၂၃ ဒီဇင်ဘာ ၂၀၂၄

ဟွန်ဒါနှင့် နစ်ဆန်း ကားကုမ္ပဏီနှစ်ခုဟာ လာမယ့် ၂၀၂၆ခုနှစ် ဩဂုတ်လမှာ ကုမ္ပဏီအသစ်တစ်ခု အဖြစ် ပေါင်းစည်းတည်ထောင်ကြဖို့အတွက် ဆွေးနွေးမှုတွေစတင်ဖို့ ဒီဇင်ဘာ ၂၃ရက် တနင်္လာနေ့က သဘောတူခဲ့ကြပါတယ်။

အဲသလိုပေါင်းစည်းလိုက်ကြတဲ့အတွက် သူတို့ဟာ လျှပ်စစ်ကားဈေးကွက်မှာ အမေရိကန်နှင့် တရုတ် ပြိုင်ဘက်ကားကုမ္ပဏီတွေပြီးရင် တတိယမြောက်အကြီးဆုံးဖြစ်လာပါလိမ့်မယ်။

ထုတ်လုပ်မှုအရေအတွက်အရ ဂျပန်မှာ ဒုတိယနှင့်တတိယအကြီးဆုံးကားကုမ္ပဏီတွေဖြစ်တဲ့ ဟွန်ဒါနှင့် နစ်ဆန်းတို့ဟာ  ဇွန်လမှာ အပေးအယူအပြီးလုပ်ဖို့ ရည်ရွယ်ထားပါတယ်။  အဲဒီပေါင်းစည်းမှုထဲကို ပါဝင်ဖို့ အတွက် နစ်ဆန်းရဲ့မိတ်ဖက် မစ်ဆူဘီရှီကားကုမ္ပဏီက ၂၀၂၅ဇန်နဝါရီနောက်ဆုံးထား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့ကားလုပ်ငန်းထဲမှာ လျှပ်စစ်ကားတွေဟာ လျှင်မြင်ဆုံးတိုးတက်လာနေပါတယ်။ ဟွန်ဒါနှင့် နစ်ဆန်း အပါအဝင် ဂျပန်ကားကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ တက်စ်လာနှင့် တရုတ်ရဲ့ ဘီဝိုင်ဒီတို့လို ပြိုင်ဘက်တွေရဲ့ အနောက်မှာကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။

Source KyodoNews