Published 22 March 2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအပိုင်၊ မန်ကျည်းချိုကွေ့၊ မြစ်ငယ်- ထုံးဘိုဖြတ်လမ်းတွင် ၁၂ ဘီးတွဲကား အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်ဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းများထံကသိရသည်။
မတ်လ ၂၁ရက် ည ၈နာရီ ၇မိနစ်ခန့်က ဖြစ်ပွားခဲ့ ကာ ယာဉ် တိုက်မှုကြောင့် ယာဉ်အတွင်း လူညှပ်နေသဖြင့်အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ယာဉ် တိမ်းမှောက် မှု ကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦးေ-သဆုံးခဲ့ကာ
ဖြစ်စဥ်တွင် ဒဏ်ရာရရှိသူ ယာဥ်နောက်လိုက်အား လောကပါလလူမှုကူညီရေးအသင်း လူနာတင်ယာဥ်ဖြင့် လည်းကောင်း၊ သေဆုံးသူ ယာဥ်မောင်း၏ ရုပ်အလောင်းအား ထာဝရတွဲလက်များလူမှုကယ်ဆယ်ရေးအသင်း လူနာတင်ယာဥ်ဖြင့်လည်းကောင်း မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 March 2024
အူမကြီးကင်ဆာဟာ အူမ သို့မဟုတ် အစာဟောင်းအိမ်ကနေ အစပြုတဲ့ ကင်ဆာဖြစ်ပါတယ်။
အဖြစ်အများဆုံး ကင်ဆာတွေထဲက တစ်မျိုးဖြစ်သလို စောစီးစွာ ရောဂါတွေ့ရှိပြီး နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလိုက်ပါကလည်း ကာကွယ်နိုင်ပါတယ်။
အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာ စားသုံးခြင်းက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။
အူမကြီးထဲမှာ ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်တာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ဖော်ပြလိုက်ပါတယ်။
(၁) ပဲကြီး၊ ပဲနီလေး၊ ကုလားပဲ၊ စားတော်ပဲတို့ဟာ အမျှင်ဓာတ် ကြွယ်ဝပြီး ပရိုတိန်း ဗိုက်တာမင်တို့လည်း ပါဝင်ပါတယ်။
(၂) ဆန်၊ အုတ်စပါး၊ ဘာလီ၊ ဆန်ညိုတို့ဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကျန်းမာရေးကို အကောင်းဆုံး ဖြစ်စေပါတယ်။
(၃) အသီးအနှံအမျိုးမျိုးကို အသီးလိုက်စားသုံးခြင်းက အမျှင်ဓာတ် အများဆုံးရရှိနိုင်ပါတယ်။
(၄) ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ ကိုက်လံ၊ ကန်စွန်းဥတို့ဟာ အမျှင်ဓာတ် ပေးစွမ်းပါတယ်။
(၅) ဗာဒံသီး၊ လျှော်စေ့၊ ဖရုံသီးတို့ဟာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။
(၆) ပိုးတီထုပ်ဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ကင်ဆာဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိပါတယ်။
(၇) ပါစတာနဲ့ ပေါင်မုန့်ကြမ်းတို့က အမျှင်ဓာတ်များများ ရစေပါတယ်။
(၈) ပြောင်းဖူးပေါက်ပေါက်ဆုပ်ဟာလည်း အမျှင်ဓာတ်ကြွယ်ဝပြီး ထောပတ်နဲ့ ဆားရှောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။
(၉) ဆီးသီးခြောက်တွေဟာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းသွားရ လွယ်ကူစေပါတယ်။
(၁၀) လျှော်စေ့မှာ အမျှင်ဓာတ်များ ပါဝင်ပြီး အချိုပွဲတွေမှာ အမှုန်ခြေထည့်စားနိုင်ပါတယ်။
Source: DoctorNDTV
#World_Health
#Published_ 22 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 22 March 2024
ကမ္ဘာတဝှမ်းမှာ ဆီးချိုရောဂါ ဒုတိယအမျိုးအစား ခံစားနေရသူ သန်း ၅၀၀ နီးပါးရှိနေပြီး အင်ဆူလင်ကုသမှု ခံယူနေရသူ သန်း ၂၀၀ ခန့်ရှိပါတယ်။
ဆီးချိုရောဂါ ပထမအမျိုးအစား ခံစားရသူကတော့ ၉ သန်းခန့်ရှိနေပြီး ပန်ကရိယကနေ အင်ဆူလင် မထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။
အခုဆိုရင် ဘရာဇီးလ်တောင်ပိုင်းမှ နွားညိုတစ်ကောင်ဟာ နို့ထဲမှာ လူသားအင်ဆူလင်ကို ထုတ်လုပ်ပေးတဲ့ ပထမဆုံးမျိုးဗီဇပြောင်းနွားမ ဖြစ်လာပါတယ်။
ဘရာဇီးလ်တက္ကသိုလ်မှ သုတေသီများဦးဆောင်တဲ့ အဆိုပါစမ်းသပ်ချက်ဟာ အင်ဆူလင်ထုတ်လုပ်မှု အသစ်ဖြစ်လာနိုင်ပြီး ကုန်ကျစရိတ်များပြားတဲ့ ဆေးဝါးတွေနေရာမှာ အစားထိုးလာနိုင်ပါတယ်။
နောက်ထပ်စမ်းသပ်မှုများ ပြုလုပ်ပြီး အမေရိကန် အစားအစာနှင့်ဆေးဝါး ကွပ်ကဲရေး(FDA)မှ အသိအမှတ် ပြုလိုက်ပါက အင်ဆူလင်ထုတ်နွား ဖွံ့ဖြိုးရေးစီမံကိန်း ကျယ်ပြန့်လာလိမ့်မယ်လို့ အီလီနွိုက်စ်တက္ကသိုလ်မှ တိရိစ္ဆာန်သိပ္ပံ ပရော်ဖက်ဆာ မတ်ဝီလာက ပြောပြသွားပါတယ်။
ပရော်ဖက်ဆာနဲ့ အဖွဲ့သားတွေက အင်ဆူလင်ရှေ့ပြေးပရိုတိန်းဖြစ်တဲ့ ပရိုအင်ဆူလင်ဖြစ်လာမယ့် လူသားဒီအင်န်အေ အပိုင်းအစကို နွားသန္ဓေ ၁၀ ကောင်ရဲ့ ဆဲလ်နျူကလီယပ်စ်ထဲသို့ ထည့်သွင်းခဲ့ပါတယ်။
ဒီနောက် ဘရာဇီးလ်ရှိ သာမန်နွားမတွေရဲ့ သားအိမ်ထဲ ထည့်သွင်းခဲ့ရာမှာ မျိုးဗီဇပြောင်းနွားပေါက်တစ်ကောင် မွေးဖွားခဲ့ပါတယ်။
အဆိုပါနွားမ အရွယ်ရောက်တဲ့အခါ သာမန်သုတ်ပိုးထည့်သွင်းခြင်း နည်းပညာဖြင့် ကိုယ်ဝန်ဆောင်စေရန် ကြိုးပမ်းရာ မအောင်မြင်ခဲ့ပါဘူး။
ဒီအတွက် ဟော်မုန်းများအသုံးပြုပြီး ပထမဆုံးနို့ရည်ထွက်အောင် လှုံ့ဆော်ခဲ့ပါတယ်။
သန္ဓေတည်တဲ့ အခြေအနေလောက် နို့ထွက်မများပေမယ့် လူသား ပရိုအင်ဆူလင်နဲ့ အင်ဆူလင်တွေကို နို့ထဲမှာ တွေ့ရှိခဲ့ပါတယ်။
နို့ထွက်ပမာဏနည်းပါးတာကြောင့် အင်ဆူလင် ဘယ်လောက်များများ ပါလာနိုင်သလဲဆိုတာ ခန့်မှန်းလို့ မရသေးပါဘူး။
နွားမကို ထပ်မံပွားယူပြီး နောက်ထပ်မျိုးဆက်တွေမှာ ကိုယ်ဝန်ဆောင်ခြင်းနဲ့ အပြည့်အဝ နို့ရည်ထွက်ခြင်းတို့ ရရှိရန် အဖွဲ့ဝင်တွေ မျှော်လင့်နေကြပါတယ်။
မျိုးဗီဇပြောင်းနွားထီးတွေကို နွားမတွေနဲ့ မိတ်လိုက်စေပြီး မျိုးဗီဇပြောင်း နွားပေါက်များ ဖြစ်လာစေရန် ရည်မှန်းနေကြပါတယ်။
ဆီးချိုလူနာတွေအတွက် အင်ဆူလင်နို့ မထုတ်လုပ်ခင်မှာ အင်ဆူလင်ထုတ်လုပ် စုဆောင်းရေးအတွက် ထိရောက်တဲ့စနစ်နဲ့ FDA အသိအမှတ်ပြုရန် လိုအပ်ပါတယ်။
Source: The Jerusalem Post
#World_Science
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရုရှားသမ္မတ ရွေးကောက်ပွဲပြီးနောက် တနင်္လာနေ့က မီဒီယာရှင်းလင်းပွဲတစ်ခုမှာ သမ္မတ ဗလာဒီမာပူတင်က လာမယ့်နှစ်တွေမှာ ရုရှားနဲ့ တရုတ်တို့ကြား ဆက်ဆံရေးဟာ ဆက်လက်မြင့်မားလာမယ်လို့ ပြောကြားလိုက်ပါတယ်။
#World_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 March 2024
၁။ ဈေးပေါပေါနှင့် သင်္ကြန်ရက်ခရီးသွားရမည်ဆိုပြီး လိမ်နေသူများရှိ၍ သတိထားရန်လို၊ ကားကြိုငှား ထားသင့်ဟုဆို
၂။ မိုးစပါးကုန်ပြီး နွေဆန်များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင်ရောက်
၃။ ငါးနှစ်အတွင်း အုန်းသီးဈေး အမြင့်ဆုံးသို့ ရောက်ရှိလာဟုဆို
၄။ တရုတ်နှင့်ဆက်ဆံရေး ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ရုရှားသမ္မတရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည့် ပူတင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 21 March 2024
တာမွေမြို့နယ်၌ မွေးကင်းစကလေးစွန့်ပစ်မှု ယနေ့မတ်လ၂၁ရက်နေ့တွင် ဖြစ်ပွားပြီး ကလေးမှာ ချက်ပိုးဝင်နေကြောင်း မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ မှသိရသည်။
ဖြစ်စဉ်မှာ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ကျိုက္ကဆံလမ်းပေါ် ညအိပ်ရပ်ထားသော Hijetအမျိုးအစား မော်တော်ပေါ်မွေးကင်စကလေး(မ) ၁ဦးအား စွန့်ပစ်ခဲ့ပါသဖြင့် သက်ဆိုင်ရာဌာနများ အကြောင်းကြား၍ ကလေးငယ်မှ ာချက်ကြိုးကပ်ဖြတ်ထားသောကြောင့် သွေးထွက်နေသဖြင့် သျှင်ပါရဂူဆေးရုံသို့ ဝင်ရောက်ပြသပေးပြီး(အရှေ့ပိုင်ခရိုင်လူ/ကယ်ပြန်ဌာန)မှ တာဝန်ရှိသူများခေါ်ဆောင်၍ ရန်ကုန်ကလေးဆေးရုံ အရေးပေါ်ဌာန(ဟယ်ပင်)သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကလေးမှာ ချက်မှပိုးဝင်နေသည်ဟု သိရသည်။
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ရွှေပြည်သာ၊ဗဟန်းအပါအဝင် မြို့နယ်အချို့တွင် ယနေ့ မတ်လ (၂၁)ရက် နေ့လယ်ပိုင်း၌ အချိန်အခါ မဟုတ်မိုးဖွဲဖွဲနှင့် မိုးထစ်ချုန်းရွာသွန်းကြောင်း သိရသည်။
ယင်းကဲ့သို့ ဒေသအချို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာခြင်း၊မိုးသက်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊မိုးသီးကြွေခြင်းများဖြစ်နိုင်ကြောင်းကိုလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသတိပေးထားသည်။
အချိန်အခါမဟုတ်မိုးရွာရသည့်အကြောင်းကတော့ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာသော တိမ်တိုက်တွေကြောင့်လည်း ကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့် လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ၏ အရှိန်ကြောင့် လည်းကောင်း ဒေသတော်တော်များများမှာ မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်သည်ဟုဆိုသည်။
မတ်လ(၂၁)ရက်ညနေပိုင်းအချိန်ထိခန့်မှန်းချက် အနေဖြင့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။
နောက်(၂)ရက် မတ်လ(၂၂)ရက်(၂၃)ရက်အတွက်ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှုများအတွက် ဂုဏ်ထူးဆောင်တံဆိပ်(၄)မျိုးပေးအပ်နိုင်ရန်ဥပဒေတွင်ဖြည့်စွက်ပြဌာန်းလိုက်ကြောင်းသိရသည်။
၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည်ဟု နစကမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်ပနိုင်ငံ များနှင့် ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်ရာ၌စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကိုဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ဥပဒေကို ဖြည့်စွက်ခြင်းများဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။
ဖြည့်စွက်ပြဋ္ဌာန်းလိုက်သည့် ဂုဏ်ထူးဆောင်တံဆိပ်လေးမျိုးမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု တံဆိပ်များ အဖြစ် သီရိဇေယျကျော်တံဆိပ်၊ သီရိသိင်္ခကျော်တံဆိပ်၊ နိုင်ငံတကာစစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တံဆိပ်များ အဖြစ် သီရိသီဟကျော်တံဆိပ်၊ သီရိသူရကျော်တံဆိပ််များဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်အပ်နှံနိုင်ရေးအတွက် ချီးမြှင့်ခံထိုက်သည့် ပုဂ္ဂိုလ်များ၏ အရည်အချင်းသတ်မှတ်ချက်၊ သက်ဆိုင်ရာတံဆိပ်အသီးသီး၏ပုံသဏ္ဌာန်၊ အရွယ်အစား၊ အတိုင်းအထွာ၊ ဖဲကြိုး အရောင်အသွေး၊ တံဆိပ်ပါအမှတ်အသားများ၏ အဓိပ္ပာယ်ဖော်ဆောင်ချက်၊ အဆင့်ဆင့်ထောက်ခံတင်ပြရန် နည်းလမ်း၊ ဂုဏ်ပြုစာလွှာ စသည်များကို ဖြည့်စွက်ပြဋ္ဌာန်းလိုက်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
အလင်္ကာကျော်စွာ၊ အနုပညာထူးချွန် ပထမဆင့်ရ ဆိုင်းပညာရှင်ကြီး ရွာစား ဘဘဦးစိန်မြအောင် သည် မတ်လ(၂၁)ရက်၌ ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှသိရသည်။
"နှမျောလိုက်တာ အဖေကြီးရယ် မြန်မာ့ဇာတ်သဘင်ရဲ့ အားအထားရဆုံး မြန်မာ့ဂီတမဏ္ဍိုင်ကြီး ကောင်းရာဘုံဋ္ဌာနသို့ရောက်ပါစေ"ဟု ဇာတ်သဘင် ပညာရှင် ကျားလေးစိန်ကဖော်ပြထားသည်။
ရွာစား ဘဘဦးစိန်မြအောင်သည်မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၏ဒုဥက္ကဌ (၂)လည်းဖြစ်သည်။
တာဝန်ထမ်းဆောင်ချိန်တလျှောက် သဘင့်တာဝန်များကို အလွန်ကျေပွန်စွာဖြင့်သဘင့် သားသမီး မြေးမြစ်များအပေါ်အစစ စောင့်ရှောက်ခဲ့ပါသောဒုဥက္ကဌကြီး ကွယ်လွန်ခြင်းမှာသဘင်လောကအတွက်အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် နှမြောတသ ဝမ်းနည်း ကြေကွဲရကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)မှ ထုတ်ပြန်ထား ကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 21 March 2024
လာမည့် မတ်၂၄ ရက်(တပေါင်းလပြည့်နေ့)တွင် စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၌ ပါမောက္ခချုပ်ဆရာတော်ကြီး၏ သက်တော်(၈၄) နှစ်ပြည့်မွေးနေ့ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ ကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက၊ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ကြီး၏ သက်တော် (၈၄) နှစ်ပြည့် ဝိဇာတမွေးနေ့အထိမ်းအမှတ် ကုသိုလ်ကို မတ် ၂၄ ရက်(တပေါင်းလပြည့်နေ့)တွင် ပြုလုပ်မည်ဖြစ် သည်။
မွေးနေ့အလှုအဖြစ် စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံကျောင်း တိုက်တွင် သံဃာအပါး (၅၀၀)၊ သီလရှင် အပါး (၅၀၀)တို့ကို ပင့်ဖိတ်၍ လှူဖွယ်ပစ္စည်းများ သံဃဒါန လောင်းလှူမည်ဖြစ် ပြီး နံနက် ၉ နာရီတွင် ပါမောက္ခချုပ်ဆရာတော်ကြီးက အနုမောဒနာတရား ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 March 2024
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်ရှိ စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ထံ က သိရသည်။
အဆိုပါ မင်္ဂလာကန် တော်အတွင်း ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရန် RC Driving Pile အခြေပြု သံကူကွန်ကရစ်တံတား (လူလျှောက်လမ်း) အရှည် ၇၇၀ ပေ၊ အကျယ် ၇ ပေ တည်ဆောက် နေကြောင်း သိရသည်။
ယင်းတည်ဆောက် နေ မှု ကို ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရ အဖွဲ့ဝင် များ လာရောက် ကြည့်ရှုစစ်ဆေးခဲ့ ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူ အပန်းဖြေနိုင်ရေး၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ် နိုင်ရေး၊ ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင် ရွက်ရန်၊ ကန်ဘေးပတ်ဝန်းကျင် အလင်းရောင်ကောင်းစွာရရှိရေး လျှပ်စစ်မီးများ ထွန်းရန်နှင့် လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နွေခရမ်းချဉ်သီးဈေး ကျဆင်းနေ၍ တောင်သူများကိုယ်တိုင် နီးစပ်ရာဈေးများ၌ လိုက်ရောင်းချ
' အဲ့တာကြောင့် ခရမ်းချဥ်သီးတောင်သူတွေကိုယ်တိုင် ဈေးမှာကိုယ်တိုင်လာရောင်းနေတာကို တွေ့ရတယ်၊ အရင်တုန်းက ကုန်သည်တွေနဲ့ သူတို့အလုပ်လုပ်ကြတာ၊ '
Yangon Times/NN
#Local_News
#Published_ 21 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 446 of 1648