မြန်မာ့ပြောင်းကို အိန္ဒိယ၊ ဖိလစ်ပိုင်အပါအဝင်ကုန်သည်ချင်း ချိတ်ဆက်ထားတဲ့ နိုင်ငံတွေကိုပါ တင်ပို့နေတာကြောင့် ပြောင်းဈေးအတက်ဘက်မှာသာရှိနေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းက သိရပါတယ်။
#Local_News
Published 14 December 2024
#အိန္ဒိယနှင့်ဖိလစ်ပိုင် #ပြောင်းဈေးတက်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံကို သွားရောက်ဖို့ ထိုင်းဗီဇာလျှောက်ထားရာမှာ e-Visa စနစ်သစ်နဲ့ ပြောင်းလဲလျှောက်ထားရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 14 December 2024
#e-Visa(အွန်လိုင်း) #ထိုင်းဗီဇာ
#YMG/SW #Yangon_Times
#Local_News
Published 14 December 2024
▪️ ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ် ( AFC Women's Futsal Asian Cup 2025)ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ စခန်းသွင်း လေ့ကျင့်မှုများနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
▪️ အဆိုပါ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် လာမည့် ၂၀၂၅ ၊ ဇန်နဝါရီ ၁၅ မှ ၁၉ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် 2025 AFC Women's Futsal Asian Cup qualification ကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေဖြင့် ဒီဇင်ဘာ ၁၅ ရက် မှ စတင်၍ စခန်းသွင်း လေ့ကျင့်မှုများ၊ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းတွင် အုပ်ချုပ်/နည်းပြ ၁၁ ဦး၊ ပဏာမ ကစားသမား ၁၉ ဦးပါဝင်ပြီး ဒီဇင်ဘာ ၁၅ မှ ဇန်နဝါရီ ၂၀ ရက်အထိ သုဝဏ္ဏ ကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။
▪️ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ အုပ်စု( D) တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအို အသင်းများနှင့် အတူ ကျရောက်နေပြီး ဇန်နဝါရီ ၁၅ ရက်တွင်ဗီယက်နမ်၊ ဇန်နဝါရီ ၁၇ရက်တွင် တရုတ်တိုင်ပေ၊ ဇန်နဝါရီ ၁၉ ရက်တွင် မကာအိုအသင်းတိုနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် ကြောင်း ၊ခြေစစ်ပွဲများကို အိမ်ရှင်နိုင်ငံများအဖြစ် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် ဥဇဘက်ကစ္စတန်တိုတွင် ကျင်းပသွားမည်ဖြစ်ပြီး ၁၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ၅သင်း ၃ အုပ်စုနှင့် ၄သင်း ၁အုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် ခြေစစ်ပွဲ အုပ်စု၄ခုမှ ထိပ်ဆုံးရပ်တည်မှု ၂ သင်းစီ(၈သင်း)နှင့် အုပ်စု၄ခုမှ အကောင်းဆုံး အုပ်စု တတိယရအသင်း စုစုပေါင်း ၉သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း ၊၂၀၂၅ အာရှဖလား အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်၊ ၂၀၁၈ ပြိုင်ပွဲ ချန်ပီယံ အီရန်နှင့် ဒုတိယရ ဂျပန်တို့မှာ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး ခြေစစ်ပွဲအောင် ကိုးသင်း၊ စုစုပေါင်း အသင်း ၁၂ သင်းဖြင့် မေ ၇ မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 14 December 2024
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထိုင်းဘတ်နှင့် တရုတ်ယွမ် ခုနှစ်သိန်း ကျော်ကို ယမန်နေ့က ထုတ်ရောင်းခဲ့ကြောင်း သိရသည်။
▪️ ငွေလဲနှုန်း ၅၃၆ ဒသမ ၈ ကျပ်ဖြင့် တရုတ်ယွမ် ၃၃၉,၂၉၁ နှင့် ငွေလဲနှုန်း ၁၂၉ဒသ၅ ကျပ်ဖြင့် ထိုင်းဘတ် ၄၀၆,၂၅၀ တို့ကို ဒီဇင်ဘာလ ၁၃ ရက်နေ့က ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်သည်။
▪️ ထို့အပြင် AD လိုင်စင်ရဘဏ်များနှင့် လုပ်ငန်းရှင်များအကြား ဒေါ်လာ ၉ဒသမ ၄ သန်းကျော်၊ တရုတ်ယွမ် ၁၁ဒသမ၂ သန်းကျော်နှင့် ထိုင်းဘတ် ၁၄၃ သန်းကျော် အလွှဲအပြောင်းရှိခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 14 December 2024
▪️ တရုတ်ကုမ္ပဏီပိုင် TikTokအက်ပလီကေးရှင်း ပိတ်ပင်ခြင်းအပေါ် ပိတ်ဆို့ကန့်ကွက်ပေးရန် တောင်းဆိုမှုကို အမေရိကန် အစိုးရအယူခံတရားရုံးက ဒီဇင်ဘာ(၁၃)ရက်နေ့မှာ ငြင်းဆိုလိုက်ပါတယ်။
▪️ ဒီစီဆားကစ် အယူခံတရားရုံးက TikTokရဲ့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကာ ဒီလိုပိတ်ဆို့ကန့်ကွက်တာဟာ ခိုင်လုံမှုမရှိဘူးလို့ ပြောပါတယ်။
▪️ အခုဆိုရင် အမေရိကန်မှာ TikTokရဲ့ အနာဂတ်အခြေအနေက စွန့်စားမှုမြင့်မားတဲ့ တရားရုံးချုပ်ဆီ ဦးတည်နေပြီဖြစ်ပါတယ်။
▪️ အမေရိကန်မှာ ဇန်နဝါရီ(၁၉)ရက်နေ့ စတင်အကျုံးဝင်မယ့် ဥပဒေတစ်ခုအရ TikTokကို တရုတ်လူမျိုးမဟုတ်တဲ့ ပိုင်ရှင်ထံ ရောင်းချရမှာဖြစ်ပြီး ဒီလိုမဟုတ်ပါက အမေရိကန်မှာ အပြည့်အဝ ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
▪️ သတ်မှတ်ရက် ကျော်လွန်ပြီးတဲ့အခါ TikTokကို အသုံးပြုခွင့်ပေးနေသေးတဲ့ အမေရိကန်အခြေစိုက် အက်ပ်စတိုးများနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူများကို ဒဏ်ကြေးရိုက်သွားမှာ ဖြစ်ပါတယ်။
▪️ အယူခံတရားရုံးက ခေတ္တဖြေလျှော့ခွင့်မပြုပါက TikTok ဟာ ဒီကိစ္စကို တရားရုံးချုပ်ထံ တိုးမြှင့်တင်ပြသွားဖို့ ရည်ရွယ်နေပါတယ်။
▪️ ဒီတရားရုံးအနေနံ ပိုမိုချင့်ချိန်ပြီး စည်းစနစ်ကျကျ လုပ်ဆောင်နိုင်စေမယ့် ကြားဖြတ်အမိန့်ကို ခွင့်ပြုသင့်တယ်လို့ TikTokရှေ့နေများက တင်သွင်းချက်တွေထဲမှာ ရေးသားထားပါတယ်။
▪️ အယူခံတရားရုံးက ငြင်းပယ်တဲ့အတွက် ဒီကိစ္စကို တရားရုံးချုပ်က ကိုင်တွယ်ရလိမ့်မယ်လို့ ကုမ္ပဏီရှေ့နေတွေ ပြောနေကြပါတယ်။
▪️ သမ္မတဖြစ်လာမယ့် ဒေါ်နယ်ထရမ့်က ထိုသတ်မှတ်ချိန်ကို တိုးချဲ့ခွင့်တစ်ကြိမ် ရှိနေပါတယ်။
▪️ ဘိုင်ဒင်အစိုးရအဖွဲ့ အရာရှိတွေက TikTokကို တရုတ်ကုမ္ပဏီ ပိုင်ဆိုင်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်လုံခြုံရေး စိုးရိမ်မှုတွေကို ချက်ချင်းဖြေရှင်းဖို့ အာရုံစိုက်နေကြပါတယ်။
▪️ TikTokကုမ္ပဏီ ByteDanceက အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ ပေးပို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ထားပါတယ်။
#Source: WION
#Local_News
Published 14 December 2024
▪️ ယနေ့ နံနက်အစောပိုင်းက တနိုင်းမြို့အနီး ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ မြန်မာနိုင်ငံတစ်ဝန်း၌ ယခုမြေငလျင်လှုပ်ခတ်မှုသည် ဒီဇင်ဘာလအတွင်း ငါးကြိမ်မြောက်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇)နာရီ၊ (၃၅)မိနစ်၊ (၃၂) စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၅၁) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တနိုင်းမြို့၏ အရှေ့တောင်ဘက် (၂၆) မိုင်ခန့် အကွာ)၊ မြောက်လတ္တီတွဒ် (၂၆.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၁၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားသည်ကို တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 14 December 2024
▪️ စကြဝဠာကြီးဟာ အဆက်မပြတ် တုန်ခါနေတယ်ဆိုတဲ့ အထောက်အထားကို ဩစတြေးလျမှ သိပ္ပံပညာရှင်များ စုဆောင်းတွေ့ရှိထားပါတယ်။
▪️ ဗဟိုချက်ဆွဲအားလှိုင်း အကြီးဆုံးရှာဖွေစက် အသုံးပြုကာ ဂလက်ဆီဗဟိုရှိ တွင်းနက်ကြီးများ တစ်ခုနဲ့တစ်ခု ပွတ်တိုက်ရာကနေ တုန်ခါမှုဖြစ်လာတယ်လို့ တင်ပြထားပါတယ်။
▪️ ဒီလေ့လာမှုကို ဆွင်းဘန်းနည်းပညာတက္ကသိုလ်မှ မက်သရူးမိုင်းလ်စ်၊ မိုနက်ရှ်တက္ကသိုလ်မှ ရိုဝီနာနေသန်တို့က ပြုလုပ်ခဲ့ပြီး ဖော်ပြခဲ့ကြပါတယ်။
▪️ အာကာသနဲ့ အချိန်လှုပ်ရှားမှုများကြား ဆွဲငင်အားလှိုင်းများဖြစ်ပေါ်ကာ တွင်းနက်ကြီးတွေလို ဧရာမအရာဝတ္ထုများ ပွတ်တိုက်ပြီး လှိုင်းတွေဖြစ်ပေါ်ပါတယ်။
▪️ အကြီးဆုံးတွင်းနက်ကြီးတွေက အနှေးဆုံးနဲ့ အင်အားအကြီးဆုံး လှိုင်းတွေဖြစ်ပေါ်စေပါတယ်။
▪️ ယခုနောက်ဆုံးနှစ် မတိုင်ခင်အထိ ဒါတွေကို မသိရှိခဲ့ဘဲ ကမ္ဘာပေါ်က ရှာဖွေရေးစက်က တွင်းနက်ငယ်များ ပွတ်တိုက်လို့ ထွက်လာတဲ့ ကြိမ်နှုန်းမြင့် ဆွဲငင်အားလှိုင်းတွေကိုသာ သိရှိပါတယ်။
▪️ ယခုနောက်ဆုံး ထုတ်ပြန်မှုမှာတော့ ကြိမ်နှုန်းနိမ့် ဆွဲငင်အားလှိုင်းများ ရှိတယ်ဆိုတဲ့ အထောက်အထားများ တွေ့ရှိလာကာ စကြဝဠာကြီးဟာ ထင်ထားတာထက် ပိုမိုလှုပ်ရှားတယ်လို့ သိလာရပါတယ်။
▪️ ဧရာမတွင်းနက်ကြီးတွေဟာ ဂလက်ဆီအများစုရဲ့ ဗဟိုမှာတည်ရှိတယ်လို့ ယူဆရပြီး နေလုံးထုထည်ထက် အဆပေါင်းဘီလီယံပိုများကာ လေ့လာဖို့ ခက်ခဲပါတယ်။
▪️ ဂလက်ဆီ ၂ ခုပူးပေါင်းသွားတဲ့အခါ ဗဟိုမှာရှိတဲ့ တွင်းနက်ကြီးတွေ တစ်ခုနဲ့တစ်ခု ရောယှက်လာပြီး အင်အားကြီးဆွဲငင်အားလှိုင်းများ ဖြစ်ပေါ်စေပါတယ်။
▪️ လှိုင်းတစ်ခုတည်း မဟုတ်ဘဲ မျက်နှာပြင် အဖက်ဖက်ကို ဦးတည်ထွက်နေကြတဲ့ လှိုင်းတွေမြင်ရနိုင်တယ်လို့ ဆိုပါတယ်။
▪️ ယခင်တွေ့ရှိထားတာထက် ဧရာမတွင်းနက်ကြီးတွေ များစွာရှိနေတယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
#Source: WION
#World_Health
Published 14 December 2024
▪️ နေ့စဉ်လှုပ်ရှားသွားလာရာမှာ မျက်လုံးကျန်းမာရေး ထိန်းသိမ်းဖို့က အရေးကြီးပြီး ထိခိုက်လာပါက အမြင်အာရုံပြဿနာများ ဖြစ်လာနိုင်ပါတယ်။
▪️ မျက်လုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့ အစားအစာများ စားခြင်းဖြင့် မျက်လုံးပြဿနာဖြစ်နိုင်ခြေ လျော့နည်းစေတာကြောင့် မျက်လုံးကျန်းမာရေးအတွက် အကောင်းဆုံး ဗိုက်တာမင်တွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဗိုက်တာမင်-အေ
မျက်လုံးအပြင်ဘက်ဆုံးက မျက်ကြည်လွှာကို ထိန်းသိမ်းဖို့ အရေးပါတဲ့ ဗိုက်တာမင်ဖြစ်ပါတယ်။
▪️ မျက်လုံးခြောက်သွေ့ခြင်းမှ ကာကွယ်ပေးပြီး လုံလောက်တဲ့ စိုစွတ်မှုပေးစွမ်းကာ မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ ကြက်ဥ၊ သန့်စင်နွားနို့တို့မှာ ပါဝင်ပါတယ်။
▪️ (၂) ဗိုက်တာမင်-စီ
စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ ဗိုက်တာမင်ဖြစ်ပြီး မျက်လုံးထဲက သွေးကြောတွေကို ထောက်ပံ့ပေးပါတယ်။
လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွသီး၊ ပန်းဂေါ်ဖီစိမ်း၊ မာလကာသီး၊ ကီဝီသီးတို့မှာ ကြွယ်ဝစွာ ပါဝင်ပါတယ်။
▪️ (၃) ဗိုက်တာမင်-အီး
မျက်လုံးကဆဲလ်တွေမှာ ဓာတ်တိုးပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး အတွင်းတိမ်ပြဿနာများ ဖြစ်နိုင်ခြေ နည်းစေပါတယ်။
ဗာဒံသီး၊ နေကြာစေ့၊ မြေပဲ၊ သစ်အယ်စေ့၊ ထောပတ်သီးတို့မှာ ဗိုက်တာမင်-အီး ကြွယ်ဝပါတယ်။
▪️ (၄) ဗိုက်တာမင်-ဒီ
မျက်လုံးအားနည်းရောဂါ ကာကွယ်ပြီး ရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
ဆော်လ်မွန်ငါးနဲ့ ငါးကွမ်းရှပ်၊ သန့်စင်ပြီးနွားနို့၊ ကြက်ဥတို့မှာ ဗိုက်တာမင်-ဒီ ကောင်းမွန်စွာ ပါဝင်ပါတယ်။
▪️ (၅) ဗိုက်တာမင်-ဘီအစုအဖွဲ့ (ဘီ၂၊ ဘီ၆၊ ဘီ၁၂)
ရောင်ရမ်းခြင်းနဲ့ မျက်လုံးအားနည်းရောဂါ ဖြစ်စေတဲ့ ဟိုမိုဆစ္စတင်း အမိုင်နိုအက်ဆစ်ကို လျှော့ချပေးပြီး အာရုံကြောတွေကို ကျန်းမာသန်စွမ်းစေပါတယ်။
ကြက်ဥနဲ့ နို့ထွက်ပစ္စည်းများ၊ ငါး၊ ကြက်ဘဲ၊ ကွေကာတို့မှာ ဗိုက်တာမင်-ဘီအုပ်စု ပါဝင်ပါတယ်။
#Source: DoctorNDTV
ယူကေ၌သွားရောက်ပညာသင်ယူခဲ့သည့် တရုတ်နိုင်ငံမှ မျက်မမြင်အင်္ဂလိပ်ဆရာ မျက်မမြင်ကျောင်းသားများကို အခမဲ့သင်ကြားပေးနေ
တရုတ်ပြည် အနောက်တောင်ဘက် ချုံကျင်ဒေသမှ မျက်မမြင်ဆရာတစ်ယောက်ဟာ တရုတ်ပြည်တလျှောက်ရှိ မျက်မမြင် ကျောင်းသားများကို အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးနေပါတယ်။
#Asia_Society
Published 13 December 2024
#မျက်မမြင်အင်္ဂလိပ်ဆရာ #အခမဲ့သင်ကြားပေးနေ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 13 December 2024
၁။ မြို့တော်စည်ပင်လိုင်စင်ရရှိထားသူများလည်း ဓာတ်သတ္တု (ရွှေ) လိုင်စင်ထပ်မံလျှောက်ထားရမည်
၂။ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးကျလာသော်လည်း ပြင်ပပေါက်စျေးကျဆင်းခြင်းမရှိ
၃။ တနင်္သာရီတိုင်း၌ မိုးလေပြင်းထန်နိုင်ပြီး ကျန်တိုင်းနှင့်ပြည်နယ် ငါးခု၌မိုးရွာနိုင်
၄။ ယူကေ၌သွားရောက်ပညာသင်ယူခဲ့သည့် တရုတ်နိုင်ငံမှ မျက်မမြင်အင်္ဂလိပ်ဆရာ မျက်မမြင်ကျောင်းသားများကို အခမဲ့သင်ကြားပေးနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 13 Decrmber 2024
▪️ ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူများကို အလုပ်လျှောက်လွှာ ခေါ်ယူသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ သိရသည်။
▪️ ထိုသို့ အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ယခု ဒီဇင်ဘာလ နောက်ဆုံးရက် သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ဆောင်ရွက် မည်ဖြစ် ကြောင်း၊ ၂၀၂၄ ခုနှစ် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK)နှင့် Skills Test ကို ယခုနှစ် ဧပြီလ ၂၄ ရက်မှ မေလ ၁ဝ ရက်အထိ တကြိမ်၊ မေလ ၂ဝ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ တကြိမ် နှစ်သုတ်ခွဲ ကျင်းပခဲ့ပြီး အောင်စာရင်းများကို မေလ ၁၇ ရက်မှ ဩဂုတ်လ ၅ ရက်အတွင်း ထုတ်ပြန်ပေး ခဲ့ကြောင်း သိရသည်။
▪️ ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ယခုနှစ် ကျင်းပ သည့် (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) ဖြေဆိုရန် စာရင်းပေးသွင်းသူ အရေအတွက် တစ်သိန်းကျော်အထိ ရှိခဲ့ပြီး စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်ဈေးကွက်အတွက် ဒီကနေ့ ထုတ်ပြန်ချက်အရ စက်သုံးဆီ ဈေးနှုန်းအားလုံးကျဆင်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 13 December 2024
#စက်သုံးဆီ #စက်သုံးဆီဈေးကျ
#YMG/NN #Yangon_Times
Page 450 of 1936