#World_Health
Published 11 November 2024

▪️ အသီးတွေ အရွက်တွေ နေ့စဉ်စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေတဲ့အပြင် အသီးလိုက်စားခြင်၊ ဖျော်ရည်လုပ်သောက်ခြင်းတို့က အကျိုးကျေးဇူး ကွဲပြားနိုင်တာကို သိရှိထားရပါမယ်။

▪️ အသီးအနှံတွေမှာ အမျှင်ဓာတ်၊ ဗိုက်တာမင်၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး ခန္ဓာကိုယ် လုပ်ဆောင်ချက် အမျိုးမျိုးအတွက် အရေးပါပါတယ်။

▪️ အသီးလိုက်စားသုံးခြင်းက ဖျော်ရည်လုပ်သောက်တာထက် ပိုပြီးအာနိသင်များစေတဲ့ အကြောင်းအရင်းများကို ဖော်ပြလိုက်ပါတယ်။

▪️ (၁) အမျှင်ဓာတ်ပါဝင်မှု အသီးလိုက်အနေအထားမှာ အမျှင်ဓာတ်ပါဝင်ပြီး အစာခြေခြင်း၊ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်း၊ ဗိုက်ပြည့်ခြင်းတို့ ပေးစွမ်းနိုင်ကာ အူလမ်းကြောင်း ကျန်းမာရေး ကောင်းမွန်စေပါတယ်။

▪️ (၂) ကိုယ်အလေးချိန်ထိန်းပေးခြင်း အသီးလိုက်စားသုံးခြင်းဖြင့် ဗိုက်ပြည့်ဝနေစေတာကြောင့် အလွန်အကျွံ အစားစားမိခြင်းမှ ကာကွယ်ပေးပါတယ်။

▪️ (၃) သဘာဝသကြားဓာတ် ထိန်းပေးခြင်း အမျှင်ဓာတ်က သွေးထဲသို့ သကြားရောက်ရှိမှု နှေးစေပြီး အသီးဖျော်ရည်လိုမျိုး သွေးတွင်းသကြားဓာတ် မမြင့်တက်စေပါဘူး။

▪️ (၄) အာဟာရဓာတ်များစွာ ရရှိခြင်း အသီးလိုက်စားခြင်းဖြင့် အာဟာရဓာတ်အပြည့် ရရှိစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပြည့်ဝနေပါတယ်။

▪️ (၅) ဖိုင်တိုဓာတုအာနိသင်ရှိခြင်း အသီးအနှံတွေရဲ့ အခွံနဲ့ အသားတို့မှာ ဓာတ်တိုးဆန့်ကျင်ခြင်းနဲ့ ရောင်ရမ်းဆန့်ကျင်ခြင်း အာနိသင်များ ပါဝင်ပါတယ်။

▪️ အရွက်ကို ဖျော်ရည်လုပ်သောက်မယ်ဆိုရင်တော့ အခြားနည်းလမ်းတွေနဲ့ ကျန်းမာရေး ထောက်ပံ့နိုင်ပါသေးတယ်။
- ကယ်လိုရီနည်းပါးပြီး အာဟာရဓာတ်ကြွယ်ဝခြင်း
- အစာကြေစေခြင်း
- တစ်ရွက်ခြင်းစားတာထက် ပိုမိုစားသုံးစေခြင်း
- အယ်လ်ကာလိုင်းဓာတ် ပေးစွမ်းသဖြင့် pH ထိန်းညှိပေးခြင်း
- ရေဓာတ်ဖြည့်ပေးခြင်းတို့ ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် အသီးလိုက်စားခြင်းရော ဖျော်ရည်လုပ်သောက်ခြင်းကပါ ကျန်းမာရေးအတွက် ထိရောက်စေပါတယ်။
Source: DoctorNDTV.