#Local_News
Published 8 November 2024

▪️ ရန်ကုန်-ပြည်လမ်းပေါ်၌ ရပ်ထားသည့် (၆)ဘီးကုန်တင်ယာဉ်ကို  မီနီအိုးဝေမှ အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မှုတစ်ခု ယမာန်နေ့ညသန်းခေါင်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ နိုဝင်ဘာ၇ ရက်နေ့ ည  ၁၁နာရီ  ၃၄မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာဂွကျေးရွာ၊ ရန်ကုန်- ပြည်လမ်းပေါ်တွင် ရပ်ထားသော(၆)ဘီးကုန်တင်ယာဉ်အား မီနီအိုးဝေမှ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်ခဲ့ကြောင်းသိရသည်။

▪️ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလူ(၂)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

▪️ ထိုသို့ ဆောင်ရွက်ခဲ့ရာ ည၁၁နာရီ ၅၉ မိနစ်အချိန်တွင် ယာဉ်ပေါ်ပါကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) တို့အား မိုးစေတနာပရဟိတ လူနာတင်ယာဉ်နှင့်နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်း လူနာတင်ယာဉ်တို့ဖြင့် တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ ကြောင်းသိရသည်။

#YMG/NN #Yangon_Times