#World_Health
Published 23 December 2024


▪️ ကမ္ဘာတဝှမ်းက အသက် ၂၅ နှစ်မှ ၄၉ နှစ်ကြားလူတွေမှာ အူမကြီးကင်ဆာ စောစီးစွာဖြစ်ပွားမှု မြင့်မားလာပြီး အထူးသဖြင့် အင်္ဂလန်ဟာ တခြားနိုင်ငံတွေထက် ပိုပြီးအဖြစ်များနေပါတယ်။

▪️ အမျှင်ဓာတ်စားသုံးမှု နည်းခြင်း၊ အဆင့်ဆင့်ထုပ်ပိုး စားစရာစားသုံးခြင်း၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်းတို့က အဓိကအကြောင်းအရင်း ဖြစ်နေပြီး ယူကေမှာ တတိယအဖြစ်အများဆုံး ကင်ဆာဖြစ်နေပါတယ်။

▪️ အူမကြီးကင်ဆာဆိုတာ အူမကြီးနဲ့ စအိုလမ်းကြောင်းတလျှောက်မှာ ကင်ဆာအကျိတ်ဖြစ်ပွားတာ ဖြစ်ပါတယ်။

▪️ အဆင့်ဆင့်ထုပ်ပိုး စားစရာများကြောင့် ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ၊ အဝလွန်ခြင်းတို့အပြင် ဦးနှောက်စွမ်းရည် ကျဆင်းမှုပါ ဖြစ်နိုင်ပါတယ်။

▪️ အူမကြီးကင်ဆာ လက္ခဏာတွေထဲမှာ ဝမ်းပုံစံပြောင်းလဲခြင်း၊ ပုံမှန်မဟုတ် ဝမ်းလျှောဝမ်းပိတ်ခြင်း၊ အိမ်သာခဏခဏသွားရခြင်း၊ ဝမ်းထဲသွေးပါခြင်း၊ သွေးယိုခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းဖောခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အလွန်မောပန်းခြင်းတို့ ခံစားရနိုင်ပါတယ်။

▪️ အူမကြီးကင်ဆာကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကုသကြသလို ကင်ဆာအဆင့်အပေါ် မူတည်ပြီး ဓာတုကုထုံး၊ ဓာတ်ရောင်ခြည်၊ ပစ်မှတ်နေရာသတ်မှတ်ကုသခြင်း၊ ရေဒီယိုကြိမ်နှုန်း ကုသနည်းများလည်း ရှိနေပါတယ်။

▪️ ကင်ဆာအစောပိုင်းအဆင့်မှာ လက္ခဏာမတွေ့ရပေမယ့် ရောဂါစစ်ဆေးခြင်းဖြင့် တွေ့နိုင်ပါတယ်။

▪️ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်ပုံစံ ပြောင်းလဲပေးပါက အူမကြီးကင်ဆာ ကာကွယ်နိုင်ပါတယ်။

▪️ (၁) အမျှင်ဓာတ်များများစားခြင်း - အစိမ်းရောင်ဟင်းရွက်များ၊ အမျှင်ဓာတ်ပါတဲ့ အသီးများ၊ အခွံမာသီးနဲ့ အစေ့အဆန်များ၊ ဂျုံပြောင်း၊ အုတ်စပါး၊ ပါစတာ၊ ပဲကြီး၊ ကုလားပဲ၊ ပဲနီကလေးတို့မှာ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး တစ်နေ့ကို ၃၀ ဂရမ်စားသုံးခြင်းဖြင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ လျှော့ချနိုင်ပါတယ်။

▪️ (၂) ရေလုံလောက်စွာသောက်ခြင်း - တစ်နေ့ကို ရေ ၆-၈ ခွက်ခန့်သောက်ဖို့လိုအပ်ပြီး ဒါမှသာ အူမကြီးမှ အဆိပ်အတောက်များ၊ အညစ်အကြေးများ သန့်စင်နိုင်ကာ ဆဲလ်တွေထဲ စုပြုံမနေမှာ ဖြစ်ပါတယ်။

▪️ (၃) လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း - အထိုင်များတဲ့ နေထိုင်စားသောက်မှုပုံစံက အူမကြီးကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပြီး နေ့စဉ်လှုပ်ရှားသွားလာကာ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကင်ဆာဖြစ်နိုင်ခြေ လျော့ကျနိုင်ပါတယ်။

▪️ (၄) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း - ယူကေမှာ အူမကြီးကင်ဆာ ဖြစ်သူတွေရဲ့ ၁၁ ရာခိုင်နှုန်းက ကိုယ်အလေးချိန် မညီညွတ်တာကြောင့်ဖြစ်ပြီး မလိုအပ်တဲ့ ကိုယ်အလေးချိန် လျှော့ချခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

▪️ (၅) ဆေးလိပ်အရက်ရှောင်ရှားခြင်း - ယူကေမှာ အူမကြီးကင်ဆာ ဖြစ်သူတွေရဲ့ ၆ ရာခိုင်နှုန်းက ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပြီး တစ်ပတ်ကို အယ်လ်ကိုဟော ၁၄ ခွက်ထက် ပိုမသောက်ဖို့လည်း အကြံပြုထားပါတယ်။

#Source: Times Of India