#Local_News
Published 18 December 2024
▪️ တရုတ်-မြန်မာ ရွှေလီ-မူဆယ် နိုင်ငံဖြတ်ကျော်မာရသွန်ပြေးပွဲတွင် မြန်မာနိုင်ငံမှ အမျိုးသား အားကစားသမား ၁၂ဦးနှင့် မြန်မာနိုင်ငံသား တစ်ထောင်ခန့်ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
▪️ အဆိုပါနိုင်ငံဖြတ်ကျော် မာရသွန်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲပြေးလမ်းတစ်လျှောက်တွင် ထူးခြားချက်ရှိသောရသာမွန် စားသောက်ဖွယ်ဖြင့် အားဖြည့်ရာနေရာ ၄ ခုစီစဉ်ထား၍ အားကစားသမားများ အားဖြည့်သုံးဆောင်နိုင်ရန် တိုင်းရင်းသားရသာမွန်စားဖွယ်စုံပေါင်း ၂၀၀၀ ကျော်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကာလအတွင်း ရွှေလီမြို့ဟောင်းစသည့်ဒေသများတွင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပြပွဲ၊ ပွဲဈေး၊ မနောအက၊ မီးပုံပွဲတော်၊ တိုင်းရင်းသားအဆိုတော်စတိတ်ရှိုး စသည့်လှုပ်ရှားမှုများလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ပြိုင်ပွဲတွင် မြန်မာနိုင်ငံသားများ မာရသွန်ပြိုင်ပွဲ၊ မြန်မာနိုင်ငံသားများ တစ်ဝက်မာရသွန်ပြိုင်ပွဲဆုများလည်း သီးသန့်စီစဉ်ထားကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံမှ ပြည်သူများကလည်း တရုတ်-မြန်မာ မူလတန်းကျောင်းသားများ၊ ဒေသခံတိုင်းရင်းသားလူမျိုး ၅ ခု စသည့် လူပေါင်း ၁၂၀၀ ကျော်ဖြင့် ပန်းဖွားအကအဖွဲ့ဖွဲ့စည်းကာ မြန်မာအဆိုအက၊ တိုင်းရင်းသားအဆိုအက ဖျော်ဖြေတင်ဆက်မှုများဖျော်ဖြေကာ ပြိုင်ပွဲပြေးလမ်းတစ်လျှောက်နေရာ ၃၅ ခုတွင် ပြိုင်ပွဲဝင်များကို အားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 December 2024
▪️ ပဲခူးတိုင်းဒေသကြီးအတွင်းနေထိုင်သော ပြည်သူများအား ကြိမ်၊ ဝါး အခြေခံသည့် အသုံးအဆောင်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်တတ်စေရန် သင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
▪️ ကြိမ်၊ ဝါး အခြေခံ လက်မှုထည်ထုတ်လုပ်မှုနည်းပညာ သင်တန်းကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ယခုလ၁၇ရက်က ပဲခူးမြို့၊ သီရိဟံသာခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
▪️ ပဲခူးတိုင်းဒေသကြီးသည် ကြိမ်၊ ဝါး ပေါများစွာထွက်ရှိသည့် အရပ်ဒေသဖြစ်၍ သဘာဝထွက်ကုန်များအပေါ် အခြေခံကာ အသုံးအဆောင်ပစ္စည်းများစွာ ထုတ်လုပ်နိုင်သည့်အတွက် ဒေသတစ်ခုတည်းဈေးကွက်မဟုတ်ဘဲ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းဖွင့်ပွဲအခမ်းအနားတွင်ပြောကြားခဲ့သည်။
▪️ ကြိမ်၊ ဝါး အခြေခံသည့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်သည့်နည်းပညာကို တတ်မြောက်စေရန် ကျွမ်းကျင်သည့်လက်မှုပညာရှင်များဖိတ်ခေါ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်တတ်စေရန် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ မိသားစုများ၏ လူမှုစီးပွားဘဝမြင့်မားစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ယခုသင်တန်းအပြင် စားသုံးကုန်ထုတ်လုပ်သည့် သင်တန်းများလည်း ထပ်မံဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 17 December 2024
▪️ အမေရိကန် နှလုံးအသင်းကြီးက ကြက်ဥဟာ ညံ့ဖျင်းတဲ့ စားနေကျအစာဖြစ်ပြီး နှလုံးရောဂါဖြစ်နိုချေရှိတယ်လို တောက်လျောက်ပြောထားပေမယ့် တကယ်တမ်းတော့ အဲသလိုဆိုးရွားတာမဟုတ်ဘူးလို ဂျော်ဂျီယာ ဆာဗားနားမှ နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာ ဂျရယ်မီလန်ဒန်က ဖောက်စ်နယူးကိုပြောပါတယ်။
▪️ ကြက်ဥဟာ ဘုရားကပေးတဲ့ လက်ဆောင်ဖြစ်ပြီး ပရိုတိန်းကြွယ်ဝစွာ ပါဝင်တယ်လို့ ဆိုပါတယ်။
▪️ ပုံမှန်ကြက်ဥတစ်လုံးမှာ ပရိုတိန်း ၅-၆ ဂရမ်မျှ ပါဝင်ပြီး သတ္တုဓာတ်များ၊ ဗိုက်တာမင်-ဒီ ဗိုက်တာမင်-ဘီ၁၂ ဆယ်လီနီယံ ကိုလင်းစတဲ့ အာဟာရဓာတ်များ ပါဝင်တယ်လို့ ဆိုပါတယ်။
▪️ ဒါကြောင့် လူတိုင်းအတွက် အာဟာရဓာတ် ပေးစွမ်းနိုင်တဲ့ စားစရာဖြစ်ပါတယ်။
တစ်နေ့ကို ကြက်ဥတစ်လုံးစားခြင်းဟာ အရွယ်ရောက်သူများအတွက် နှလုံးကျန်းမာရေး သင့်လျော်စေပြီး နှစ်လုံးစားပါက ကိုလက်စ်ထရောလ် ပုံမှန်ရှိတဲ့ အသက်ကြီးသူများအတွက် သင့်လျော်ပါတယ်။
▪️ ကြက်ဥတွေထဲမှာမှ အပြင်မှာလွှတ်ပေးထားတဲ့ ကြက်တွေဆီက ကြက်ဥတွေဟာ ပိုပြီးအကျိုးရှိစေတယ်လို့ လန်ဒန်က ယုံကြည်နေပါတယ်။
▪️ ကြက်ဥ အကာနဲ့အနှစ်မှာ နှလုံးအတွက်အဆိုရင် အနှစ်ကနေ အကျိုးကျေးဇူးရရှိစေပါတယ်။
▪️ ဒါပေမဲ့ အနှစ်ထံမှ အာဟာရတန်ဖိုးအပြင် နောက်ထပ်ပရိုတိန်းလည်း ရလိုတာကြောင့် လန်ဒန်ကတော့ ၂မျိုးစလုံးစားပါတယ်။
▪️ ကြက်ဥစားမစားဆိုတာက တစ်ဦးချင်းစီရဲ့ ရွေးချယ်မှုသာဖြစ်ပြီး ကိုယ့်ခန္ဓာကိုယ်က လိုအပ်တဲ့အတိုင်း သင့်လျော်စွာ စားသောက်ဖို့သာ လန်ဒန်က အကြံပြုသွားပါတယ်။
#Source: New York Post
#World_Health
Published 18 December 2024
▪️ အင်ဒရာပရတ်စ်သာ အိုင်တီဒေလီတက္ကသိုလ်မှ သုတေသီများက အိုမင်းရင့်ရော်ခြင်းကို နှောင့်နှေးစေကာ အသက်ရှည်ကျန်းမာစေမယ့် မော်လီကျူးတွေကို ရှာဖွေဖို့အတွက် AIနည်းပညာသုံး AgeXtend ကို ဖန်တီးလိုက်ပါတယ်။
▪️ ဒီဖန်တီးမှုဖြင့် အိုမင်းရင့်ရော်ခြင်းနဲ့ အသက်အရွယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာများကို ဖြေရှင်းဖို့ မျှော်လင့်လာကြပါတယ်။
▪️ AgeXtend က ရှိပြီးသား အိုမင်းဆန့်ကျင်မော်လီကျူးတွေကနေ အချက်အလက်များ အသုံးပြုပြီး အသစ်ဖြစ်လာနိုင်တာတွေ ခန့်မှန်းရတာ ဖြစ်ပါတယ်။
▪️ ဖြစ်နိုင်ခြေရှိတာတွေသာမက ယင်းတို့ရဲ့ အဆိပ်သင့်ပုံများနဲ့ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကိုပါ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
▪️ ဆက်ရှီအေရိုရာဦးဆောင်တဲ့ သုတေသီတွေက AIနဲ့ ဇီဝဗေဒကို ပေါင်းစပ်ကာ လူတွေကို အသက်ရှည်ကျန်းမာစေမယ့် နည်းလမ်းများ ရှာပေးနိုင်မယ့် AgeXtend ကို ဖန်တီးကြတာ ဖြစ်ပါတယ်။
▪️ မော်လီကျူးပေါင်း ၁.၁ ဘီလီယံကို စစ်ဆေးခဲ့ရာမှာ ဖြစ်နိုင်တဲ့ မော်လီကျူးအများအပြားတွေ့ခဲ့ပါတယ်။
▪️ ခန္ဓာကိုယ်ထဲက သဘာဝဒြပ်ပေါင်းတွေကို စမ်းသပ်ကာ အိုမင်းဆန့်ကျင်နိုင်တယ်လို့ ယူဆတဲ့ မော်လီကျူးတွေကို လူသားဆဲလ်တွေမှာ စမ်းသပ်ခဲ့ကြပါတယ်။
▪️ အကြီးတန်းသုတေသီ ဒေါက်တာ ဂေါ်ရက်ဗ်အဟူဂျာက AgeXtend ဟာ အိုမင်းဆန့်ကျင် မော်လီကျူးများကို ခန့်မှန်းနိုင်ပြီး အိုမင်းရင့်ရော်ခြင်းနဲ့ ဆက်စပ်ရောဂါများအတွက် ကုသမှုအသစ်များ ရရှိလာနိုင်တဲ့အရာဖြစ်တယ်လို့ ပြောသွားပါတယ်။
▪️ ဒါ့အပြင် ယခုသုတေသနဟာ ကျန်းမာအသက်ရှည်ရေးအတွက် ခြေလှမ်းကြီးတစ်ခု ဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
▪️ AgeXtendဟာဆိုရင် လူသား အဏုဇီဝဆဲလ်များ၊ ပိုးမွှားသက်ရှိများထဲမှ သဘာဝဒြပ်ပေါင်းများနဲ့ ဆဲလ်ရင့်ရော်ခြင်းကို ထိန်းချုပ်ပေးတဲ့ အခန်းကဏ္ဍများကို ဆန်းစစ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
#Source: India Today
ဘယ်လ်ဂျီယံမှာ အိမ်တိုင်းအိမ်တိုင်းက ချောကလက် နှစ်သက်ကျပေမယ့် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် စားသုံးသူတွေအတွက်ရော ထုတ်လုပ်သူတွေအတွက်ပါ ဒုက္ခဖြစ်လာပါတယ်။
#World_Business
Published 17 December 2024
#ငွေကြေးဖောင်းပွမှု #ချောကလက်လုပ်ငန်းထိခိုက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 December 2024
၁။ အခွန်ကင်းလွတ်ခွင့်ပြုထားသော လက်ခစားအပ်ကုန်စနစ်တွင် သတ်မှတ်ချက် မကိုက်ညီပါကအခွန်နှင့်ဒဏ်ကြေးပေးရမည်
၂။ ရန်ကုန်မြို့၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် မကြာခင်ဖွင့်လှစ်မည်
၃။ ကြံကြိတ်ခွဲရာသီ စတင်ချိန် သကြားဈေးအမြင့်တန်း၌ငြိမ်နေ
၄။ ငွေကြေးဖောင်းပွမှုကြောင့် ဘယ်လ်ဂျီယံတွင် ချောကလက်လုပ်ငန်းထိခိုက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 17 December 2024
▪️ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။
▪️ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ ၂၀၂၄ ဖြင့် စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်
Encouraging Small Scale Industries in Agro-based Sector "စီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်သည်။
▪️ အဆိုပါ သင်တန်းများမှာ တာရှည်ခံသဘာဝသစ်သီးဖျော်ရည် ၊ယိုနှင့် သစ်သီးခြောက် အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊Bakery and Snack
အမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်း၊ ရေခဲမုန့်၊အအေးနှင့်အဖျော်ယာမကာထုတ်လုပ်မှုနည်းပညာသင်တန်း၊အသင့်စားစားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ Food Safety Management (GMP/GHP) ၊ Packaging and Labelling ၊ Quality Control of Food ၊ Marketing and Business Plan စသည့် ထုတ်လုပ်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် စားသောက်ကုန်ထုန်လုပ်ခြင်းလုပ်ငန်း စနစ်တကျတည်ထောင်လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများတက်ရောက်နိုင်ရေး အတွက်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသို့ရုံးချိန်အတွင်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးတွေဈေးနှုန်းပြန်မြင့်တက်လာတယ်လို့ အောင်ပန်းမြို့ကုန်စိမ်းပွဲရုံတွေက သိရပါတယ်။
#Local_News
Published 17 December 2024
#ခရမ်းချဉ်သီးဈေးတက် #အောင်ပန်းမြို့ကုန်စိမ်းပွဲရုံ
#YMG/NN #Yangon_Times
ကြံကြိတ်ခွဲရာသီ စတင်ချိန်သကြားဈေးအမြင့်တန်း၌တည်ငြိမ်နေတယ်လို့ မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 17 December 2024
#ကြံကြိတ်ခွဲရာသီ #သကြားဈေးတက်
#YMG/NN #Yangon_Times
ရန်ကုန်မြို့ရဲ့ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင်ဖြစ်တဲ့ ရွှေတိဂုံစေတီတော်နဲ့ပြည်သူ့ရင်ပြင်ကြား ဆက်သွယ်ထားတဲ့ မြေအောက်လမ်းကူးလူသွားဥမင်ကို မကြာခင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 17 December 2024
#မြေအောက်လမ်းကူး #လူသွားဥမင်
#YMG/SW #Yangon_Times
လက်ခစားအပ်ကုန်စနစ်နဲ့ ပြည်ပကတင်သွင်းလာတဲ့ကုန်ပစ္စည်းတွေ၊ထုတ်ပိုးပစ္စည်းတွေအပေါ် အကောက်ခွန်အားလုံးကင်းလွတ်ခွင့်ပြုထားပေမယ့် သတ်မှတ်ချက်တွေနဲ့မကိုက်ညီဘူးဆိုရင် ကျသင့်အခွန်အားလုံးနဲ့ သတ်မှတ်ဒဏ်ကြေးတွေပေးဆောင်ရမယ်လို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 17 December 2024
#လက်ခစားအပ်ကုန်စနစ် #အခွန်ကင်းလွတ်ခွင့်
#YMG/SW #Yangon_Times
၁၇ ဒီဇင်ဘာ ၂၀၂၄
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ လျှပ်စစ်စကူတာဆိုင်ကယ်ထဲ ဖွက်ထားတဲ့ ဗုံးတစ်လုံး အင်္ဂါနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ပေါက်ကွဲတဲ့ အတွက် နျူကလီးယားကာကွယ်ရေးတပ်ဖွဲ့အကြီးအကဲ ရုရှားဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ် သေဆုံးသွားခဲ့ရပါတယ်။
ရုရှားနိုင်ငံ နျူကလီးယား၊ ဇီဝနှင့်ဓာတုလက်နက်များကာကွယ်ရေးတပ်ဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အီဂေါကီရီလော့ဗ်ဟာ ကရင်မလင်ရဲ့ အရှေ့တောင်ဘက် လေးမိုင်လောက်သာဝေးတဲ့ ရာဇန်စကီပရော့ပက် လူနေအဆောက်အဦရဲ့ အပြင်ဘက်မှာ အဆိုပါဗုံးကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
သူနှင့်အတူ သူ့လက်ထောက်ပါသေဆုံးသွားတယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ထုတ်ဖော် ပြော ကြားပါတယ်။
ရုရှားရဲ့ အဆိုပါတပ်ဖွဲ့ဟာ RKhBZ လို့သိကြပြီး ရေဒီယိုဓာတ်သတ္တိကြွံနေချိန်၊ ဓာတုနှင့် ဇီဝဆိုင်ရာ ညစ်ညမ်းမှုတွေဖြစ်နေချိန်မှာ အလုပ်လုပ်ကြရတဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ တရားစွဲရှေ့နေတွေက ကီရီလော့ဗ်ကို ယူကရိန်းကိုတိုက်ခိုက်ရာမှာ တားမြစ်ထားတဲ့ ဓာတုလက်နက်တွေအသုံးပြုတယ်လို့ စွပ်စွဲကာ တနင်္လာနေ့ (ဒီဇင်ဘာ ၁၆ )ရက်က မျက်ကွယ်တွင် တရားစွဲခဲ့ပါတယ်။ရုရှားက အဆိုပါစွပ်စွဲချက်ကိုပယ်ချပစ်ခဲ့ပါတယ်။
Source Reuters
Page 446 of 1936