အမေရိကန်အစိုးရမှ အခွန်စည်းကြပ်မှု သိသိသာသာ တိုးမြှင့်လာခြင်းဟာ ကမ္ဘာ့စီးပွားရေး မရေမရာဖြစ်စေပြီး ကမ္ဘာ့စီးပွားရေး ခံနိုင်ရည်ရှိမှုကို စမ်းသပ်သလိုဖြစ်နေတယ်လို့ နိုင်ငံတကာရန်ပုံငွေအဖွဲ့ (IMF)ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ္စတယ်လီနာဂျော်ဂျီယေဗာက ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
#World_Business
Published 21 Apirl 2025
#အခွန်တိုးမြှင့်စည်းကြပ်မှု #အမေရိကန်အစိုးရ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 Apirl 2025
၁။ သကြင်္န်အပြီးအခြေခံစားသောက်ကုန်ဈေးနှုန်းများဆက်လက် မြင့်တက်
၂။ မန္တလေးစျေးချိုတော်စျေးရုံကြီးအား ရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်သွားမည်
၃။ မိုးတိမ်တောင်များကြောင့် မွန်ပြည်နယ်နှင့် ဒေသအချို့၌လေပြင်းနှင့်မိုးသီးကြွေခြင်းများရှိနိုင်
၄။ အမေရိကန်အစိုးရ၏ အခွန်တိုးမြှင့်စည်းကြပ်မှုက ကမ္ဘာ့စီးပွားရေးမှာပါမရေမရာဖြစ်စေသည်ဟု IMFပြော... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၁ ဧပြီ ၂၀၂၅
ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့သမိုင်းမှာ ပထမဆုံးသော လက်တင်အမေရိကန် ပုပ်ရဟန်းမင်းကြီး ဖြစ်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်ဟာ ဧပြီ၂၁ ရက် တနင်္လာနေ့ မနက် ၇နာရီ ၃၅ မိနစ် မှာ ကွယ်လွန်သွားရှာပြီဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၈၈နှစ်ရှိပါပြီ။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မကွယ်လွန်မီ တစ်လအလိုက မတ် ၂၃ ရက်နေ့က လူကြီးရောဂါတွေနှင့် ဆေးရုံ တက်ခဲ့ရပြီး ဆေးရုံမှာ ၃၈ ရက်နေခဲ့ရပါတယ်။သူဟာ ပြီးခဲ့တဲ့ အီစတာတနင်္ဂနွေပွဲတော်မှာ လူထုပရိဿတ်ကြီးနှင့် လေဟာပြင်မှာ တွေ့ဆုံခဲ့သေးတာကြောင့် သူသေဆုံးပြီဆိုတဲ့သတင်းကို အံအားသင့်ခဲ့ကြပါတယ်။
သူဟာ တနင်္ဂနွေနေ့တုန်းကပဲ အမေရိကန်ဒုသမ္မတ ဂျေဒီဗင့်စ်ကို ခဏတာမျှ တွေ့ဆုံခဲ့ပါသေးတယ်။
ပုပ်ရဟန်းမင်းကြီး အရိုက်အရာဆက်ခံဖို့ ဗာတီကန်အနေနှင့် နောက်ထပ် ပုပ်ရဟန်း မင်းကြီးတစ်ဦးကို ရွေးချယ်ရမှာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်က အချိန်ကြာတတ်ပါတယ်။
အာဂျင်းတီးနားလူမျိုးဖြစ်တဲ့ သူ့ကို ၂၀၁၃ခုနှစ် မတ်၁၃ ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အဖြစ် ဗာတီကန်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
#Local_News
Published 21 April 2025
▪️ ရှမ်းပြည်နယ်ကျေးသီး၊ မိုင်းရယ်အနီး ၄ ကြိမ်ဆက် လှုပ်ရှားခဲ့ကြောင်း မြေငလျင်သတင်းများစင်တာမှ အသိပေးထားသည်။
▪️ ထိုသို့လှုပ်ရှားရာတွင် ယနေ့မနက်အစောပိုင်းမြန်မာစံတော်ချိန် ၁နာရီ ၄၁မိနစ် အချိန်ကမန္တလေးမြို့မှအရှေ့မြောက်ဘက်ပိုင်း ၂၃ မိုင်၊ မတ္တရာမြို့အရှေ့တောင်ဘက် ၈ မိုင်ခန့်၊ မြကန်သာအနီး တောင်တန်းဒေသအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၂ အဆင့်မြေငလျင်ငယ် လှုပ်ရှားခဲ့ပြီး မနက် ၁၁နာရီ၂၈မိနစ်အချိန်ကလည်း ပြင်ဦးလွင်အနီး၊ မဂ္ဂနီကျု ၃.၉
မြေအောက်အနက် ၆ မိုင်တွင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
▪️ ထို့အပြင် ယနေ့နေ့လယ်မြန်မာစံတော်ချိန် ၁နာရီ ၁၉ မိနစ် အချိန်က မန္တလေးမြို့တောင်ပိုင်း၊ ရမည်းသင်းမြို့တောင်ဘက် ၈ မိုင်ခန့်၊ အင်ဘင်ကြီးအနီး မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၂.၉ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားခဲ့ကာ ယနေ့ညနေမြန်မာစံတော်ချိန် ၂ နာရီ၄၆ မိနစ်အချိန်က မန္တလေးမြို့ အရှေ့ဘက်ပိုင်း၊ ပြင်ဦးလွင်မြို့အရှေ့ဘက် ၈၆ မိုင်ခန့်၊ လားရှိုးတောင်ဘက် ၇၂ မိုင်ခန့်ကျေးသီအနီး မြေအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၁ အဆင့်မြေငလျင်ငယ် ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ထောက်ပံ့ပေးတဲ့ သတ္တမအသုတ် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ငလျင်ကယ်ဆယ်ရေးပစ္စည်းတွေ ယမန်နေ့ကရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကသိရပါတယ်။
#Local_News
Published 21 Apirl 2025
#ငလျင်ကယ်ဆယ်ရေးပစ္စည်းများ #သတ္တမအသုတ်ရောက်ရှိလာ
#YMG/NN #Yangon_Times
#Local_News
Published 21 April 2025
▪️ မန္တလေးမြေငလျင်ကြီးလှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာပြုပြင်မွမ်းမံမှုလုပ်ငန်းများ ပွဲတော်ချိန်အမီ အပြီးသတ်နိုင်ရန်ဆောင်ရွက်နေကြောင်း သိရသည်။
▪️ အဆိုပါ ဖောင်တော်ဦးဘုရားမှာ ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့်အတွက်ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ ဘုရားကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
▪️ ယခုအခါ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်နှင့် စံကျောင်းတော်ပင်မဆောင် ပြန်လည်ပြုပြင်မွမ်းမံရေးလုပ်ငန်းများကို ယခုနှစ်သီတင်းကျွတ်ဖောင်တော်ဦး ဘုရားပွဲတော်ကာလအမီပြီးစီးနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများဖြင့် အရှိန်အဟုန်မြှင့်ပြုပြင်မွမ်းမံလျက်ရှိကြောင်း သိရသည်။
▪️ ထို့အပြင် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အလှူငွေများထည့်ဝင်လှူဒါန်းကု သိုလ်ပါဝင်ကြရာ ယခုရက်ပိုင်းအထိ စုစုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်သိန်းပေါင်းတစ်ထောင်ကျော် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်လေးခုာ မိုးတိမ်တောင်ရွေ့လျားရာတလျောက်လေပြင်းနဲ့ မိုးသီးကြွေတာတွေရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News
Published 21 Apirl 2025
#လေပြင်းနှင့်မိုးသီးကြွေခြင်း #မိုးတိမ်တောင်
#YMG/NN #Yangon_Times
ငလျင်ကြောင့် ယာယီပိတ်ထားရတဲ့ မန္တလေးစျေးချိုတော်စျေးရုံကြီးကို ဧပြီ၂၄ရက်နေ့ကစတင်ပြီး စျေးဖွင့်ရက်တွေအတိုင်း ပုံမှန်ပြန်လည်ဖွင့်လှစ်လည်ပတ်သွားမယ်လို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့က သိရပါတယ်။
#Local_News
Published 21 Apirl 2025
#မန္တလေးစျေးချိုတော်စျေးရုံကြီး #တိုက်တန်းကြီး
#YMG/NN #Yangon_Times
#World_News
Published 21 April 2025
▪️ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်က မတ်လက အီရန်မဟာမိတ်ဖြစ်တဲ့ ယီမင်မှ ဟူသီအဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့အသေးစိတ်အချက်အလက်များကို စာပို့ဂရုတစ်ခုမှာ မျှဝေခဲ့ပြီး ထိုဂရုထဲမှာဆိုရင် သူ့ရဲ့ဇနီး၊ ညီ၊ ပုဂ္ဂိုလ်ရေးရာရှေ့နေတစ်ဦးတို့ ပါဝင်ကြောင်း သတင်းရင်းမြစ်နီးစပ်သူက ရိုက်တာသတင်းဌာနထံ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
▪️ ဒုတိယမြောက် Signal Chatမှာ ဒီအကြောင်းတွေ ဖွင့်ချလိုက်ခြင်းက ဒီလိုမျိုး အလွန်အရေးကြီးလျှို့ဝှက်တဲ့ လုံခြုံရေးအချက်အလက်များကို သီးသန့်မဆန်တဲ့ မက်ဆေ့ချ်အဖွဲ့တစ်ခုမှာ ဟက်ဂ်ဆက်ချပြလိုက်ခြင်းအပေါ် မေးခွန်းထုတ်စရာများဖြစ်လာပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ အတွင်းရေးပေါက်ကြားမှု စုံစမ်းစစ်ဆေးခြင်းအနေဖြင့် ပင်တဂွန်မှ အကြီးတန်းအရာရှိများ ထုတ်ပယ်ခံရချိန်မျိုးမှာမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
▪️ ဒီမတိုင်ခင်ကလည်း Signalအက်ပ်ထဲမှ အခြား chatအဖွဲ့ထဲမှာ Atlanticမဂ္ဂဇင်း အယ်ဒီတာချုပ် ဂျက်ဖရီဂိုးလ်ဘာ့ဂ် မှားယွင်းစွာဖြင့်ပါဝင်ခဲ့ပြီး အလားတူတိုက်ခိုက်မှု အသေးစိတ်အချက်အလက်များ ဟက်ဂ်ဆက်မျှဝေမိခဲ့ကာ ပြီးခဲ့တဲ့လက အဆိုပါမဂ္ဂဇင်းမှဖော်ပြခဲ့သလို သမ္မတဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်း နိုင်ငံတော်လုံခြုံရေးအရာရှိအားလုံးလည်း အရှက်ရဖွယ်ဖြစ်ရပ်မှာ ပါဝင်ခဲ့ပါတယ်။
▪️ အမည်မဖော်လိုသူ သတင်းနီးစပ်သူတစ်ဦး ပြောပြရာမှာ ဒုတိယမြောက် chatအဖွဲ့မှာ လူတစ်ဒါဇင်ခန့်ပါဝင်ပြီး စီမံအုပ်ချုပ်ရေးကိစ္စများ ဆွေးနွေးရန် ဖွဲ့ထားတာဖြစ်ပါတယ်။
▪️ အသေးစိတ်အချက်အလက်တွေထဲမှာ လေကြောင်းတိုက်ခိုက်မှု စာရင်းဇယားများ ပါဝင်ပါတယ်။
▪️ ဟက်ဂ်ဆက်ရဲ့ဇနီး ဂျန်နီဖာဟာ Fox Newsထုတ်လုပ်သူဟောင်းဖြစ်ပြီး နိုင်ငံခြားစစ်ရေးပုဂ္ဂိုလ်ကြီးများနဲ့ လျှို့ဝှက်ဆွေးနွေးပွဲများ တက်ရောက်ခဲ့တယ်လို့ ပင်တဂွန်မှ လူသိရှင်ကြားဖော်ပြတဲ့ ပုံရိပ်များအရ သိရပါတယ်။
▪️ ထရမ့်အစိုးရအဖွဲ့ကတော့ ပေါက်ကြားမှုများကို အပြင်းအထန် ရှာဖွေနေပါတယ်။
▪️ "မကျေနပ်တဲ့ ဝန်ထမ်းဟောင်းတွေရဲ့ မကျေနပ်ချက်များကို မီဒီယာက သတင်းရင်းမြစ်အဖြစ် လိုလိုလားလား အသုံးပြုနေတယ်" လို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က ပြောပါတယ်။
▪️ ထရမ့်ကိုမုန်းတီးတဲ့ မီဒီယာတွေက သမ္မတထရမ့်လမ်းစဉ်အတိုင်း လိုက်ပါသူမှန်သမျှကို ဖျက်ဆီးလိုစိတ်ရှိနေကြောင်း ဖော်ပြထားပါတယ်။
▪️ မကြာသေးမီက အလုပ်ထုတ်ခံရသူတွေက အရှက်ကွဲခဲ့ရတာကို ပြန်လည်ချေပဖို့ အမှန်တရားကို လွဲမှားစွာ ဖော်ပြနေကြပြီး သမ္မတလမ်းစဉ်တွေကို ပျက်ပြားအောင်လုပ်နေတယ်လို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက ပြောသွားပါတယ်။
#Source: Reuters
သကြင်္န်အပြီးမှာတော့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဆက်လက်မြင့်တက်လာတယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 21 Apirl 2025
#အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက် #သကြင်္န်အပြီး
#YMG/SW #Yangon_Times
21 April 2025
According to an official data released at 7:00 PM on 20-4-2025, the latest updates on the earthquake-related incidents are as follows:
Casualties/Missing Persons
Deaths: 3,735
Injured: 5,108
Missing: 120
International Aid
Number of assisting countries: 25 (including Hong Kong)
Flights: 145 trips
Ships: 6 vessels
Vehicles: 23 units
Relief supplies: 2,514.6 tons
Rescue equipment: 1,197.12 tons
Rescue personnel: 2,094
Latest Update: The seventh batch of rescue supplies from China has arrived by plane.
Source: SAC Information team
၂၁ ဧပြီ ၂၀၂၅
၂၀-၄-၂၀၂၅ ရက် ည(၇)နာရီတွင် ထုတ်ပြန်သည့် တရားဝင်သတင်းအရ
ငလျင်နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလက်များကို ဖော်ပြပေးအပ်ပါတယ်။
သေဆုံး/ထိခိုက်/ပျောက်ဆုံး
၁။ သေဆုံး- ၃၇၃၅ဦး
၂။ ထိခိုက်ဒဏ်ရာရ- ၅၁၀၈ ဦး
၃။ ပျောက်ဆုံး- ၁၂၀ ဦး
နိုင်ငံတကာအကူအညီများ
ကူညီသည့်နိုင်ငံပေါင်း- ၂၅ နိုင်ငံ (ဟောင်ကောင်အပါအဝင်)
လေယာဉ်- ၁၄၅ ခေါက်
သင်္ဘော- ၆ စီး
ကား- ၂၃ စီး
ထောက်ပံ့ပစ္စည်း- ၂၅၁၄.၆ တန်
ကယ်ဆယ်ရေးပစ္စည်း- ၁၁၉၇.၁၂ တန်
ကယ်ဆယ်ရေးဝန်ထမ်း- ၂၀၉၄ ဦး
နောက်ဆုံးသတင်း- တရုတ်နိုင်ငံမှာ သတ္တမအသုတ် ကယ်ဆယ်ရေးပစ္စည်းများ လေယာဉ်ဖြင့် ထပ်မံရောက်ရှိ။
Source: နစကသတင်းထုတ်ပြန်ရေးအဖွဲ့
Page 441 of 2057