#Local_News
Published 23 December 2024


▪️ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်သည့် စားအုန်းဆီ ရည်ညွှန်းဈေးမှာ  ယခင်အပတ်ထက် ကျပ် ၃၀ တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

▪️ ဒီဇင်ဘာလ ၂၃ ရက်မှ ၃၀ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၂၈၀) ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်အပတ်က တစ်ပိသာလျှင် ကျပ်၇၂၅၀ သတ်မှတ်ထားခြင်းဖြစ်သည်။

▪️ "ခုထုတ်ပြန်ဈေးက ဒီတနင်္လာကနေနောက်တနင်္လာအထိပါ။ တစ်ပိဿာကို ၃၀ကျပ် တက်လာပါတယ်"ဟု မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

▪️ လက်ရှိတွင် ပြည်ပမှ တစ်လလျှင် စားသုံးဆီတန်ချိန် ငါးသောင်းခန့် တင်သွင်းနေပြီး အများပြည်သူ စားသုံးမှုအတွက်တန်ချိန် သုံးသောင်းကျော်နှင့် စက်မှုလုပ်ငန်းများအတွက် စားသုံးဆီတန်ချိန် တစ်သောင်းခွဲခန့် ကို မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများမှ အဓိကတင်သွင်းနေရကြောင်း သိရသည်။

#YMG/SW #Yangon_Times