၂၂ ဒီဇင်ဘာ ၂၀၂၄

▪️ပင်လယ်နီပေါ်ပျံသန်းနေတဲ့ အမေရိကန် ရေတပ်ရဲ့ F/A-18  တိုက်လေယာဉ်ကို ယနေ့ ဒီဇင်ဘာ ၂၂ ရက်က မှားယွင်းစွာပစ်ချခံခဲ့ရတဲ့ အတွက် လေယာဉ်မှူးနှစ်ဦးဟာ လေယာဉ်ပေါ်ကနေ အချိန်မီ ခုန်ထွက် ခဲ့ရတယ်လို့ သိရပါတယ်။

▪️အမေရိကန်စစ်တပ် အလယ်ပိုင်းစစ်တိုင်းဌာနချုပ်က သတင်းထုတ်ပြန်မှုအရ လေယာဉ်မှူးနှစ်ဦး အနက် တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိသွားတယ်လို့ ဆိုပါတယ်။

▪️အမေရိကန်ရဲ့ ပဲ့ထိန်းဒုံးကျည်တပ်စစ်ရေယာဉ် USS Gettysburg ကနေ အဲဒီတိုက်လေယာဉ်ကို မှား  ယွင်းပစ်ချမိခဲ့တာဖြစ်ပါတယ်။ USS Gettysburg ဟာ USS Harry S Truman လေယာဉ်  တင်တိုက်ခိုက်ရေး သင်္ဘောအုပ်စုမှာပါဝင်တဲ့စစ်ရေယာဉ်ဖြစ်ပြီး ပစ်ချခံရတဲ့ တိုက်လေယာဉ်ဟ  ယင်းတို့  အပေါ်ကနေ ပျံသန်း စဉ် ပစ်ချခံရတာလို့ဆိုပါတယ်။

▪️အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲစကတည်းက အီရန်ကကျောထောက်နောက်ခံပြုထားတဲ့ ယီမင်နိုင်ငံရဲ့ ဟောက်သီသူပုန်အုပ်စုက ကူးသန်းသွားလာရေးသင်္ဘောတွေကို ပစ်ခိုက်တိုက်ခိုက်မှုတွေလုပ်နေလို့ အမေရိကန် ရေတပ်က အဲဒီနားတစ်ဝိုက်ကို ကင်းလှည့်နေရတာဖြစ်ပါတယ်။

▪️အဲဒီစစ်ဆင်ရေးမှာ အမေရိကန်လေတပ်၊အမေရိကန်ရေတပ်နှင့် F/A-18 တိုက်လေယာဉ်များ ပါဝင်ဆောင် ရွက်နေကြတာလို့သိရပါတယ်။ သူတို့ဟာ ပင်လယ်နီပေါ်ဖြတ်သန်းပျံသန်းလာတဲ့ ဟောက် သီတွေရဲ့ဒရုန်းတွေနှင့် သင်္ဘောဖျက်ဒုံးကျည်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါ  တယ်။

Source ANI