#Local_News
Published 8 November 2024

▪️ မော်လမြိုင်မြို့၊ရိုးဂိုး‌ကျေးရွာရှိ မင်းသန့် စက်သုံးဆီဆိုင်တွင် ဆီဘောက်ဆာယာဉ် တစ်စီးမီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးပြီး ၂၂‌ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

▪️ နိုဝင်ဘာ ၇ ရက်နေ့၊ ညနေ ၅နာရီ ၂၀ အချိန်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာတွင် မင်းသန့်စက်သုံးဆီဆိုင်၌ ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ " မင်းသန့်ဆီဆိုင်မှာ ဆီဘောက်ဆာကားက ဆီချရင်းနဲ့ မီးလောင်တာပါ ၊မီးလောင်မှုကြောင့် ဆိုင်ရှင်နဲ့ ကားသမား ဒဏ်ရာရတယ် ၊အခုမနက် ၅နာရီ‌ ကျော်မှာတော့ ကားသမား ‌ဆုံးသွားပါပြီ၊ ဆိုင်ရှင်က တစ်ဦး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ် ၊  နောက် မီးသတ်တပ်ဖွဲ့ဝင် (၉)ဦးမီး‌ လောင်ဒဏ်ရာ တွေ ရရှိခဲ့တယ်၊  မီးသတ် ရာထူးက သုံးပွင့် တစ်ယောက် ၊နှစ်ပွင့် ၁ယောက်၊တစ်ပွင့်တစ်ယောက် ၊ကျန်တာအခြားအဆင့်ပေါ့ ၊စုစုပေါင်း ကိုးဦးဒဏ်ရာရခဲ့တယ် ၊လူမှုကူညီရေးအဖွဲ့တွေက ငါး ဖွဲ့က ၁၂ဦးဒဏ်ရာရခဲ့တယ် ၊ စိုးရိမ်ရတာက ကျွန်တော့အဖွဲ့က ကလေး နှစ်ဦး စိုးရိမ်ရတယ်၊ မီးလောင်ဒဏ်ရာရရှိသူ ‌တွေ ခုမနက်အထိ မော်လမြိုင်ဆေးရုံကြီးမှာ  ဆေးကုသမှုခံယူနေကြပါတယ်" ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဘိုဘိုဝင်း ကရန်ကုန်မီဒီယာဂရုသို့ပြောသည်။

▪️ အဆိုပါ မီးလောင်မှု ဖြစ်စဉ် သတင်းရရှိသဖြင့် မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ မီးသတ်ရေသယ်ယာဉ်(၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ်(၄)စီး တို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ  ၁၄မိနစ် အချိန်တွင်မီးထိန်းပြီး ၉နာရီ  ၅၅မိနစ် အချိန်တွင်  မီးငြိမ်းခဲ့ကြောင်းသိရသည်။

▪️ ယင်းဖြစ်စဉ်ကြောင့်   ဆီဆိုင်ပိုင်ရှင်အပါအဝင် ဒဏ်ရာရရှိသူ ၂၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သောကြောင့် မော်လမြိုင်ဆေးရုံကြီးသို့အရေးပေါ် တင်ပို့ခဲ့ရာ ယနေ့မနက် ၅နာရီ အချိန်၌ ဆီဘောက်ဆာယာဉ်မောင်း  ‌ေ-သဆုံးကာ  စိုးရိမ်ရသူ သုံးဦးရှိနေကြောင်း သိရသည်။

#YMG/NN #Yangon_Times