မကွေးတိုင်းဒေသကြီး အတွင်း ရေသွင်း မိုးကြိုနှမ်း စိုက်ပျိုးတဲ့ တောင်သူ တွေ ကို တစ်ဦးလျှင် ချေးငွေ ကျပ်၃သိန်း စီ ထုတ်ချေးပေးတယ်လို့ မကွေးတိုင်းတောင်သူဖွံဖြိုးရေးအဖွဲ့ထံ က သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
နယ်စုံမှာ အခြေခံစားကုန်လှိုင်လှိုင်ထွက်ချိန် ဘုရင့်နောင်ဈေးကွက်သို့ အဝင်များပြီး ဈေးနှုန်းတွေ ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖို့ဆောင်သီးနှံစိုက်ပျိုး တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ခရီးစဉ် ပြေးဆွဲနေပါတယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိတယ်။ ရန်ကုန်ကနေ ပုဂံကို သောကြာနေ့ ညနေ ၄နာရီ ၁၅မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ ရန်ကုန်-မန္တလေးရထားလည်း အပတ်စဉ် ရှိပါတယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို တတိယအကြိမ်အဖြစ်ယနေ့ စတင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည် ။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံ အနီး သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို ရန်ကုန်၌ နေထိုင်ပြီး နေရေးအခက်အခဲရှိသည့် ပြည်သူများ ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းများကို ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ဆိုသည် ။
ထို့အပြင် ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့်လျှောက်လွှာများကို ကြိုတင်ရောင်းချသွားမည် ဖြစ်သည်။
အဆိုပါ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း ၄ လိုင်း ပြေးဆွဲသွားရန်လျာထားပြီးလက်ရှိတွင် စတင်နေထိုင်သူများ အဆင်ပြေစေရန် အမှတ် ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင်ဝင်ရောက် ပြေးဆွဲနေပြီလို့လည်း သိရသည်။
ထို့အပြင် စုစုပေါင်းအခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် ငှားရမ်းနေထိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးသွားရန်လျာထားကြောင်း၊ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင် ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌ တွေ့ရှိသော လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင် သဘောထားမှတ်ချက်ပြုထားသည့် "Common Bluebottle" လိပ်ပြာပုံ (၂၀၀) ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် (၁)မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကာ အဆိုပါ စာပို့တံဆိပ်ခေါင်းအသစ်အား၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များမှ နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတွင် ဝယ်ယူသူများကို စာပို့တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
ပြည်ပမှတင်သွင်းလာသည့် ပစ္စည်းများအတွက် သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများကို၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်နေ့မှစတင်၍ ထပ်တိုးသတ်မှတ်လိုက်ကြောင်း သိရသည်။
ပထမအဆင့်၊ဒုတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများအပြင် ယခု တတိယအဆင့် သွင်းကုန်လိုင်စင်လျှောက်ရန်လိုသော ကုန်စည်လိုင်းများမှာ တဆေး၊အထွေထွေ စားသောက်ကုန်၊အိမ်မွေး တိရစ္ဆာန်အစာ၊ ဆိုးဆေး၊ အရောင်တင်ဆီ၊ဆပ်ပြာကုန်ကြမ်း၊ လျှပ်စစ်ပစ္စည်းနှင့် အပိုပစ္စည်းများ၊အထွေထွေသုံး ဓာတုပစ္စည်း၊သားရေကုန်ကြမ်း၊ လျှပ်စစ်မော်တာ ၊ဂျန်နရေတာ၊စက်နှင့်စက်ပစ္စည်းများ၊ကြိုး၊ဂုန်လျှော်ကြိုး ၊နိုင်လွန်ချည်အစရှိသည့်ပစ္စည်းများတင်သွင်းမှုအတွက် သွင်းကုန်လိုင်စင်များ မေလ(၁)ရက်မှစပြီး သွင်းကုန်လိုင်စင်ရှိရန် လိုအပ်လာမည် ဖြစ်သည်။
ယခု တတိယအဆင့်အဖြစ် H.S Code 6 digit ဖြင့် ကုန်စည်(၅၃၆)လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန်စည်(၁၁၃၁)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်လာမည်ဖြစ်သည်ဟု ဆိုသည်။
သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများကို HS Code 10 digit အရ ကုန်စည် (၃၀၇၀)၊ (၈၂၆) နှင့် (၁၄၁) လိုင်း တို့ကို ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)၊ (၁/၂၀၂၂)နှင့်(၂/၂၀၂၂)တို့ဖြင့် အသီးသီးထုတ်ပြန်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၅ မတ် ၂၀၂၄
ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ မြန်မာပြည်သူများအတွက် လူသားချင်း စာနာထောက် ထားမှုအကူအညီများလွှဲပြောင်းပေးအပ်တဲ့အခမ်းအနားကို ယနေ့ မတ်၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဒုတိယ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး ထိုင်းနိုင်ငံဘက်မှာ ကျင်းပခဲ့ကြောင်းသိရှိရပါတယ်။
မြန်မာနိုင်ငံမှ လူ နှစ်သောင်းစာအတွက် ဆန်၊ ကုန်ခြောက်များနှင့် အခြားမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့ ကယ်ဆယ်ရေးအိတ် ၄၀၀၀ ကို ထိုင်းကြက်ခြေနီအသင်း မဲဆောက်ရုံးခွဲမှ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြဝတီခရိုင် ဥက္ကဋ္ဌထံ လွှဲအပ်ခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကောနှင့် ထိုင်းနိုင်ငံ တပ်ခ်ပြည်နယ်နှင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်တို့မှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များနှင့် လူမှုအသိုက်အဝန်း များမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယင်းအပြင် အာဆီယံ (AHA Centre) ဘေးအန္တရာယ်စီမံခန့်ခွဲ မှု လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံးမှ အမှုဆောင်ညွှန်ကြားရေးမှူး လည်း တက်ရောက်တယ်လို့ သိရပါတယ်။
အခမ်းအနားအပြီးမှာ ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာတဲ့ ကားတန်းကြီးဟာ ဒုတိယထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားပေါ်က ဖြတ်သန်းပြီး အကူအညီများဖြန့်ဝေရန် ကရင်ပြည်နယ်ရှိ ရှေ့ပြေး နေရာသုံးနေရာသို့ မောင်းနှင်သွားခဲ့ကြပါတယ်။
AHA Centre ဟာ အဆိုပါရှေ့ပြေးနေရာတွေမှာ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေနှင့်ပူးပေါင်းပြီး အကူအညီတွေ ဖြန့်ဝေနေတာနှင့်ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရေးအတွက် စောင့်ကြည်ကြည့်ရှုရာမှာ နည်းပညာအကူအညီ များပေးမှာဖြစ်ပါတယ်။
ယခုလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွှဲအပ်ပေးတာဟာ မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ရွှေ့ပြောင်း ပြည်သူများရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ ထိုင်းနှင့်မြန်မာနှစ် နိုင်ငံအကြား ဦးစီးဦးရွက်ပြုမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တာနှင့်အညီ ပဋိပက္ခကြောင့် ထိခိုက်ခံ ရတဲ့ မြန်မာနိုင်ငံမှ ပြည်သူများကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကူညီလို့ရသလောက်ကူညီပေးရန် ထိုင်းက ဆုံးဖြတ်ပြီး ဖြစ်တယ်လို့ ထိုင်းနိုင်ငံကပြောကြားပါတယ်။
ယခုလိုဆောင်ရွက်နိုင်တာဟာ တပ်ခ်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှု အသိုက်အဝန်းတို့ရဲ့ အပြည့်အဝ ထောက်ခံအားပေးမှုနှင့်အတူထိုင်းနှင့် မြန်မာ ကြက်ခြေနီအသင်းများအကြား အနီး ကပ်ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ ရလာဒ်ဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။
ယခုရှေ့ပြေးစီမံချက်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်တိုးတက်ဖြစ်ထွန်းစေဖို့ အာဆီယံရဲ့ ပူးပေါင်း အားထုတ်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ အပြည့်အဝေထောက်ခံမှုရရှိထားတယ်လို့ လည်းဆိုပါတယ်။
ယခုရှေ့ပြေးအဆင့်မှ ထိုင်းနိုင်ငံဟာ ထိခိုက်ခံသားနေရတဲ့ မြန်မာနိုင်ငံပြည်သူတွေ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်အနီးနေထိုင်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆက်လက်ပေးအပ်နိုင်ဖို့ နည်းလမ်းများထပ်မံရှာဖွေၕန် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် နီးနီးကပ်ကပ် တိုင်ပင်ဆောင်ရွက်သွား မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
@ymg/knl
Published 25 March 2024
မော်စကိုဖျော်ဖြေပွဲတစ်ခုမှာ လူ ၁၃၀ ကျော်သေစေခဲ့တဲ့ တိုက်ခိုက်မှုကို ကျူးလွန်တဲ့ တရားခံ ၄ ဦးထဲက ၃ ဦးဟာ အပြစ်ရှိကြောင်း ရုရှားတရားရုံးတစ်ခုမှာ တနင်္ဂနွေနေ့က ဝန်ခံခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဒယ်လာ့ဇွန်မာဇိုယက်ဗ်၊ အသက် ၃၀ အရွယ် ဆိုင်ဒါခရမ်မီရေချာဘယ်လီဇိုဒါ၊ အသက် ၁၉ နှစ်အရွယ် မူခမ်မက်ဒ်ဆိုဘီယာဖိုင်ဇော့၊ အသက် ၂၅ နှစ်အရွယ် ရှမ်ဆိုင်ဒင်ဖာရီဒူနီတို့ဟာ တစ်ပါးသူသေဆုံးစေတဲ့ အဖွဲ့လိုက် အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း မော်စကို ဘက်စ်မာနီခရိုင်တရားရုံးမှ တရားစွဲလိုက်ပါတယ်။
ထိုပြစ်မှုဟာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အများဆုံး ကျခံရနိုင်ပြီး အဆိုပါ တာဂျစ်ကစ္စတန်နိုင်ငံသား တရားခံ ၄ ဦးစလုံးကို မေလ ၂၂ ရက်နေ့ တရားရုံးမတက်ခင်အထိ ထိန်းသိမ်းထားရန် တရားရုံးက အမိန့်ချခဲ့ပါတယ်။
တရားခံ ၃ ဦးဟာ ဒဏ်ရာဒဏ်ချက်များဖြင့် တရားရုံးသို့ ရောက်ရှိခဲ့ပြီး လုံခြုံရေးဝန်ထမ်းများက စစ်ဆေးမေးမြန်းစဥ် နှိပ်စက်ခံခဲ့ရတယ်လို့ သတင်းထွက်နေပါတယ်။
၄ ဦးမြောက်တရားခံကိုတော့ ဆေးရုံကနေ တရားရုံးသို့ ခေါ်ဆောင်လာကာ မျက်လုံးများကို ဖုံးအုပ်ထားပါတယ်။
တရားရုံးမှာ ကြားနေစဥ် ဆရာဝန်များ အနားမှာ စောင့်ဆိုင်းနေရပြီး ပြတ်ရှဒဏ်ရာအများအပြား တွေ့ရှိရပါတယ်။
တရားခံတစ်ဦးကတော့ စစ်ဆေးမေးမြန်းစဥ် နားရွက်တစ်ဖက် ဖြတ်ခံခဲ့ရတယ်လို့ ရုရှားမီဒီယာများ စနေနေ့က ဖော်ပြခဲ့ပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့ (IS)မှ ထိုတိုက်ခိုက်မှုကို ပြုလုပ်တာလို့ ကြေညာထားပြီး ရုရှားမြေပေါ်မှာ အသေအပျောက်အများဆုံး ဖြစ်ရပ်ဖြစ်နေပါတယ်။
ရုရှားအာဏာပိုင်များက စနေနေ့မှာ တိုက်ခိုက်မှု ကျူးလွန်သူလို့ သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၇ ဦးကိုတော့ ပါဝင်ပတ်သက်မှု သံသယရှိတယ်ဆိုပြီး ထိန်းသိမ်းထားပါတယ်။
အဆိုပါသံသယရှိသူတွေ ယူကရိန်းဘက်သို့ ထွက်ပြေးစဥ် ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရုရှားသမ္မတပူတင်က ဆိုလိုက်ပါတယ်။
ပျောက်ဆုံးနေဆဲလူတွေ ရှိနေသေးပြီး ရုရှားမှာ တနင်္ဂနွေနေ့ကို နိုင်ငံတော်ပူဆွေးဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
Source: South China Morning Post
#World_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 25 March 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ ပြီး ၂နာရီကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၂၅ရက် နံနက်၄နာရီ ၁၃မိနစ်က လောင်ကျွမ်းခဲ့ ခြင်း ဖြစ်ပြီးနံနက်၆နာရီ ၁၅ မိနစ် အချိန် မှ သာ မီးငြိမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ မုံရွာခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှု တန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 25 March 2024
ယနေ့ခေတ် နောက်ဆုံးလူငယ်မျိုးဆက် ဂျန်ဇီတွေရဲ့ နေပုံထိုင်ပုံ၊ ပြုမူပုံ၊ စားသောက်ပုံ၊ သဘောထား၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုတို့နဲ့ ပတ်သက်ပြီး ရှေ့မျိုးဆက်များနဲ့ ကွဲပြားနေကြပါတယ်။
၁၉၉၅ မှ ၂၀၀၈ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့ ဂျန်ဇီ ၅၉ ရာခိုင်နှုန်းလောက်က မေတ္တာရေးရာကိစ္စမျာ သာမန်တိုင်းမဟုတ်ဘဲ ပွင့်လင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
မကြာသေးမီက စစ်တမ်းကောက်ယူချက်အရ ဂျန်ဇီ ၂၈ ရာခိုင်နှုန်းလောက်ဟာ လိင်တူချစ်သူ အသိုင်းအဝိုင်းမှာ ပါဝင်နေတယ်လို့ ယူဆရပါတယ်။
ဒီအတွက် ပလူတိုဂြိုဟ်နဲ့ ဓနုရာသီခွင် တိုက်ဆိုင်နေတာကို အကြောင်းအရင်းလို့ ဖော်ပြလာပါတယ်။
ပလူတိုဆိုတာဟာ ငရဲကမ္ဘာမှ နတ်ဘုရားနာမည်ကို အစွဲပြုထားတာဖြစ်ပြီး လိင်ကိစ္စ၊ သေခြင်းတရား၊ ပြစ်ဒဏ်စီရင်ခြင်းတို့နဲ့ ပတ်သက်နေပါတယ်။
ဂျန်ဇီတွေက သူတို့ရဲ့အသံတွေကို လူတွေသိအောင် ပိုမိုပြုလုပ်လာကြပြီး ပလူတိုလာနေပြီဆိုတဲ့ ပုံစံအတိုင်း မြင်တွေ့နေရပါတယ်။
ပလူတိုက အသစ်ကိုတည်ဆောက်ဖို့အတွက် အဟောင်းကို ဖြိုဖျက်ရတဲ့ သဘောသက်ရောက်ပါတယ်။
ဒါ့အပြင် ပလူတိုက ဖျက်ဆီးခြင်းနဲ့ ဖန်တီးခြင်း ဟိန္ဒူနတ်ဘုရား ရှီဗာ၊ ကိလေသာနဲ့ ဓာတ်ပြောင်းလဲခြင်း နတ်ဘုရားမများဖြစ်တဲ့ ကာလီ၊ ရှက်ခ်တီတို့နဲ့လည်း ဆက်စပ်နေပါတယ်။
ဓနုရာသီခွင်က အကောင်းမြင်တတ်ခြင်း၊ စွန့်စားခြင်း၊ စိတ်ကူးခြင်း၊ ပုန်ကန်ခြင်း၊ အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာ လိုက်စားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
ဂျန်ဇီတွေအပေါ် ပလူတိုရဲ့ သက်ရောက်မှုက အခြားမျိုးဆက်တွေထဲမှာ အများဆုံးလူဦးရေ ဖြစ်နေပြီး ကမ္ဘာ့လူဦးရေရဲ့ ၃၂ ရာခိုင်နှုန်း ရှိနေပါတယ်။
ပလူတိုရဲ့ သဘောတရားက သူနဲ့ထိတွေ့သမျှအားလုံးကို အစွန်းတစ်ဖက်ဖက် ရောက်စေပြီး ဒါကြောင့်ပဲ ဂျန်ဇီအများစုဟာ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ပွင့်လင်းလာကြတာ ဖြစ်နိုင်ပါတယ်။
Source: New York Post.
#World_Astrology
#Published_ 25 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၄ မတ် ၂၀၂၄
၂ဝ၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲတွင် ဆရာတော်ကြီး(၅)ပါးသည် အဘိ ဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်များရရှိခဲ့ကြောင်းသိရှိရပါတယ်။
ထိုဆရာတော်ကြီးများအနက် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်း နှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သုမန ထံဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် များကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဆက်ကပ်ပူဇော်ခဲ့ပါတယ်။
ကြွရောက်တော်မူလာကြတဲ့ ကျန်ရှိသည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများဖြစ်သော မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တ သုဇနပီယ၊ ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာမဟာနာယက ဘဒ္ဒန္တ ဝါသဝနှင့် ပဲခူးမြို့၊ ဇေယျာသီရိအသောကကျောင်း ဆရာတော် ဘဒ္ဒန္တ သိရိန္ဒ ဆရာတော်ကြီးများအား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီးစိုးဝင်း၊ နစက အတွင်းရေးမှူးဒုတိယဗိုလ်ချူပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်လက်၍ ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၄ရက် မွန်းလွဲပိုင်း တွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပရာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက် ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန် စိမ်းများလောင်းလှူခဲ့ကြတာဖြစ်ပါတယ်။
အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော် ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိ ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြပါတယ်။
ဆက်လက်၍ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူ များက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ကို ဆက်ကပ်ပူဇော်ခဲ့ကြပါတယ်။
ယင်းအပြင် အခြားသော ဘွဲ့တံဆိပ်တော်ရရှိသည့် သီလရှင်များကို ဗိုလ်ချုပ်မှူးကြီး၏ဇနီးက ဘွဲ့တံဆိပ်တော် နှင့်အဆောင်အယောင်များ ဆက်ကပ်ပူဇော်ခဲ့ကြပြီး ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်အသီးသီးကိုလည်း ဗိုလ်ချူပ်မှူး ကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက ဆက်လက်၍ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၅ ပါး၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂ မဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင် ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံ ဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့် အပ်နှင်းခဲ့တာဖြစ်ပါတယ်။
@ymg/knl
Page 442 of 1648