#World_News
Published 11 November 2024

▪️ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောဆိုခဲ့ကာ ယူကရိန်းစစ်ပွဲ အခြေအနေ တင်းမာအောင် မလုပ်ရန် အကြံပေးလိုက်ကြောင်း သတင်းရင်းမြစ်တစ်ခုက တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။

▪️ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကတော့ ယူကရိန်းကို မစွန့်လွှတ်ရန် ထရမ့်ကို တိုက်တွန်းဖို့ ကြိုးစားနေပါတယ်။

▪️ ထရမ့်က ပူတင်နဲ့ ပြီးခဲ့တဲ့ရက်များအတွင်း ပြောဆိုခဲ့တာဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီနဲ့လည်း ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့ပါတယ်။

▪️ ယူကရိန်းအတွက် အမေရိကန်မှ စစ်ရေးနဲ့ ဘဏ္ဍာရေးထောက်ပံ့မှုပေးတဲ့ အတိုင်းအတာကို ထရမ့်က ဝေဖန်လိုက်ပြီး စစ်ပွဲမြန်မြန်အဆုံးသတ်ရန် ကတိပြုလိုက်ပါတယ်။

▪️ ထရမ့်နဲ့ ပူတင်တို့ ခေါ်ဆိုပြောကြားမှုအကြောင်း မသိရဘူးလို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ကာ ထောက်ခံလား ကန့်ကွက်မှာလားဆိုတာ မသိရပါဘူး။

▪️ ဒီဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်ပြီး ဝါရှင်တန်ရှိ ရုရှားသံရုံးက ဘာမှမပြောသေးပါဘူး။
ထရမ့်ဟာ သမ္မတရွေးကောက်ပွဲမှာ ဒုသမ္မတ ကာမယ်လာဟားရစ်ကို အနိုင်ရပြီးနောက် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတတာဝန် စတင်ထမ်းဆောင်မှာ ဖြစ်ပါတယ်။

▪️ ဘိုင်ဒင်က ထရမ့်ကို အိုဗယ်ရုံးခန်းသို့ လာရောက်ရန် ဖိတ်ခေါ်ထားတယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

▪️ အမေရိကန်အနေနဲ့ ယူကရိန်းအရေးကနေ ရှောင်ဖယ်မသွားသင့်တဲ့ အကြောင်းကို နောက်တာဝန်ယူမယ့် အစိုးရအဖွဲ့နဲ့ လွှတ်တော်ထံ တင်ပြဖို့ ဘိုင်ဒင်အနေနဲ့ ရက် ၇၀ လောက် အချိန်ရသေးကြောင်း၊ ယူကရိန်းကို လက်လွှတ်လိုက်ရင် ဥရောပမှာ မတည်ငြိမ်မှုတွေ ပိုဖြစ်လာနိုင်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျိတ်ခ်ဆာလီဗန်က CBS News ကို ပြောသွားပါတယ်။

▪️ ဘိုင်ဒင်သမ္မတရာထူး ပြီးဆုံးသွားသည့်တိုင်အောင် ယူကရိန်းအတွက် အကူအညီတွေ လိုအပ်နေဦးမယ်ဆိုတာကို တင်ပြသွားမှာဖြစ်ပါတယ်။

▪️ ထရမ့်က ယင်းသာ သမ္မတဖြစ်နေပါက ပူတင်ဟာ ယူကရိန်းကို ဘယ်တော့မှ ကျူးကျော်မှာ မဟုတ်ဘူးလို့ ယမန်နှစ်က ပြောထားပါတယ်။

▪️ ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရန် နယ်မြေအချို့ ပေးအပ်ဖို့လိုတယ်လို့ ထရမ့်က ပြောဆိုလိုက်ကာ ယူကရိန်းတွေက ငြင်းပယ်ထားသလို ဘိုင်ဒင်ကလည်း ထိုကဲ့သို့ အကြံမပြုထားပါဘူး။

Source: Reuters