Published 30 April2024

တောင်ဒဂုံမြို့နယ်၌ ဆောင်ရွက်‌နေသည့် သုခဒဂုံ အိမ်ရာ စီမံကိန်း၌ပါဝင်သည့် သုခဒဂုံဈေး အား ဈေးရုံခုနှစ်ရုံဖြင့်တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ၌ တည်ဆောက်လျှက်ရှိခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၇) မြို့ပတ်လမ်းရှိ သုခဒဂုံပြည်သူ့ အငှားအိမ်ရာ အဝင်မုခ်ဦးနှင့် သုခဒဂုံဈေး တည်ဆောက်မည့် မြေ နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင် အထည်ဖော် တည်ဆောက်ခဲ့သည့် သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ အဝင်မုခ်ဦးကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုခဒဂုံဈေး တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ၃၉၂ ခန်းပါ ဈေးရုံ ခုနစ်ရုံ၊ လဟာပြင်ဈေး၊ စီမံခန့်ခွဲရေးရုံး၊ အများသုံး သန့်စင်ခန်း၊ ယာဉ်ရပ်နားနေရာ၊ ကုန်တင်ကုန်ချနေရာ၊ အမှိုက် စွန့်ပစ်နေရာ၊ ရေလှောင်ကန်၊ ရေစင်၊ Box Culvert တည်ဆောက် မည့်နေရာတို့ကိုလည်းကောင်း၊ သဲဖို့ခြင်းနှင့် ခြံစည်းရိုးကာရံခြင်း၊ ဈေးရုံ တစ်ရုံ၊ အများသုံးသန့်စင်ခန်းနှင့် မိလ္လာကန်၊ အမှိုက်စွန့်ပစ် နေရာ၊ လျှပ်စစ်လုပ်ငန်းနှင့် အတွင်းပိုင်းလျှပ်စစ်မီး၊ သန့်စင်ခန်းနှင့် ရေစက်မော်တာ Wire သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က လိုအပ်သည်များ မှာကြားခဲ့‌ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group