Publicshed 30 April 2024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နေအိမ်ရေစည်ပေါ် ရေတက်ထည့်စဉ် ဓာတ်လိုက်‌ေ-သဆုံးမှုတစ်ခု ယမန်‌နေ့က ဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

မော်လမြိုင်မြို့ ၊ မြိုင်သာယာရပ်ကွက်၊ ၁၀လမ်းရှိ နေအိမ်တွင် ဧပြီလ ၂၉ရက်ညနေ၄နာရီ ၅၀ မိနစ်အချိန် က
ရေကားသမားမှ ရေစည်ပေါ် ရေတက်ထဲရန် အိမ်ခေါင်းပေါ်တက်စဉ် ဓါတ်လိုက်ပြီ တန်းလန်းအနေအထားဖြစ်နေသဖြင့် အိမ်ခေါင်မိုးပေါ်မှာ တဆင့်အောက်သို့ပြန်ချ၍ လူနာအားကြိုးစားCPRပြုစုပေးသောလဲ ‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှမော်လမြိုင်ဆေးရုံကြီး OPD မှတဆင့် ရင်ခွဲရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group