၉ ဒီဇင်ဘာ ၂၀၂၃
#ပြည်တွင်းမှာ စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ဘယ်လို ဝယ်ယူတင်သွင်းနေပါသလဲ
#တစ်နိုင်ငံလုံးသုံးစွဲမှုအခြေအနေအရ စက်သုံးဆီဖူလုံမှုရှိအောင် ဘယ်လိုတွေဆောင်ရွက်နေသလဲ
#စက်သုံးဆီပြတ်လပ်နေပြီဆိုတဲ့ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းစကားပါးလိုသလဲ
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
#တိုင်းဒေသကြီး၊ပြည်နယ်အချို့တွင် စက်သုံးဆီများ တန်းစီဝယ်ယူနေရတာ ဘာကြောင့်လဲ။
#လက်ရှိစက်သုံးဆီဈေးနှုန်းနှင့် ပြည်တွင်းပြည်ပ စက်သုံးဆီဈေးနှုန်းအခြေအနေတွေဘယ်လိုရှိပါသလဲ။
#ယခုလက်ရှိအခြေအနေမှာ စက်သုံးဆီတွေကို ဘယ်လိုဖြန့်ဖြူးပေးနေပါသလဲ။
အထက်ပါအချက်များနှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
အတွင်းရေးမှူး ဦးသန်းဇော်က ယခုလိုဖြေကြားထားပါတယ်။
-ymg/knl
၉ ဒီဇင်ဘာ ၂၀၂၃
မဟာဗျူဟာအမြင်၊နည်းဗျူဟာအမြင်နှင့်ပတ်သက်ပြီးမြန်မာနိုင်ငံ၏လက်ရှိ၊အတိတ်နှင့်နောင်ဖြစ်လာနိုင်သည့် အခြေအနေများ
ကောလာဟလ သတင်းတု၊ သတင်းမှားများထုတ်လွှင့်၍ ပြည်သူလူထုအား အကြောက်တရား ဖြင့် ခြိမ်းခြောက်နေမှုများ
၉-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ လောက်ကိုင်မြို့ ၊ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ
အကြမ်းဖက်သောင်းကျန်း သူများက အများပြည်သူများအသုံးပြုလျက်ရှိသည့် လမ်းများ၊ တံတားများနှင့် လျှပ်စစ်တာဝါ တိုင်များ ဖောက်ခွဲ ဖျက်ဆီးမှုများ
တို့နှင့်ပတ်သက်၍နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။
ပြောကြားချက်အပြည့်အစုံကို ပြန်လည်ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့
အာကာသပတ်လမ်းရှိ တရုတ်နိုင်ငံရဲ့ ရှန်ကျိုး-၁၇ မှ အာကာသယာဥ်မှူးတွေဟာ တီယန်ဂေါင် အာကာသစခန်းမစ်ရှင်အဖြစ် အာကာသအခြေစိုက် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးယန္တရားဖြစ်တဲ့ အာကာသဥယျာဥ်ကနေ ဟင်းသီးဟင်းရွက်များကို မကြာသေးမီက နောက်ထပ်တစ်ကြိမ် ရိတ်သိမ်းခဲ့ပါတယ်။
#Asia_Development
Published 09 December 2023
#အာကာသဥယျာဥ် #ဒုတိယမျိုးဆက်မစ်ရှင်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 09 December 2023
၁။ မြန်မာ့ကျောက်စိမ်းထည်များကို ဂျပန်၊ တရုတ်နှင့်ဟောင်ကောင်သို့စတင် တင်ပို့နေ
၂။ စက်သုံးဆီဝယ်ယူရခက်သဖြင့် လူမှုကူညီရေး အသင်းများ အခက်တွေ့နေဟုဆို
၃။ အွန်လိုင်းထရိတ်ဒင်းနှုန်းထားကြောင့် ရန်ကုန်ရွှေရည်ညွှန်းဈေးနှုန်း ကျပ်၃၅သိန်းကျော်အထိ ခုန်တက်
၄။ တရုတ်နိုင်ငံ၏ အာကာသဥယျာဥ်ဒုတိယမျိုးဆက်မစ်ရှင်တွင် ဟင်းသီးဟင်းရွက်များအောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_9 Dec 2023
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း၊ အဝင်ဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သောကြောင့် တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၉ ရက် ညနေ ၃ နာရီခန့်က အဆိုပါ အပေါက်၀ နေရာသို့ ကျွဲရိုင်းအချိုရည်ဘူး ခွံဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးဖြင့်ပစ်ခဲ့ခြင်းကြောင့် ကုမ္ပဏီလုံခြုံရေးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
ယင်း ရွှေထွဋ်တင်ကွင်း၌ ယနေ့ည Waterzonic EDM ပွဲရှိကြောင်းလည်း၊ ယခုနှစ် Waterzonic Myanmar တွင် ရွှေထွဋ်တင်ကွင်း outdoor area အတွင်း ရေပါတီကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
#Local_News #ရွှေထွဋ်တင်ကွင်း #ဗုံးပေါက်ကွဲမှုဖြစ် #Yangon_Times/PP
#Local_News
Published-9 December 2023
လိုင်စင်မရှိဘဲ ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် အခြားသော ရေနံထွက်ကုန်ပစ္စည်းတွေကို ဂါလန် ၅၀ အထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းတွေ စစ်ဆေးတွေ့ရှိပါက အရေးယူခံရမည်ဖြစ်ပြီး ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်လည်း သိမ်းဆည်းခံရမည်ဖြစ်ကြောင်းရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အသိပေးလိုက်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့မှစတင်ပြီး လိုင်စင်မရှိဘဲ ရေနံထွက်ပစ္စည်းများကို ဂါလန် (၅၀) ထက် သိုလှောင်ခြင်း၊ သယ်ယူခြင်းပြုလုပ်ပါကကျပ် သိန်း (၅၀) ထိ ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် (၁)နှစ်တိတိ ချမှတ်ခံရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြစ်မှုကျူးလွန်ခြင်းနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြည်သူပိုင်ဘဏ္ဍာအဖြစ်လည်း သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
၄အပြင် ၂၀၂၃ ဒီဇင်ဘာ (၁၀) ရက်မှစတင် ပြီး လုပ်ငန်းတာဝန်များအရ လိုင်စင်မဲ့သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း ကြီးကြပ်စစ်ဆေးသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရယူလိုပါကလည်း ဌာနအနေဖြင့် လုပ်ထုံးလုပ်နည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ “မည်သူမျှဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုကို သက်ဆိုင်ရာလိုင်စင်ရရိြှခင်း၊ မရှိဘဲလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ”လို့ ပြဌာန်းထားကြောင်းသိရသည်။
ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် လုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်း၊ ကြီးကြပ်စိစစ်ဆေးခြင်းများ ဆောင်ရွက်နေပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်းမှာ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် သိုလှောင်ခြင်းပြုလုပ်လိုပါက စုစုပေါင်း ဂါလန် (၅၀) ထက်ပိုမိုထားရှိလိုပါက လိုင်စင်ယူထားရမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရေနံထွက်ပစ္စည်း #အရေးယူခံရမည် #ပြည်သူပိုင်ဘဏ္ဍာ #YMG/NN #Yangon-Times
#Local_News
Published 9 December 2023
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ကျောင်းတက်ရန်၊ အလုပ်လုပ်ရန်အတွက် ဂျပန်နိုင်ငံသို့သွားရောက်ရန် ဆန္ဒ ရှိသူများနှင့် ပက်သက်သည့်ဗီဇာဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ပေးနေရာတွင် လာရောက်လျှောက်ထားသူများထဲမှ အချို့မှာ မသမာသည့် နည်းလမ်းဖြင့် ဗီဇာလျှောက်ထားမှုများရှိနေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှထုတ်ပြန်ထားသည်။
ယခုတလောတွင် မိမိ၏ကိုယ်ရေးအချက်အလက်များကို အခြားသူတစ်ဦးအဖြစ် ပြုပြင်ပြောင်းလဲကာ မသမာသောနည်းလမ်းဖြင့် ရယူထားသော ကာလရှည် နေထိုင်ခွင့် ကတ်ပြား(Certificate Of Eligibility) ကိုကိုင်ဆိုင်ပြီး သံရုံးတွင် ဗီဇာလျှောက်ထားသည့်များကို တွေ့ကြုံနေရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထိုသို့အချက်အလက်အတုများ ဖြင့် လျှောက်ထားလာပါက ဗီဇာထုတ်ပေးမည် မဟုတ်ကြောင်းနှင့် ကျင့်ဝတ်သိက္ခာမဲ့သည့် ဘာသာစကားသင်တန်းကျောင်းများနှင့် ပွဲစားများလည်း ရှိနေသည့်အတွက် အချက်အလက်အစစ်အမှန် မပါရှိသောစာရွက်စာတမ်းပြင်ဆင်ထားသည်များကို ဗီဇာထုတ်ပေးမည်မဟုတ်သည့်အတွက် အဆိုပါ သင်တန်းကျောင်းများနှင့်ပွဲစားများကြောင့် နစ်နာဆုံးရှုံးမှုများ မဖြစ်စေရန် အထူးသတိပြုကြရန် ထုတ်ပြန်ချက်တွက် တိုက်တွန်းထားသည်။
ထို့ကြောင့် အမှန်တကယ်ယုံကြည်ရသည့် ဂျပန်စာသင်တန်းကျောင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ ဟုတ်မဟုတ်ကို သေချာစုံစမ်းပြီးမှ ကျောင်းအပ်ခြင်းဆိုင်ရာကိစ္စရပ်များ လုပ်ဆောင်ကျရန်လည်း သတိပေးထားသည်။
COEလျှောက်ထားရာတွင်လည်း မိမိကိုယ်တိုင်ပြင်ဆင်ပြီး စစ်ဆေးအတည်ပြုရန်နှင့် ထုတ်ယူထားသည့် COE သည်လည်း ကိုယ်ပိုင်နာမည် အချက်အလက်များ ဟုတ်မဟုတ်ကို စစ်ဆေးအတည်ပြုရရန်၊ အကယ်၍ COE ငြင်းဆိုခံရပါက နောက်တစ်ကြိမ် ပြန်လည်လျှောက်ထားရာမှာ မိမိကိုယ်ရေး အချက်အလက်များကို ပြောင်းလဲပြင်ဆင်လျှောက်ထားတာမျိုးလုံးဝမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
#Local_News #ဗီဇာလျှောက်ထားခြင်း #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး #YMG/LW #Yangon_Times
#Local_News
Published 09 December 2023
ရွှေတိဂုံစေတီတော်ကြီးတွင်ကျင်းပသည့် စေတိယင်္ဂဏစာလျှောက်မေးပွဲ၌ စုစုပေါင်းသံဃာတော် (၂၅၀) ပါးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ဒီဇင်ဘာလ(၉)ရက်တွင် ကျင်းပနေသည့် (၁၀၅) ကြိမ်မြောက် စာမေးပွဲတွင် သီးခြားစာချတန်း ၃၈ ပါး၊ သီးခြားစာသင်တန်း ၂၁၂ ပါး၊ စာဖြေသံဃာစုစုပေါင်း ၂၅၀ ပါးတို့မှ ဒီဇင်ဘာ ၁၅ ရက်ထိ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်ဟုဆိုသည်။
ယနေ့ဒီဇင်ဘာလ(၉)ရက်တွင် သီးခြားစာသင်တန်းဖြေသံဃာတော် (၁၉၁)ပါးတို့က အာဂုံပြန်ဖြေဆိုကြမည်ဖြစ်ကာ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ယင်းအာဂုံပြန်အောင်စာရင်းအား ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
ထို့အတူ ဒီဇင်ဘာ ၁၁ ရက်မှ ၁၅ ရက်ထိနေ့များတွင် သီးခြားစာသင်တန်းနှင့် သီးခြားစာချတန်း သဘောရေးဖြေ ဖြေဆိုကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် အောင်စာရင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပါသည်။
အခမ်းအနားသို့ကြွရောက်တော်မူကြသည့် ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များနှင့် စာဖြေသံဃာတော်များအား ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၊ ထီးတော်ရုံတန်ဆောင်းတို့တွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် အလှူရှင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး စာလျှောက်မေးပွဲကာလတွင်လည်း နေ့စဉ် နေ့ဆွမ်းကပ်လှူသွားမည်ဖြစ် ကြောင်း လာရောက်ကြည်ညိုသဒ္ဓါပွားများနိုင်ရန် ဖြစ်ကြောင်းသိရသည်။
#Local_News #စေတိယင်္ဂဏစာလျှောက်မေးပွဲ #အောင်စာရင်းထွက် #tthl #Yangon_Times
"ဘဏ်တွေရဲ့အွန်လိုင်းထရေးဒင်းက အချိန်နဲ့အမျှပြောင်းလဲတယ်၊ မနက်ဈေးနဲ့ညဈေးကွာတယ်၊ သူတို့ဝယ်လိုအားပေါ် မူတည်တာပေါ့၊ အဲ့ဒီအွန်လိုင်းထရေးဒင်းနဲ့ တွက်ချက်တာပါ"ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်
#Local_News
Published 09 December 2023
#ရန်ကုန်ရွှေရည်ညွှန်းဈေး #အွန်လိုင်းထရိတ်ဒင်း
#YMG/NN #Yangon_Times
#Local_News
Published 9 December 2023
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ထိုင်းနိုင်ငံ တွင် ရောက်ရှိနေသည့် MoU မြန်မာလုပ်သားများနှင့် တွေ့ဆုံခဲ့ ပြီး အလုပ်သမားရေးရာ ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံရာတွင် သက်ဆိုင်ရာ မိသားစုများထံရရှိလစာ၏ ၂၅% ပေးပို့ကြရန်၊ Remmittance Management System Mobile Application ဖြင့် မြန်မာနိုင်ငံရှိမိသားစုများထံ တရားဝင် လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ကြရန်၊ ပြည်ပရောက် မြန်မာ အလုပ်သမားများအနေဖြင့် တရားမဝင် ငွေလွှဲပြောင်းပေးပို့မှုများကို လျော့နည်းစေရေး၊ ငွေကြေး လိမ်လည်ခံရမှုများ လျော့နည်းပပျောက်စေရေး၊ ၎င်းတို့၏ လုပ်ခလစာများကို တရားဝင် လမ်းကြောင်းများမှတစ်ဆင့် လုံခြုံစိတ်ချစွာ ပြန်လည်လွှဲပြောင်းပေးပို့နိုင်ရေး ရည်ရွယ်လျက် အလုပ်သမားစေလွှတ်သည့် အေဂျင်စီနှင့် အလုပ်သမားများအကြား ချုပ်ဆိုရသည့် သဘောတူ စာချုပ်တွင် အလုပ်သမားသည် ပြည်ပ နိုင်ငံတွင် မိမိရရှိမည့် လုပ်ခလစာ၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြု ထုတ်ပေးထားသည့် Remittance Business License (RBL) ရရှိသူများဖြင့် ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများဖြင့်ဖြစ်စေ တစ်လလျှင် တစ်ကြိမ် လုပ်ခလစာ၏ ၂၅% သို့မဟုတ် အများဆုံး ၃ လလျှင်တစ်ကြိမ် ၃ လစာ စုစုပေါင်း၏ အနည်းဆုံး ၂၅% ကို မိသားစုဝင်များထံသို့ လွှဲပြောင်းပေးပို့နိုင်ရေးအတွက် အဆိုပါစာချုပ် ချုပ်ဆိုခြင်း ကို ၁-၉-၂၀၂၃ ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။
မြန်မာလုပ်သား များအနေဖြင့် လုပ်ငန်းခွင်စည်းမျဉ်း စည်းကမ်းများလိုက်နာရေးနှင့် အလုပ်သမားဥပဒေပါရပိုင်ခွင့် များ ပြည့်ပြည့်ဝဝရရှိစေရေးတို့အတွက် အခြေခံဗဟုသုတများ သိရှိထားရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်အခက်အခဲများ၊ ပြဿနာများဖြစ်ပေါ်ပါက သက်ဆိုင်ရာပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ မြန်မာအေဂျင်စီများထံသို့ ဆက်သွယ်ခြင်း၊ အလုပ်သမားသံအရာရှိရုံးနှင့် ဝန်ကြီးဌာနသို့ အချိန်မရွေးဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားတစ်ဦးချင်းစီအား မုန့်ဖိုးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းဘတ် ၅ သန်း ကုမ္ပဏီ The First Good Man Group Co., Ltd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ထိုင်းဘက်ခြမ်းတွင် MoU စနစ်အရ လုပ်ငန်းစဉ် ဆောင်ရွက်နေမှုအခြေနေများ နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ဘတ် ၅ သန်း အေဂျင်စီ အနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို မျှမျှတတ ဝန်ဆောင်မှု ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင် ယာယီနေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) အတွက် အမည်စာရင်းတင်သွင်းခဲ့သည့် မြန်မာအလုပ်သမားများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ နေထိုင်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခဲ့ကြောင်းနှင့် Work permit နှင့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းစဉ်ဆောင်ရွက်ပြီးသည့် အလုပ်သမားများသည် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ Biometrics data ကောက်ယူခြင်း၊ လူဝင်မှုကြီးကြပ်ရေးဗျုရိုတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရရှိရန် ဆောင်ရွက်ပြီးနောက် Department of Provincial Administration သို့မဟုတ် Bangkok Metropolitan Administration ဌာနများတွင် မှတ်ပုံတင်ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၃၁ ရက်မတိုင်မီ CI သို့မဟုတ် Passport ဆက်လက် လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် မြန်မာဘက်အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်းငါးခုနှင့် Mobile Team သုံးခု ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အလုပ်သမားများ အများစုနေထိုင် လုပ်ကိုင်သည့် နေရာများသို့ Mobile Team များကို လွယ်လင့်တကူ ရွှေ့ပြောင်းဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်သမားများသည် လုပ်ငန်းခွင်မပျက် အထောက်အထား လျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့်လည်း လုပ်ငန်းခွင်ကို အရှိန်အဟုန်မပြတ် ဆက်လက်လည်ပတ်နိုင်မည်ဖြစ်သည့်အပြင် ပွဲစားများ၏ အမြတ်ထုတ်မှုများကိုလည်း ကာကွယ်ပြီးဖြစ်သည့်အတွက် Mobile Team များကို အရေအတွက်များများ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ထိုင်းရောက်မြန်မာအလုပ်သမား #ပြည်ထောင်စုဝန်ကြီးသွားရောက်တွေ့ဆုံ #YMG/LW #Yangon_Times
#Local_News
Published 9 December 2023
အယ်နီညိုဖြစ်စဉ်အတွင်း စိုက်ပျိုးရေ လုံလောက်စွာရရှိစေရန်အတွက် တနိုင်ငံလုံးရှိ ဆည်တာတမံများတွင် စိုက်ပျိုးရေ ဧကပေ ၁၂၉သိန်းခန့် သိုလှောင်ထားကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။
လာမည့် ၂၀၂၄ ခုနှစ်တွင် အယ်နီညိုရာသီ ဖြစ်စဉ်ကြုံတွေ့လာနိုင်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားတာကြောင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် နိုင်ငံတစ်၀န်းရှိ ဆည်မြောင်းတာတမံများတွင် စိုက်ပျိုးရေများ စနစ်တကျ စုစောင်းသိုလှောင်ထားရှိကြောင်း သိရသည်။
လက်ရှိ သိုလှောင်ထားသည့် စိုက်ပျိုးရေဧကပေ ၁၂၉သိန်းသည့် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ကာလတူ သိုလှောင်ခဲ့သည့် စိုက်ပျိုးရေပမာဏ ထက်ပိုများကြောင်း သိရသည်။
လာမည့် နွေသီးနှံစိုက်ပျိုးမည့်ရာသီတွင် ယခင်နှစ်များအတိုင်း ဆည်တမံများ၊ ရေတံခါးများ၊ချောင်းပိတ်၊ မြောင်းပိတ်များ မြစ်ရေတင်များနှင့် ရေသွင်းမြောင်း ရေနုတ်မြောင်းများမှနေ၍ နွေသီးနှံစိုက်ဧကများသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် လာမည့် နွေသီးနှံရာသီတွင် စိုက်ပျိုးရေရရှိမှုနှင့် အဆင်ပြေစေမည့် သီးနှံများ ရွေးချယ်စိုက်ပျိုးစေရန် အတွက်တောင်သူများကို အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
#Local_News #အယ်နီညိုရာသီ #စိုက်ပျိုးရေလုံလောက် #YMG/LW #Yangon _Times
Page 631 of 1687