#Local_News
Published_21 Dec 2024


▪️ မြန်မာ-လာအို လေကြောင်းတိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာလာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG သည် ယနေ့ဒီဇင်ဘာလ ၂၀ ရက်နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ပြီးနောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

▪️ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်းကောင်း မိတ်ဆွေ ကောင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက် ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နယ်စပ်ကုန်သွယ်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်သည့်အခြေအနေများ၊ ချစ်ကြည်ရေးတံတားမှတစ်ဆင့် နှစ်နိုင်ငံပြည်သူများ ကူးလူးဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံနှင့် ပြည်သူများအချင်းချင်းချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန်နိုင်မည့် အခြေအ နေများ၊ အပြန်အလှန်ကုန်သွယ်မှုများမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းများတိုးတက်စေရေးအတွက် လေကြောင်း တိုက်ရိုက်ပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ပညာတော်သင်များအပြန်အလှန် စေလွှတ်လျက်ရှိမှုနှင့် ယဉ်ကျေးမှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

▪️ အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေး မှူး ချုပ် ဦးဇော်ထွန်းဦးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။
#Yangon_Times/PP