Published 30 April 2024

ရန်ကုန်တိုင်းဒေသကြီး ၊လှည်းကူး မြို့နယ်တွင်မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည် စပါးစိုက်  ဧကပေါင်း ၁၅၇၆၀ စိုက်ပျိုးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

အဆိုပါ  (Seeder)ဖြင့် စိုက်ပျိုးခြင်းသည် ကြဲပက် စိုက်ပျိုးခြင်း၊ ကောက်စိုက်သမ များဖြင့် စိုက်ပျိုးခြင်းထက် အကုန်အကျ သက်သာခြင်း၊ တစ်ဦးတည်းဆောင်ရွက်၍ ရခြင်း၊ တစ်ဧကအထွက်နှုန်း တိုးခြင်း၊ ဝင်ငွေရလမ်းပိုမို တိုးပွားခြင်းနှင့် အခြားသော အကျိုးကျေးဇူးများကိုရရှိနိုင်ကြောင်းသိရသည်။

အဆိုပါ လှည်းကူးမြို့နယ်၌မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည့်  စံပြစိုက်ကွက်များ၌  စိုက်ပျိုးရိတ်သိမ်း ရာတွင် တစ်ဧကလျှင် ၁၁၇ တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 30 April 2024
#YMG_News #Yangon_Times #Yangon_Media_Group