#World_Science
Published 21 December 2024


▪️ ကမ္ဘာမြေကြီးရဲ့ ၄ ပုံ ၃ ပုံလောက်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း အမြဲခြောက်သွေ့လာတယ်လို့ ကန္တာရဖြစ်လာမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (UNCCD)မှ သုတေသနပြုထားတာကို ဒီဇင်ဘာ ၉ ရက်နေ့မှာ ဖော်ပြလိုက်ပါတယ်။

▪️ ယခုဆိုရင် အန္တာတိကဖယ်လိုက်ရင် ကမ္ဘာ့မြေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ ခြောက်သွေ့မြေ ဖြစ်လာပြီး ထိုနေရာတွေဟာ စိုစွတ်ဒေသတွေကနေ ခြောက်သွေ့ဒေသများအဖြစ် ပြောင်းလဲလာကာ စိုက်ပျိုးလို့ မရတော့ပါဘူး။

▪️ ခြောက်သွေ့မြေတွေဟာ မိုးကျရေအများစု အငွေ့ပျံဆုံးရှုံးသွားရတဲ့ နေရာတွေဖြစ်ပြီး စိုက်ပျိုးရေးပြုလုပ်နိုင်မယ့်နေရာ ၁၀ ရာခိုင်နှုန်းလောက်သာ ကျန်ပါတော့တယ်။

▪️ အာဖရိကမှာ ၁၉၉၀ မှ ၂၀၁၅ ခုနှစ်ကြား ခြောက်သွေ့ဒေသ များပြားလာခြင်းကြောင့် GDP ၁၂ ရာခိုင်နှုန်း ဆုံးရှုံးလာရကာ ပြောင်းပင်လိုမျိုး သီးနှံတွေအဓိက ထိခိုက်ခဲ့ပြီး ၂၀၅၀ ခုနှစ်အရောက်မှာ ကင်ညာနိုင်ငံမှာ ကောက်ပဲသီးနှံထွက်နှုန်း ထက်ဝက်ကျဆင်းသွားမယ်လို့ ခန့်မှန်းရပါတယ်။

▪️ လာမယ့် ဆယ်စုနှစ်ဝက်အတွင်း အာဖရိကမှာ GDP ၁၆ ရာခိုင်နှုန်းနဲ့ အာရှမှာ ၇ ရာခိုင်နှုန်း လျော့ကျလာဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

▪️ မိုးခေါင်ခြင်းလိုမျိုးက ယာယီသာဖြစ်ပေမယ့် ခြောက်သွေ့ခြင်းကတော့ အမြဲသက်ရောက်နေမှာ ဖြစ်တယ်လို့ UNCCD အမှုဆောင်အတွင်းရေးမှူး အီဘရာဟင်သီရောက ပြောပါတယ်။

▪️ ကမ္ဘာကြီးမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုများ၊ စိုက်ပျိုးရေး အခက်အခဲများ၊ အခြားလူသားလုပ်ရပ်များကို မဖြေရှင်းနိုင်တဲ့ အခြေအနေမှာ လူသားတွေကြောင့် ရာသီဥတု ဖောက်ပြန်မှုက အဓိကအကြောင်းအရင်း ဖြစ်နေပါတယ်။

▪️ ထိုကနေ ကမ္ဘာကြီး ပူနွေးလာပြီး မိုးရွာသွန်းမှု၊ သစ်ပင်ပန်းမန်များနဲ့ အငွေ့ပျံခြင်းတို့ကို သက်ရောက်လာကာ ခြောက်သွေ့မှု မြင့်တက်လာစေပါတယ်။

▪️ ၂၀၂၀ မှာ ကမ္ဘာ့လူဦးရေ ၂.၃ ဘီလီယံလောက်ရှိတဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ ခြောက်သွေ့ဒေသတွေမှာ နေခဲ့ရပြီး ကာဗွန်ထုတ်လွှတ်မှု မလျှော့ချနိုင်ပါက ၂၁၀၀ အရာက်မှာ နှစ်ဆများလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#Source: WION