#Local_News
Published 10 December 2023
ရန်ကုန်-မော်လမြိုင် ကားလမ်း သင်းထော်ကွေ့ တွင် စက်သုံးဆီ သယ်ဆောင်သည့် ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀နာရီ ခန့်ကမွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သင်းထော်ကွေ့တွင် ဆီသယ်ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိမ်းမှောက် ကြောင်း သတင်းရရှိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ကျိုက္ကော်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးလောင်မှုမဖြစ်ပွားစေရေး အအေးပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ယမန့်နေ့က လည်း မန္တလေးတိုင်း ကျောက်ဆည်မြို့ရှောင် လမ်းတွင် စက်သုံးဆီ သယ်ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကာ ပဲခူးမြို့ရှောင်လမ်း တွင်လည်း စက်သုံးဆီသယ်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ခဲ့ကြောင်းသိရသည်။
#Local_News #ရန်ကုန်-မော်လမြိုင်ကားလမ်း #ဆီသယ်ယာဉ်တစ်စီးတိမ်းမှောက် #YMG/NN #Yangon Times
#Local_News
Published 10 December 2023
မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ရေခဲသေတ္တာ(၁၅၁)လုံးအပါအဝင် တရားမဝင်ပစ္စည်းမျာသိမ်းဆည်းရမိပြီး ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှသိရသည်။
ဒီဇင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Glacier Two Door ရေခဲသေတ္တာ ၁၅၁ လုံး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂၆၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
ထို့အတူ ဒီဇင်ဘာ ၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ လိုင်စင်မဲ့ Faw ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ခဲ့သည်ဟုဖော်ပြထားသည်။
ဒီဇင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲနှစ်မှု(ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၄၆၅၀၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
#Local_News #ရေခဲသေတ္တာ(၁၅၁) လုံး #Fawကားတစ်စီး #တရားမဝင်ပစ္စည်းများသိမ်း ဆည်းရမိ
#tthl #Yangon_Time
#Local_News
Published 10 December 2023
မိုးပျံ ဆောက်လုပ်ဆဲတံတားပေါ်မှပြုတ်ကျပြီးသေဆုံးသူမြန်မာအလုပ်သမားအား ဒီဇင်ဘာ၁၀၌ မလေးရှားနိုင်ငံ၌ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်းမြန်မာလူမူကူညီရေးအသင်း (မလေးရှား)သိရသည်။
ဖြစ်စဉ်မှာပဲခူးတိုင်း ဇောင်းတူမြို့နယ် ဇီးတောကျေးရွာမှ မလေးရှားနိူင်ငံ ကွာလာလမ်ပူမြို့လာရောက်အလုပ်လုပ်ကိုင်သည့် (ကိုစည်သူဟိန်း)(၂၃)-နှစ်သည်နိုဝင်ဘာ၃၀ ရက်နေ့ ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ်လုပ်ကိုင်နေစဉ် မိုးပျံတံတားသံချောင်းများအား ဝရိန်ဆော်ခိုက် အက်စီးဒင့်ဖြစ်ကာ ဆောက်လက်စ တံတားပေါ်မှ. ပြုတ်ကျပြီး ကွာလာလမ်ပူမြို့ဆေးရုံကြီးမြို့တွင် သေဆုံးခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ယနေ့နံနက်ပိုင်း၌ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ချဲရပ်သုသန် ဂျလန်ကွာလီတွင် ရှိသော မီးသဂြိုလ်စက်တွင်သဂြိုလ်ခဲ့ရာ မြန်မာသံရုံး(မလေးရှား)၏ အလုပ်သမားရေးရာသံအရာရှိများ နှင့် မြန်မာနိူင်ငံသားများမှ ကူညီပို့ဆောင်သဂြိုလ်ပေးခဲ့ကြောင်းသိရသည်။
#Local_News #မိုးပျံဆောက်လုပ်ဆဲတံတား #ပြုတ်ကျပြီးသေဆုံး#YMG/NN #Yangon_Times
#Local_News
Published 10 December 2023
မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၆ လက်ကျန်ပွဲစဉ် ၌ မဟာယူနိုက်တက်အသင်းမှ ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရခဲ့ကြောင်းသိရသည်။
အဆိုပါ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၁၆ လက်ကျန်ပွဲစဉ် ကိုရန်ကုန်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယနေ့ညနေ ၄ နာရီ ၌သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်းပြီးဆုံးချိန်မှာ မဟာယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို တစ်ဂိုး ဂိုးမရိြှဖင့် ဦးဆောင်ခဲ့ပြီး ပွဲပြီးချိန်အထိ တစ်ဂိုးဂိုးမရှိနှင့်အနိုင်ရခဲ့ကြောင်း သိရသည်။
'မဟာယူနိုက်တက်အသင်းအတွက်ဉီးဆောင်ဂိုးကို ကွင်းလယ်ကစားသမား အောင်လှိုင်ဝင်းကပင်နတီမှတစ်ဆင့် ပွဲကစားချိန် ၃၄မိနစ်မှာသွင်းယူပေးခဲ့ပါတယ်'ဟု မဟာယူနိုက်တက်အသင်းကပြောကြားထားသည်။
ယင်း ပွဲစဉ်ကို Myanmar National League Youtube Channel ၊SKY NET SPORTS 4 ၊ SKY NET SPORTS HD နှင့် CHANNEL 9 HD ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့် ပြသပေးခဲ့ခြင်းဖြစ်သည်။
မဟာယူနိုက်တက်အသင်းနှင့် ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၂၀ ပွဲကစား၊ ၁၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ်၅၀ နှင့်အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး မဟာယူနိုက်တက် အသင်းသည် ၂၀ ပွဲကစား၊ ၆ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နှင့် အဆင့် ၉ နေရာတွင်ရပ်တည်နေကြောင်းသိရသည်။
#Local_News #မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် #မဟာယူနိုက်တက်အသင်း #တစ်ဂိုးဂိုးမရှိဖြင့်အနိုင်ရ
#YMG NN #Yangon -Times
၁၀ ဒီဇင်ဘာ ၂၀၂၃
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် တနင်္လာနေ့မှစကာ မောင်းသူမဲ့ အလိုလိုမောင်းနှင်ပေးသည့် ညကြီးပိုင်းဘတ်စ်ကားများ စတင်ပြေးဆွဲ လျက်ရှိနေပါတယ်။ ဒါဟာ မီဂါမြို့တော်ကြီးမှာ အလိုအလျောက်ယာဉ်များသွားလာမှု တစ်ဆင့်တက်လှမ်းလိုက်တာဖြစ်ပါတယ်။
ရှေ့ပြေးအစီအစဉ်အရ လောလောဆယ်တော့ မောင်းသူမဲ့ဘတ်စ်ကားနှစ်စီးနှင့်စတင်ပြေးဆွဲနေပြီး လမ်းကြောင်းမှာ ဘတ်စ်ကားမှတ်တိုင်ပေါင်း ၄၀ ရှိပါတယ်။ ဒွန်ဒေးမွန်နှင့် ဟွန်ဒေးတို့လို ဆိုးလ်မြို့တော်ရဲ့ အစည်ကားဆုံးရပ်ကွက်တွေကို ယခုဘတ်စ် လိုင်းက ၉.၈ ကီလိုမီတာ ခရီးရှိတဲ့လမ်းကြောင်းနှင့် ချိတ်ဆက်ပေးတာဖြစ်ပါတယ်။ အဲဒီဘတ်စ်ကားတွေကို ည ၁၁နာရီခွဲမှ မနက် ၅နာရီ ၁၀မိနစ်အထိပြေးဆွဲနေပြီး ခရီးသည်တွေအားလုံးထိုင်ခုံခါးပတ်ပတ်ပြီးစီးနင်းဖို့လိုအပ်ပါတယ်။ မတ်တပ်ရပ်ခရီးသည်ကိုလည်း ခွင့်မပြုပါဘူး။
ကားစီးရတာညင်သာတယ်လို့ ခရီးသည်တော်တော်များများက သတိပြုပြောဆိုကြပေမယ့် အချို့သော အခြေအနေတွေမှာ အန္တရာယ် တစ်ခုခုဖြစ်မှာကိုတော့ စိတ်ပူနေကြပါတယ်။
“ ရာသီဥတုက ဒီနေ့သာယာတယ်။ အဲဒါကြောင့် သက်သောင့်သက်သာတော့ အတော်ရှိပါတယ်။ ဒါပေမယ့် ဆိုးရွားတဲ့ရာသီဥတုအောက်မှာ ဒီဘတ်စ်ကားတွေ ချောချောမွေ့မွေ့မောင်းနိုင်ပါ့မလားဆိုတာတော့စိတ်ပူမိတယ်” လို့ ခရီးသည်တစ်ဦးကပြောပါတယ်။
မောင်းသူမဲ့အလိုအလျောက်မောင်းယာဉ်တစ်စီးမှာ ဘေးကင်းရှင်းရေးဆိုင်ရာ အရာရှိနှစ်ဦးအနည်းဆုံးလိုက်ပါရပြီး အဲဒီသူတွေဟာ ခရီးသည် တွေဘေးကင်းရှင်းရေးအတွက် ယာဉ်မောင်းနှင်နေမှုကို အမြဲစောင့်ကြည်ကြည့်ရှုရမှာဖြစ်ပြီး အန္တရာယ်မဖြစ်ခင် ကြိုတင်တုန့်ပြန်မှုလုပ်ရမယ် လို့တော့ တောင်ကိုရီးယားနိုင်ငံ မြေယာ၊အခြေခံအဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက စည်းမျဉ်းတွေချမှတ်ထားပါတယ်။
လက်ရှိ ရှေ့ပြေးအစီအစဉ်အရ ညကြီးပိုင်းဘတ်စ်ကားမှာ ခရီးသည်တွေအားလုံးကို အခမဲ့စီးနင်းခွင့်ပြုထားပြီး မြို့အာဏာပိုင်တွေက ဘတ်စ်ကားခပေးစီးနင်းရမယ့်အစီအစဉ်နှင့်လမ်းကြောင်းတွေတိုးချဲ့ဖို့ ကို လာမယ့် နှစ်ပထမခြောက်လတာအတွင်း အကောင်အထည်ဖော်ဖို့ စဉ်းစားနေကြပါတယ်။
Source CCYV
"EVကားတွေ ဒီရက်ပိုင်းကို Instock ပြတ်သွားတဲ့အထိကို ရောင်းရတယ်" (ကိုမိုး အနုပညာ) car sale center
ပိုင်ရှင် ဦးမိုးကျော်သူ
#Local_News
Published 10 December 2023
#စက်သုံးဆီအခက်အခဲ #EVကားInstockပြတ်
#YMG/NN #Yangon_Times
#LocaL_News
Published 10 December 2023
နိုဝင်ဘာလတစ်လအတွင်းလောင်းကစားမှု ၁၆၀ကျော်ဖမ်းဆီးရမိပြီး ရန်ကုန်မှအများဆုံးဖမ်းဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
အဆိုပါ လောင်းကစားမှု စီမံချက်ရေးဆွဲ ဖမ်းဆီးအရေးယူလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်း လောင်းကစားမှု (၁၆၇) မှုမှ တရားခံ (၃၆၉) ဦးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိမှုများတွင် ရန်ကုန်မှ (၅၂) မှုဖြင့်အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်မှ (၂၇) မှုဖြင့်ဒုတိယ အများဆုံး ဖြစ်ကာ မန္တလေးမှ (၂၅) မှု၊ ဧရာဝတီမှ (၁၇) မှု၊ ပဲခူး၊ မကွေးနှင့် မွန်မှ (၁၂) မှုစီ၊ နေပြည်တော်မှ (၄) မှု၊ ကချင် နှင့် တနင်္သာရီတို့မှ (၂) မှုစီ၊ ကရင်၊ နှင့် ရခိုင်တို့မှ (၁)မှုစီ စုစုပေါင်း (၁၆၇) မှု ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ လောင်းကစားမှုမှ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းများမှာ လက်ကိုင်ဖုန်း (၁၀၉) လုံး၊ ဆိုင်ကယ် (၂၉) စီး၊ ကား (၅) စီး၊ လက်တော့ပ် (၄) လုံး၊ ဂိမ်းစက် (၇) လုံးနှင့် ထိုင်းငွေ ၆၂၁၀ ဘတ်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပြီး ဖမ်းဆီးရမိသည့် အမှုများမှာ နှစ်လုံးထီအမှု (၁၁၁) မှုမှ တရားခံ (၁၃၅) ဦးကို လောင်းကြေးငွေ ကျပ် ၁၄,၁၂၂,၅၀၀အပါအဝင် ချဲထီအမှု ၊ဖဲမှုနှင့်အခြားအမှု များစသည်ဖြင့် စုစုပေါင်း လောင်းကစားမှု (၁၆၇) ခုမှ ဖမ်းမိတရားခံ (၃၆၉) ဦးနှင့် ၁၉၆,၅ ၈၅,၉၀၂ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
#LocaL_News #လောင်းကစားမှု၁၆၀ကျော် #ရန်ကုန်မှအများဆုံးဖမ်းဆီးနိုင်ခဲ့ #YMG/NN #Yangon-Times
#LocaL_News
Published 10 December 2023
စက်သုံးဆီတစ်လပျမ်းမျှ မက်ထရစ်တန်၅သန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပြီး ယခုလအတွင်းလည်း ပြည်ပမှ ဆီတင် သင်္ဘော (၂၇) စီးထပ်မံတင်သွင်းရန် Suppliers များနှင့် ညှိနှိုင်းထားကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ပြည်တွင်း၌ စက်သုံးဆီ လက်ကျန် ပြတ်လပ်နေပြီဖြစ်ပြီး ဝယ်ယူရန် ခက်ခဲမှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ၄က ရှင်းလင်းချက်ထုတ်ပြန်စဉ် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းသုံးစွဲမှုပမာဏ၏၉၀ရာခိုင်နှုန်းကျော်မှာ စင်ကာပူနိုင်ငံမှ အဓိကအားဖြင့် အချိန်နှင့် တစ်ပြေးညီဝယ်ယူတင်သွင်းသိုလှောင်ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
'လက်ရှိအခြေ အနေမှာ တစ်လပျမ်းမျှ မက်ထရစ်တန် ၅ဒသမဝသန်းဝန်းကျင် တင်သွင်းဖြန့်ဖြူး ပေးနေပါတယ်။ လစဉ်ပြည်တွင်းမှာ ဖူလုံစွာသုံးစွဲနိုင်ဖို့လိုအပ်တဲ့ စက်သုံးဆီ အမျိုးအစားအလိုက် ပမာဏကိုတွက်ချက်ပြီး အဲဒီပမာဏအတိုင်း သင်္ဘောတွေကို ခန့်မှန်းရောက်ရှိလာမယ့်အချိန်၊ ဆိုက်ကပ်ရမယ့် Jetty တွေရဲ့ အခြေအနေ၊ Terminal တွေရဲ့ သိုလှောင်နိုင်မှုပမာဏ၊ ဘောက်ဆာတွေ ဝင်/ထွက်ထုတ်ယူဖြန့်ဖြူး ပေးနိုင်မှု အခြေအနေတို့နဲ့ ကိုက်ညှိပြီး ပြည်ပနိုင်ငံက ဆီတင်ယာဉ်သင်္ဘောတွေအတွက် Shipment Plan ကိုရေးဆွဲတင်သွင်းနေတာဖြစ်ပါတယ်။ ဒီအပြင် ရာသီအလိုက်၊ ပွဲတော်တွေအလိုက်၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ အလိုက်လိုအပ်ချက်တွေကိုလည်း ထည့်သွင်း သုံးသပ်ရေးဆွဲပြီးတင်သွင်းနေတာဖြစ်ပါတယ်'ဟု ၄င်းကဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ၈ရက်အထိသီလဝါသိုလှောင်ကန်စခန်းများ၊အခြားဒေသက သိုလှောင်ကန်စခန်းများ၌စက်သုံးဆီလက်ကျန်အခြေအနေဖြင့် ပြည်တွင်းးလမ်းခရီး သယ်ယူပို့ဆောင်နေမှုများ အပါအဝင် သီလဝါဒေသ Jetty များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၆ စီး၊ ပင်လယ်ဝ Pilot Station များတွင် ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော ၉ စီး၊ စင်္ကာပူနိုင်ငံမှ ဆီတင်ပြီးထွက်လာသည့် ဆီတင်သင်္ဘော ၁ စီး၊ စုစုပေါင်း ၁၆ စီးရှိသည့်အတွက် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေအနေဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်း သိရသည်။
'ဒီအပြင် နောက်ထပ်ဒီဇင်ဘာလအတွင်းမှာပဲ ပြည်ပက ဆီတင်သင်္ဘော ၂၇စီးနဲ့ ထပ်မံတင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီး လည်းဖြစ်ပါတယ်။'ဟုစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးက ပြောသည်။
ထို့အပြင် စက်သုံးဆီအဓိကဖြန့်ဖြူးပေးနေသည့် သီလဝါဆိပ်ကမ်းမှ သိုလှောင်ကန်စခန်း ၈ ခု၌ တစ်နေ့လျှင် ဘောက်ဆာအစီးရေ ၁၅၀၀မှ ၁၈၀၀ကြား ဝင်ထွက်ပြီးလုပ်ငန်းများဆောင်ရွက်နေသည့် အတွက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်းပြီးဖြေရှင်းဆောင်ရွက်ခြင်းများပြုလုပ်လျက်ရှိကြောင်းသိရသည်။
#LocaL_News #တင်သွင်းဖြန့်ဖြူး #ဆီတင်သင်္ဘော(၂၇) စီးထပ်မံတင်သွင်း #YMG/NN #Yangon-Times
#LocaL_News
Published 10 December 2023
ထိုင်းနိုင်ငံ နခေါစီထမ်မရတ်ခရိုင် ဘန်င်ခန်မြို့ လမ်နောင်ဝ်ကျေးရွာ အုပ်စု ၈ နယ်မြေရှိ ကားလမ်းပေါ်တွင် ဘန်ကောက်-ရနောင်းပြေးဆွဲနေသည့် အဝေးပြေးဘတ်စ်ကားပေါ်တွင် ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့်မြန်မာအလုပ်သမား များ အဖမ်းခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက်အရသိရသည်။
နယ်မြေစစ်ဆေးရေးဂိတ်မှ လုံခြုံရေး အဖွဲ့က အဆိုပါ ဘတ်စ်ကားကို စစ်ဆေးမှု ပြုလုပ်ရာ မှကားမောင်းသူအခန်းတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅ ဦး ခရီးသည်ထိုင်ခုံတွင် ၂ဦး စုစုပေါင်း ၇ ဦး ဖမ်းဆီး ခံခဲ့ရကြောင်း သိရသည်။
ထို့အတူ စုခ်စာမ်ရာစစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစီးတွေ့ရှိသဖြင့် စစ်ဆေးကြည့်ရာ ကားထဲတွင် တရားမဝင်မြန်မာအလုပ်သမား ၆ ဦးတို့ကိုတွေ့ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကိုခေါ်ဆောင်ပေးလာသည့် ကားသမာဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ယင်း ကားသမား၏အမည် အချက်အလက်တို့ကို တာဝန်ရှိသူများကစစ်ဆေးတွေ့ရှိကြောင်းသိရသည်။
ဖမ်းဆီးမိသူများ အားလုံးကို သက်ဆိုင်ရာ ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ရနောင်းအခြေစိုက် အမှတ် ၂၅ ခြေလျင်တပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရသိရသည်။
#LocaL_News # အဝေးပြေးဘတ်စ်ကားပေါ် #မြန်မာအလုပ်သမားများ အဖမ်းခံရ #YMG/NN #Yangon_Times
#World_Health
Published 10 December 2023
ဂျပန်တို့ရဲ့ နာမည်ကျော် ဟင်းခတ်ပစ္စည်း ဝါဆာဘီဟာ မှတ်ဉာဏ်ပိုင်းတိုးတက်ရာမှာ အထောက်အကူဖြစ်စေတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
ဝါဆာဘီက ကျန်းမာရေးအတွက် အကျိုးရှိစေတယ်ဆိုတာကို သိရှိထားပြီးဖြစ်ပေမယ့် ရေတိုမှာရော ရေရှည်မှာပါ မှတ်ဉာဏ်ပိုင်းကို အကျိုးပြုစေတယ်ဆိုတာကိုတော့ ပထမဆုံး သိရှိလာတာ ဖြစ်ပါတယ်။
ဝါဆာဘီရဲ့ မှတ်ဉာဏ်ပိုင်း တိုးတက်စေမှုကို တိုဟိုကူတက္ကသိုလ်မှာ လေ့လာစမ်းသပ်ခဲ့ပါတယ်။
ဝါဆာဘီထဲက အဓိကပါဝင်ပစ္စည်း 6-MSITC ဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ကာ ရောင်ရမ်းခြင်းကိုလည်း ဆန့်ကျင်ပေးပြီး အခြားအပင်တွေမှာ အနည်းငယ်သာ တွေ့ရပါတယ်။
အသက် ၆၀ မှ ၈၀ ကြား ကျန်းမာရေးကောင်းမွန်တဲ့ လူ ၇၂ ဦးကို ခေါ်ယူကာ တဝက်ခန့်ကို ညအိပ်ချိန်မတိုင်ခင် ဝါဆာဘီ ၁၀၀ ဂရမ် စားသုံးစေခဲ့ပြီး ကျန်တဝက်ကိုတော့ အာနိသင်မရှိတဲ့အရာကို စားသုံးစေခဲ့ပါတယ်။
၃ လအကြာမှာ ဝါဆာဘီစားသုံးတဲ့အဖွဲ့က ဦးနှောက်သိရှိမှုစွမ်းရည်၊ ရေတိုမှတ်ဉာဏ်အပိုင်း၊ ရေရှည်မှတ်ဉာဏ်အပိုင်းတို့မှာ သိသိသာသာ မြင့်တက်ခဲ့တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
အပိုင်းအကန့်များပါဝင်တဲ့ မှတ်ဉာဏ်စွမ်းရည်ပိုင်းမှာ ပျမ်းမျှအားဖြင့် ၁၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ဝါဆာဘီဟာ မုန်ညင်းမျိုးနွယ်ဝင်ဖြစ်ကာ ပင်လယ်စာနဲ့ တွဲဖက်စားသုံးတဲ့အခါ အလွန်လိုက်ဖက်ပြီး ရောဂါပိုးမွှားဆန့်ကျင်နိုင်တဲ့ အစွမ်းသတ္တိလည်း ရှိပါတယ်။
တိုဟိုကူတက္ကသိုလ်က အခုဆိုရင် ပိုမိုငယ်ရွယ်တဲ့ လူတွေနဲ့ စမ်းသပ်သွားဖို့ ရည်ရွယ်ထားကာ ဒီမန်ရှာရောဂါ ခံစားနေရသူတွေမှာလည်း ဦးနှောက်အသိဉာဏ် ဆုတ်ယုတ်မှုကို လျော့ကျစေနိုင်မလားဆိုတာကို လေ့လာသွားဦးမှာ ဖြစ်ပါတယ်။
#World_Health #ဂျပန်ရိုးရာဟင်းခတ်ပစ္စည်း #ဝါဆာဘီ #အစွမ်းသတ္တိ #Source: WION
"ပန်းပွဲတော်မှာ ထိုင်းနိုင်ငံကပန်းမျိုးစိတ် အမျိုး၄၀၊ အပင်အရေ အတွက်အားဖြင့် ၂ သိန်းနဲ့ မြန်မာပန်းမျိုးရင်း ပန်းပြကွက်တစ်ခုလည်း ထည့်သွင်းပြသသွားမှာဖြစ်တယ်" ထူးကုမ္ပဏီဥယျာဉ်ဌာန၊ Deputy Managing Director ကိုဝေမျိုးအောင်
#Local_News
Published 10 December 2023
#ပြင်ဦးလွင်ပန်းပွဲတော် #မြန်မာပန်းမျိုးရင်း
#tthl #Yangon_Times
#World_Health
Published 10 December 2023
ဆီးကျိတ်ကင်ဆာဟာ ယောက်ျားတွေမှာ အဖြစ်အများဆုံး ကင်ဆာဖြစ်ပြီး အင်္ဂလန်လူမျိုး ၈ ယောက်မှာ ၁ ယောက်နှုန်း ခံစားရလေ့ရှိပါတယ်။
ဒါပေမဲ့ အတော်များများက အချိန်အတော်ကြာတဲ့အထိ ရောဂါလက္ခဏာတွေ မခံစားရတာမျိုး ဖြစ်တတ်ပါတယ်။
အသက်အန္တရာယ်ပေးတဲ့ ရောဂါမျိုးမဟုတ်ပေမယ့် စောစီးစွာ ကုသပါက ပျောက်ကင်းနိုင်ခြေများပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေတွေကတော့..
(၁) အသက်အရွယ်
အသက် ၅၀ အထက် အမျိုးသားတွေမှာ အဓိက ဖြစ်ပွားနိုင်ပြီး အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။
(၂) မျိုးရိုး
ဆွေမျိုးထဲမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးသူရှိရင် ရောဂါဖြစ်နိုင်ခြေ ၂ ဆခွဲ ပိုများပြီး အမျိုးတွေထဲက အသက် ၆၀ ကျော်မှ ဖြစ်တာဆိုရင် သင်ဟာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
(၃) လူမျိုး
သေချာအတည်မပြုနိုင်သေးပေမယ့် လူမည်းတွေဟာ အခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။
လူမည်းမျိုးရိုးနဲ့ ရောစပ်တဲ့ သူတွေမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိနေပါတယ်။
ဆီးကျိတ်ကင်ဆာ ဖြစ်နေနိုင်တဲ့ အချို့သောရောဂါလက္ခဏာတွေကတော့..
- မကြာခဏ ဆီးသွားရခြင်း
- အိမ်သာသို့ အလျင်စလို သွားလိုခြင်း
- မတ်တပ်ရပ်ဆီးသွားရန် ခက်ခဲခြင်း
- ဆီးသွားရန် ကြာရှည်ခြင်း၊ အချိန်ကြာခြင်း
- ဆီးစီးဆင်းမှုအားနည်းခြင်း
- ဆီးအိမ်မှ အပြည့်အဝ ဆီးမထွက်ဘူးလို့ခံစားရခြင်း
- ဆီးထဲ ဒါမှမဟုတ် သုတ်ရည်ထဲတွင် သွေးပါခြင်း တို့ဖြစ်နိုင်ပါတယ်။
ဆီးကျိတ်ဆိုတာက ဆီးအိမ်အောက်ရှိ သစ်ကြားသီးအရွယ်ခန့် ဂလင်းဖြစ်ပြီး ဆီးပြွန်ကို ရစ်ပတ်ထားပါတယ်။
ဆီးကျိတ်ကင်ဆာဟာ လိင်အင်္ဂါပြောင်းလဲထားတဲ့ အမျိုးသမီးတွေမှာတောင် ဖြစ်နိုင်ခြေ ရှိနေပါသေးတယ်။
#World_Health #ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ #စက္ကန့်(၃၀)အတွင်းသုံးသပ်နိုင် #Source: The Sun
Page 630 of 1687