#World_News
Published 11 April 2024
ဗုဒ္ဓဟူးနေ့က ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်တို့ လေကြောင်းတိုက်ခိုက်ရေး ပြုလုပ်ခဲ့ရာမှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ရဲ့ သား ၃ ဦးသေဆုံးသွားခဲ့ကြောင်း ပါလက်စ်တိုင်း အစ္စလာမ်အဖွဲ့နဲ့ ဟာနီယက်မိသားစုတို့က ပြောကြားလိုက်ပါတယ်။
အစ္စရေးလ်စစ်တပ်က တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း အတည်ပြုလိုက်ကာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ထဲမှ ထို ၃ ဦးကို ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဟာဇမ်၊ အေမီယာ၊ မိုဟာမက်တို့ ၃ ဦးဟာ ဂါဇာမှ အယ်လ်ရှာတီစခန်းမှာ ကားမောင်းနေစဥ် ဗုံးကျဲခံရကာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဟားမတ်စ်တို့က ဆိုပါတယ်။
ဟာနီယက်ရဲ့ မြေးယောက်ျားလေး တစ်ဦးနဲ့ မြေးမိန်းကလေး ၃ ဦးတို့ဟာလည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
သား ၃ ဦးနဲ့ မြေး ၄ ဦးတို့ဟာ မွတ်ဆလင်အစ်အယ်လ်ဖီတာ အားလပ်ရက် ပထမနေ့အတွင်း ရှာတီမှာ မိသားစုလည်ပတ်နေတာ ဖြစ်ပါတယ်။
၆ လကျော်ကြာမြင့်ပြီဖြစ်တဲ့ ဂါဇာစစ်ပွဲသက်တမ်းမှာ အစ္စရေးလ်ရဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမတ်စ်တို့ လေ့လာနေခဲ့တာဖြစ်ပြီး ပါလက်စ်တိုင်း လိုအပ်ချက်တွေနဲ့ တစ်ခုမှ မကိုက်ညီဘူးလို့ အင်္ဂါနေ့က ဆိုလိုက်ပါတယ်။
အစ္စရေးလ်တို့က ဂါဇာကို ဖျက်ဆီးထားပြီး ဟားမတ်စ်တို့က အစ္စရေးလ် စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းရေး၊ ကမ်းမြောင်မှ ဆုတ်ခွာရေး၊ စစ်ဘေးရှောင် ပါလက်စ်တိုင်းများ အိမ်ပြန်နိုင်ရေးတို့ကို အလိုရှိနေပါတယ်။
ဟာနီယက်ရဲ့ အကြီးဆုံးသားက သူ့ညီတွေ အသတ်ခံရတာကို အတည်ပြုလိုက်ပါတယ်။
အစ္စရေးလ်က ဟားမတ်စ်ခေါင်းဆောင်ပိုင်းတွေကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်လိုက်ကာ ဟာနီယက်နဲ့ အခြားခေါင်းဆောင်တွေက ဟားမတ်စ်အကြမ်းဖက် အဖွဲ့အစည်းကို ကြိုးကိုင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
#World_News #အစ္စရေးလ်လေကြောင်းတိုက်ခိုက်မှု #ဟားမတ်စ်ခေါင်းဆောင်၏သားသုံးဦးသေဆုံး #Source: Reuters
#Local_News
Published_ 11 April 2024
အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈) ခုကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အမျိုးသား ပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂ ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။
အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ (၁၀)ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကဏ္ဍအလိုက် ဖွဲ့စည်းထားတဲ့ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းစဉ်များ ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ပြီး အကောင်အထည်ဖော်ဖို့ ဝန်ကြီးက ပြောဆိုပါတယ်။
ထို့ပြင် ဦးစားပေးရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းများက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ဖို့လည်း လိုအပ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ထားမှုများ၊ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #အမျိုးသားပို့ကုန်မဟာဗျူဟာ #ပို့ကုန်မြှင့်တင်ရေးကော်မတီ #Ymg_mnn #Yangon_Media_Group
#World_Health
Published 11 April 2024
ဆီးချိုရောဂါအတွက် အသုံးပြုတဲ့ဆေးတစ်မျိုးဟာ ပါကင်ဆန်ရောဂါ လက္ခဏာ ဆိုးရွားလာခြင်းကို နှောင့်နှေးစေနိုင်ကြောင်း သုတေသီများ တွေ့ရှိထားပါတယ်။
ပါကင်ဆန်ရောဂါ ဆိုတာဟာ ဦးနှောက်မှာ အာရုံကြောဆဲလ်များ တဖြည်းဖြည်း ဆုံးရှုံးလာပြီး ရွေ့လျားမှု၊ ဟန်ချက်ထိန်းခြင်း၊ မှတ်ဉာဏ်ပိုင်းတို့မှာ ပြဿနာရှိလာကာ ကမ္ဘာပေါ်မှာ လူပေါင်း ၁၀ သန်းကျော် ခံစားနေရပါတယ်။
ဆီးချိုရောဂါ ဒုတိယအမျိုးအစားအတွက် အသုံးပြုတဲ့ exenatide လိုမျိုးဆေးဟာ လူအချို့မှာ လှုပ်ရှားမှုဆိုင်ရာ လက္ခဏာများ ဆိုးရွားလာခြင်းကို နှောင့်နှေးစေတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
ဆီးချိုရောဂါအတွက် နောက်ထပ်ဆေးတစ်မျိုးဖြစ်တဲ့ lixisenatide ဟာလည်း အလားတူသက်ရောက်မှုရှိပြီး ပါကင်ဆန်ရောဂါဟာ ဦးနှောက်ထဲက အင်ဆူလင်မတိုးတာနဲ့ ဆက်စပ်နေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ပြင်သစ်သုတေသီများက ပါကင်ဆန်ရောဂါရှိသူ ၁၅၆ ဦးကို အဖွဲ့နှစ်ဖွဲ့အဖြစ် အညီအမျှ ပိုင်းခြားလိုက်ပါတယ်။
နှစ်ဖွဲ့စလုံးကို ပုံမှန်အတိုင်း ပါကင်ဆန်ရောဂါ ဆေးများပေးထားကာ တစ်ဖွဲ့ကို lixisenatide နေ့စဥ်ဆေးထိုးပေးကာ နောက်တစ်ဖွဲ့ကိုတော့ အာနိသင်မရှိတဲ့ဆေး ပေးခဲ့ပါတယ်။
၁၂ လကြာပြီးနောက် lixisenatide ထိုးတဲ့လူနာတွေမှာ လှုပ်ရှားမှုပြဿနာ ပိုမိုဆိုးရွားလာခြင်းမရှိဘဲ အာနိသင်မဲ့ဆေးပေးတဲ့ သူတွေမှာတော့ ရောဂါလက္ခဏာများ ဆိုးရွားလာပါတယ်။
Lixisenatide ထိုးတဲ့သူတွေက အာရုံကြောဆိုင်ရာ ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပြီး လူနာ ၁၃ ရာခိုင်နှုန်းလောက်ကတော့ အော့အန်ခြင်းနဲ့ တဝက်လောက်က မူးဝေခြင်း ခံစားခဲ့ရပါတယ်။
ထိုဆေးက ပါကင်ဆန်ရောဂါ လက္ခဏာများ ဆိုးရွားလာခြင်းကို အမှန်တကယ် နှောင့်နှေးစေသလားဆိုတာကို ဆုံးဖြတ်ဖို့အတွက် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် လိုအပ်ပါသေးတယ်။
#World_Health #ပါကင်ဆန်ရောဂါလက္ခဏာဆိုးရွားလာခြင်း #Source: WION
ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ
မကြာသေးမီက ဂျပန်လေ့လာချက်တစ်ခုအရ တိုကျိုမှ နေရာ ၂၁ နေရာမှာ ပါဖလိုရိုအယ်လ်ကိုင်းနဲ့ ပိုလီဖလိုရိုအယ်လ်ကိုင်း (PFA)ပစ္စည်းများက စံညွှန်းသတ်မှတ်ချက်ကို ကျော်လွန်နေကာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေပါတယ်။
#Asia_Health
Published_ 10 April 2024
#PFA ဓာတုပစ္စည်း #ဂျပန်နိုင်ငံရှိနေရာအများစု
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 10 April 2024
၁။ နေ့အပူချိန်ပြင်းနေသည့် ရန်ကုန်အပါအဝင် ဒေသ(၁၀)ခု၌ မိုးထစ်ချုန်းရွာမည်
၂။ စက်သုံးဆီဈေးငြိမ်နေသော်လည်း ဝယ်လိုအားများနေဟုဆို
၃။ ဇီးဝဇိုးဌက်သိုက် ခိုးယူခံရမှုများလာသဖြင့် ငှက်အိမ်ဆောက်လုပ်မှုတွင် လုံခြုံရေးအတွက်ပါထည့်သွင်းဆောက်လုပ်လာရဟုဆို
၄။ ဂျပန်နိုင်ငံရှိနေရာအများစု၏ မြေအောက်ရေထဲတွင် PFA ဓာတုပစ္စည်းများ သတ်မှတ်စံနှုန်းထက်အဆများစွာကျော်လွန်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
နှစ်ဆန်းတစ်ရက်နေ့ဧပြီ(၁၇)ရက်ကလွဲလို ကျန်နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်တွေမှာ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းဖို့ အချိန်ပို (Overtime) လျှောက်ထားပါက ဆောင်ရွက်ပေးသွားမှာဖြစ်တယ်။
#Local_News
Published_ 10 April 2024
#ပို့ကုန်/သွင်းကုန်ပစ္စည်း #သင်္ကြန်ပိတ်ရက်
#tthl #Yangon_Times
သင်္ကြန်ကာလနီးသော်လည်း ဈေးအကျဘက် တွင်သာရှိနေပါတယ် ကွမ်းစိုက်တောင်သူတွေအနေနဲ့ ပိုးသတ်ဆေး ပေါင်းသတ်ဆေးစတဲ့ စိုက်ပျိုးကုန်ကျစရိတ်တွေဟာ ယမန်နှစ်ထက် ပိုမိုကုန်ကျပေမယ့် ကွမ်းဈေးမှာ ဈေးကျနေတာကြောင့် စိုက်စရိတ်ရပေမယ့် လုပ်အားခအရှုံးပေါ်တဲ့ အနေထားဖြစ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရှိ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။
#Local_News
Published_ 10 April 2024
#ကွမ်းဈေးအကျ #လုပ်အားခအရှုံးပေါ်
#YMG/LW #Yangon_Times
#Local_News
Published_10 April 2024
တစ်မျိုးသားလုံးအရေးကို ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် ဆရာတော်ကြီးများက KNU,KNLA(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) စစ်ဦးစီးချုပ်အား လိပ်မူ၍ အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ပါသည် ဟု ယင်းမေတ္တာရပ်ခံချက်ထုတ်ပြန်လိုက်သည်။
အဆိုပါမေတ္တာရပ်ခံချက်ကို ကရင်ပြည်နယ်၊ မဟာထေရ် ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူလျက် ဘားအံမြို့၊တောင်ကလေးဆရာတော် ဘဒ္ဒန္တပညာသာမိ ၊ဘားအံမြို့၊ ဗုဒ္ဓဂယာဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၊ လှိုင်းဘွဲ့မြို့၊ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရ ၊ဘားအံမြို့၊ လမင်းပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တကေသရိန္ဒ ၊ဘားအံမြို့၊ လောကအတုလမာရ်အောင်ဆရာတော် ဘဒ္ဒန္တသောဘိတ ၊ လှိုင်းဘွဲမြို့၊ ကမော့လဲဆရာတော် ဘဒ္ဒန္တဝေပုလ္လ ၊ လှိုင်းဘွဲမြို့၊ ပြည်နယ်ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တခေမိဿရာလင်္ကာရ ၊ လှိုင်းဘွဲမြို့၊ မြို့နယ်အကျိုး တော်ဆောင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ ၊ ဘားအံမြို့၊ ဘုရားလုံဆရာတော် ဘဒ္ဒန္တအရိယဉာဏ ၊ ဘားအံမြို့၊ ချမ်းသာအေးဆရာတော် ဘဒ္ဒန္တစန္ဒာဝရ ၊ ဘားအံမြို့၊ ခွဲကဘောင်ပညာဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တနာဂဝံသ တို့က အာသီသဆန္ဒတူ လက်မှတ်ရေးထိုး၍ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ငြိမ်းချမ်းရေး အထူးမေတ္တာရပ်ခံချက်တွင် ကရင်ပြည်နယ်၊ ရဟန်းရှင်လူ ပြည်သူ တစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှိုင်းပုံရွာ၊ လမင်းပရိယတ္တိစာသင်တိုက်၌ ဧပြီလ ၅ ရက်တွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ၏ လိုလား တောင့်တချက် ၃ ချက်ကို ယင်း မေတ္တာရပ်ခံချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၎င်းအချက် ၃ ချက်မှာ တစ်မျိုးသားလုံး ငြိမ်းချမ်းရေး ၊ အလုံးစုံ သွေးစည်းညီညွတ်ရေး နှင့် ထာဝစဉ်အမြဲငြိမ်း ချမ်း ရေးအတွက် လိုလားနှစ်သက်တော်မူကြသည့်အလျှောက်ကရင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ဘေးစစ်ဒဏ်များတို့ဖြင့် ဘာသာရေး အဆောက်အဦးများ၊ဆက်သွယ်ရေး လမ်းတံတားများပညာ သင်ကြား ရေး စာသင်ကျောင်းများ၊ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ စစ်ဘေးရှောင် ပြည်သူများတို့၏ ဘဝဘေး ဒဏ်များ ကင်းဝေးစေနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြားအပ်ကြောင်း ဖော်ပြထားသည်။
အလားတူ လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုလျက် ပဋိပက္ခဆောင် အချင်းချင်း တို့၏ ထာဝရငြိမ်းချမ်းရေးမဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။
#Local_News ဆရာတော်ကြီးများ # KNU,KNLA ထံ မေတ္တာရပ်ခံ #Yangon_Times/PP
ဇီဝဇိုးငှက်အိမ်ဆောက်လုပ်မွေးမြူတာတွေများလာသလို ငှက်အိမ်များအတွင်း ဝင်ရောက်ပြီး ငှက်သိုက်ခိုးယူတာတွေ လည်းများလာတယ်လို့ ဇီဝဇိုးငှက်မွေးမြူသူတွေထံက သိရပါတယ်။ အခုလို ငှက်သိုက်တွေ ခိုးဝင်ခွာယူတာတွေရှိ လာတဲ့အတွက် ငှက်အိမ်တွေ ဆောက်လုပ်တဲ့အခါမှာ လုံခြုံရေးအတွက်ကိုပါ ထည့်သွင်းစဉ်းစားဆောက်လုပ်လာရတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 10 April 2024
#ဇီဝဇိုးငှက်မွေးမြူသူ
#YMG/LW #Yangon Times
အခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးငြိမ်နေသော်လည်းသက်ြန်ကာလနီးကပ်နေတာကြောင့် ဝယ်လိုအားများနေတယ်လို တစ်နိုင်တစ်ပိုင်ရောင်းချသူတွေထံကသိရပါတယ်။
#Local_News
Published_ 10 April 2024
#စက်သုံးဆီဈေးငြိမ်နေ #ဝယ်လိုအားများနေ
#YMG/NN #Yangon-Times
#Local_News
Published 10 April 2024
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့သည် ဧပြီ လ ၉ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။
ကိုရီးယား K-pop အနုပညာရှင်များ ပထမအဖွဲ့တွင် (ရုပ်ရှင်/ ရုပ်သံဇာတ်လမ်းတွဲပေါင်း များစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen၊ Henny နှင့် 7 Kids Doll Group၊ Astel Dance Group နှင့် DJ-Saemi တို့ အပါအဝင် အနုပညာရှင် ၂၄ ဦးပါဝင်ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သမ္မတဟိုတယ်တွင် တည်းခိုကြကာ ဧပြီ ၁၀ ရက်တွင် နေပြည်တော်သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ ကိုရီးယား K-pop အနု ပညာရှင်ငါးဦးပါအဖွဲ့သည် ဧပြီ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် လည်းကောင်း အသီးသီးထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်းနှင့် ဧပြီ ၁၂ ရက်ညတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တင်ဆက်မည့် Friday Night Live Show တွင်လည်း ကိုရီးယားနာမည်ကျော် တေးသံရှင်များ ပါဝင်ဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
#Local_News #K-pop အနုပညာရှင် #ရန်ကုန်သို့ရောက်ရှိ #YMG/LW #Yangon_Times
ဧပြီ(၁၀)ရက်မှာ စစ်ကိုင်းတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ ရှိတယ်။ ဧပြီလ(၁၁)ရက်နဲ့(၁၂)ရက်တို့မှာ ဒေသ(၉)ခုမိုးရွာဖို့ ရှိတယ်။
#Local_News
Published_ 10 April 2024
#နေ့အပူချိန်ပြင်း #မိုးထစ်ချုန်းရွာ
#tthl #Yangon_Times
Page 632 of 1859