#Local_News
Published_12 Nov 2024
▪️ ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲ ကို နိုဝင်ဘာလ ၁၇ရက် နှင့် ၁၈ရက်တို့တွင် ရန်ကုန်မြို့၊ကမ္ဘာအေးဘုရားလမ်းရှိ ဆီဒိုးနားဟိုတယ်တွင် နံနက်၉နာရီမှညနေ၄ နာရီထိ ဝင်ကြေးအခမဲ့ဖြင့်ကျင်းသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းပြပွဲကိုထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း၊ Association of Myanmar Alumni from Universities in Thailand (AMAUT)မှကြီးမှူး၍ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိနိုင်ငံတကာအဆင့်မီ နာမည်ကျော်တက္က ိုလ်(၂၉)မှ တက္ကသိုလ်များပါဝင်မည် ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲအတွင်းမြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့်တက္ကသိုလ်၊ကောလိပ်များ၊ပညာရေးအဖွဲ့အစည်းများ၏ကိုယ်စားလှယ်များထံမှသတင်းအချက်အလက်များကိုတစ်နေရာတည်းတွင် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုနှစ် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲမှာ မြန်မာနိုင်ငံ ၈ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ကြောင်း ၊ယင်းတွင် မြန်မာကျောင်းသား၊ကျောင်းသူများအနေဖြင့် ယင်းတက္ကသိုလ်များနှင့် တိုက်ရိုက်ကွန်ရက်များချိတ် ဆက်နိုင် မည်ဖြစ်ပြီးတိုက်ရိုက်ဆွေး နွေးမှုများပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
▪️ ပါဝင်ပြသကြမည့် ကျောင်းများမှာ ထိုင်းနိုင်ငံရှိနိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်ကြသော Mahanakorn University of Technology International College (MUTIC)၊Bangkok University၊Assumption University ၊ Thai-Nichi International College (TNIC)၊ North Bangkok University၊Siam Business Administration Technological၊ Burapha University International College (BUUIC)၊Raffles International College ၊ IRPC Technological College ၊Asian Institute of Hospitality Management (AIHM)၊Southeast Bangkok University (SBU) ၊The University of the Thai Chamber of Commerce (UTCC)၊Krirk University ၊North Chiang Mai University၊Khon Kaen University၊ Khon Kaen University International College၊Stamford International University၊ Thammasat Business School, Thammasat University၊ The Office of International Affairs, Thammasat University၊The Faculty of Economics, Pridi Banomyong International College & School of Global Studies, Thammasat University Thammasat School of Engineering၊Silpakorn University International College၊Asian Institute of Technology (AIT)၊International Hotel and Tourism Industry Management School (I-Tim)၊Dhurakij Pundit University (DPU)၊Panyapiwat Institute of Management (PIM)၊Faculty of Engineering at Sriracha၊ Kasetsart University Sriracha Campus၊ Suan Sunandha Rajabhat University (SSRU)၊London Universities at Bangkok Center(LUBC) တို့ ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times