကို အသုံးပြုမျှဝေခြင်း မရှိဘူးလို့ ငြင်းဆန်လိုက်ကာ အမေရိကန် လွှတ်တော်အမတ်တွေကို စွပ်စွဲလိုက်ပါတယ်။
▪️ ထိုကဲ့သို့ အက်ပ်တွေကနေ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ပြဿနာဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းက ဥပဒေရေးရာဖြင့်သာ ဖြစ်ကြောင်း၊ ByteDance အနေနဲ့ ရောင်းချဖို့အစီအစဥ် စတင်သင့်ပြီဖြစ်ကြောင်း တရုတ်ပြည်ဆိုင်ရာ အောက်လွှတ်တော်ကော်မတီ ထိပ်သီးဒီမိုကရက်တစ်ဦးဖြစ်တဲ့ ရာဂျာခရစ်ရှ်နာမူအာသီက ပြောပြသွားပါတယ်။
▪️ အမေရိကန်မှာ တစ်တော့အောင်မြင်ရခြင်းရဲ့ အဓိကအချက်ဖြစ်တဲ့ ByteDance ကို အတင်းရောင်းချခြင်းမျိုး တရုတ်အစိုးရက ခွင့်မပြုနိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း အသိပေးထားကြောင်း တရားစွဲဆိုချက်မှာ ပါဝင်ပါတယ်။
▪️ တရုတ်ပြည်မှာ နိုင်ငံတော်လုံခြုံရေး ကာကွယ်တဲ့အနေနဲ့ Meta ရဲ့ WhatsApp နဲ့ Threads တို့ကို ဖယ်ရှားရန် တရုတ်က အမိန့်ပေးထားပါတယ်။
#Source: Reuters
#Local_News
Published_08 May 2024
▪️ မေလ ၁ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားသည့် အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာ ကို မေလ၇ရက်က ပြန်လည်ခွင့်ပြုသော်လည်း အသက်၂၃နှစ်မှ ၃၁နှစ်အထိ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်မရရှိသေးကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်ပေးသည့်လိုင်စင်ရအေဂျင်စီများထံက သိရသည်။
▪️ ဧပြီ ၃၀ရက်က အလုပ်သမားဝန်ကြီးနှင့် အေဂျင်စီများ တွေ့ဆုံရာတွင် ယခင်ခွင့်ပြုထားသည့် အလုပ်ခေါ်စာများကို စေလွှတ်ခွင့်ပြုထားပြီး မေ၁ရက်ကစပြီး အမျိုးသားလုပ်သားများကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်ကာ အလုပ်ခေါ်စာအသစ်တွေကို လက်ခံမှုကို ယာယီရပ်ထားမည်ဟု နှုတ်ဖြင့်ပြောကြားခဲ့ရာမှ တပတ်အကြာတွင်ခေါ်စာ အသစ်များ ပြန်လည်တင်ခွင့်ပြု ကြောင်းသိရသည်။
▪️" အလုပ်ခေါ်စာ အသစ်တွေ တင်လို့ရတယ်။ ဒါပေမယ့် ထိုင်း အတွက် စာချုပ်ချုပ်ခွင့် တင်ထားတဲ့ အေဂျင်စီတွေကိုတော့ အလုပ်သမားဝန်ကြီးဌာနက အီးမေးကနေပေးပို့တဲ့ အကြောင်းကြားစာမှာ အမျိုးသား အသက် ၂၃နှစ်ကနေ၃၁နှစ် အထိ ကို စာချုပ်ချုပ်ခွင့်မပြုဘူး ဒါကြောင့် စာချုပ်ချုပ်ဖို့ တင်ထားတဲ့ လူစာရင်းကို ပြန်လည်ပြင်ဆင်ပြီးဌာနကို ပြန်ပို့ပေးပါလို့ အီးမေးကနေတစ်ဆင့် အကြောင်းကြားလာတယ်"ဟုလိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ယခုကဲ့သို့ အမျိုးသားများ ပြည်ပအလုပ်ထွက်လုပ်ရန် အသက်ကန့်သက်ချက်မှာ ထိုင်းနိုင်ငံအတွက်သာ အကြောင်းကြားလာပြီး အခြားနိုင်ငံများ ပါ ပါရှိခြင်း ရှိမရှိကိုတော့ မသိရှိရသေးကြောင်း ယင်းကဆက်လက်ပြောကြားသည်။
▪️ အဆိုပါ အကြောင်းရာနှင့်ပက်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူ ကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။
▪️ ထိုင်းနိုင်ငံသို့လုပ်သား ပို့ဆောင်ရန် အတွက် စာချုပ်ချုပ်ခွင့်တောင်းဆိုထားသည့် လိုင်စင်ရအေဂျင်စီများ အနေဖြင့် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်အတွက် အသက်ကန့်သက်လိုက်သဖြင့် အလုပ်သမားရှာဖွေရာတွင်အခက်ခဲများ ဖြစ်စေကြောင်း သိရသည်။
#YMG/LW #Yangon_Times
Page 665 of 1924