ထရမ့်က အီလွန်မတ်စ်နှင့် ရာမာဆွာမိတို့ကို အမေရိကန်အစိုးရအုပ်ချုပ်မှုယန္တယားအား အကြီး      အကျယ် ပြုပြင်ပြောင်းလဲမည့်  အစိုးရစွမ်းရည်ဌာနအသစ်ကို ဦးဆောင်ရန်ခန့်အပ်

၁၃ နိုဝင်ဘာ ၂၀၂၄

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်နှင့် ရီပတ်ဘလီကန်သမ္မတလောင်းဖြစ်ခဲ့သူ ဗီဗက် ရာမာဆွာမိတို့ကို အစိုးရစွမ်းရည်ဌာနကို ဦးဆောင်ခိုင်းမယ်လို့ အင်္ဂါနေ့က ပြောပါတယ်။ အစိုးရစွမ်းရည် ဌာနဟာ အမည်ကတော့ အစိုးရဝန်ကြီးဌာနတစ်ခုနှင့်တူပေမယ့် အစိုးရဌာနတစ်ခုတော့မဟုတ်ပါဘူး။

အတိုကောက်အားဖြင့် “DOGE” လို့အမည်ပေးထားတဲ့ အဲဒီဌာနကို အီလွန်မတ်စ်နှင့် ရာမာဆွာမိတို့က  အစိုးရရဲ့ အပြင်ဘက်ကနေ အလုပ်လုပ်ပေးလိမ့်မှာဖြစ်ပြီး အိမ်ဖြူတော်ကို လိုအပ်တဲ့ အကြံဉာဏ်တွေနှင့်ါ လမ်းညွှန်မှုတွေပြုသွားမယ်လို့ ထရမ့်ကပြောပါတယ်။

အိမ်ဖြူတော်က စီမံခန့်ခွဲရေးနှင့်ဘတ်ဂျက်ရုံးနှင့်အတူ သူတို့နှစ်ယောက်အတူတကွ အလုပ်လုပ်ကြမှာ ဖြစ်ပြီး  ကြီးမားတဲ့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်ကြမှာဖြစ်တယ်လို့ ထရမ့်က ဆက်ပြော ပါတယ်။တစ်ခါမှ မမြင်ဖူးတဲ့ အစိုးရတစ်ခုအဖြစ် စီးပွားရေးစွမ်းဆောင်ရည်ချည်းကပ်မှုဖြင့် ဖန်တီးမှာလို့ လည်းဆိုပါတယ်။ အဲသလိုပြောင်းလဲမှုက အစိုးရစနစ်တွေကို တုန်လှုပ်စေလိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။

“ အစိုးရစွမ်းဆောင်ရည်ဌာန။ ဒီမိုကရေစီကိုခြိမ်းခြောက်တာလား ။မဟုတ်ဘူး။ ဗျူရိုကရေစီကို ခြိမ်းခြောက်တာ” လို့ မတ်စ်က သူ့ရဲ့ X ပလက်ဖောင်းကနေ ပို့စ်ရေးတင်ပါတယ်။

“ အဲဒီပုဂ္ဂိုလ်နှစ်ဦးဟာ ကျွန်တော့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို အစိုးရဗျူရိုကရေစီဖျက်သိမ်းဖို့ လမ်းပြခေါ်ဆောင်သွားလိမ့်မယ်။ ဥပဒေစည်းမျည်းအပိုတွေ ဖျက်ပစ်မယ်။ အလဟဿအသုံးတွေ ဖြတ်တောက်ပစ်မယ်။ ဖက်ဒရယ်ဝန်ကြီးဌာနတွေကို အသွင်ပြောင်းပစ်မယ်” လို့ သတင်းထုတ်ပြန်    ချက်မှာ ပြောဆိုထားပါတယ်။

Source AP