#Local_News
Published 24 April 2025
▪️ (၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်Block stamp အထူးထုတ် (၂၄၀၀ကျပ်တန်)စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို ဧပြီလ (၂၈) ရက်၊မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (တနင်္လာနေ့)နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
▪️ ထိုသို့ရောင်းချရာတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့်နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတိုတွင် ဧပြီလ (၂၈)ရက် (တနင်္လာနေ့)တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_Health
Published 24 April 2025
သားအိမ်မပါဘဲမွေးလာတဲ့ ဗြိတိန်အမျိုးသမီးဟာ ကျန်းမာသန်စွမ်းတဲ့ ကလေးကို မွေးဖွားနိုင်ခဲ့ပြီး ဗြိတိန်မှာ သားအိမ်အစားထိုးသူထံကနေ ပထမဆုံးကလေးမွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ ဂရေ့စ်ဒေးဗစ်ဆန်ဟာ ဆယ်ကျော်သက်အရွယ်တုန်းက MRKHလို့ခေါ်တဲ့ သားအိမ်မဖွံ့ဖြိုးတဲ့ ရှားပါးရောဂါ တွေ့ရှိခဲ့ပါတယ်။
ကလေးမိခင်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့ပြီးနောက် သူ့ရဲ့အစ်မ အေမီပါဒီထံကနေ သားအိမ်အင်္ဂါရယူကာ ၂၀၂၃ မှာ သားအိမ်အစားထိုးခွဲစိတ်မှု ခံယူခဲ့ပါတယ်။
၂၀၂၃ ဖေဖော်ဝါရီက အောက်စ်ဖို့ဒ်မှာ ၁၈ နာရီကြာအောင် ခွဲစိတ်ခဲ့ပြီး ဒေးဗစ်ဆန်ဟာ ယူကေမှာ သားအိမ်အစားထိုးမှု အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာပါတယ်။
ဒေးဗစ်ဆန်တို့ ဇနီးမောင်နှံ ရရှိထားတဲ့ သန္ဓေသားလောင်း ၇ ခုထဲက တစ်ခုကို ဖန်ပြွန်သန္ဓေနည်းအသုံးပြုပြီး အစားထိုးခွဲစိတ်မှု မလုပ်ခင်မှာ အေးခဲထားခဲ့ပါတယ်။
၂၀၂၅ ဖေဖော်ဝါရီမှာ လန်ဒန် ကွင်းချာလော့နှင့် ချယ်လ်ဆီးဆေးရုံမှာ ဗိုက်ခွဲပြီးတော့ အေမီအစ္စဘယ်လ်ဆိုတဲ့ သမီးမိန်းကလေးကို မွေးဖွားခဲ့ပါတယ်။
တကယ်မွေးနိုင်ခဲ့တာကို မယုံနိုင်ဖြစ်နေပြီး အကြီးမြတ်ဆုံးလက်ဆောင်ဖြစ်တယ်လို့ ဒေးဗစ်ဆန်က ပြောပါတယ်။
ဒီမွေးဖွားမှုမှာ ကနဦးငွေကြေးပါဝင်ထောက်ပံ့တဲ့ သားဖွားဆရာဝန်ကြီး ပရော်ဖက်ဆာ ရစ်ချတ်စမစ်အတွက်လည်း အောင်မြင်မှုကြီးတစ်ခု ဖြစ်လာပါတယ်။
ကမ္ဘာပေါ်မှာ အမျိုးသမီးအယောက် ၅ ထောင်လျှင် ၁ ဦးနှုန်းက သားအိမ်မပါဘဲ မွေးဖွားလာတတ်ပါတယ်။
ကမ္ဘာတဝှမ်းမှာ သားအိမ်အစားထိုးပြီးနောက် ကလေးအယောက် ၅၀ ခန့်မွေးဖွားထားပြီးဖြစ်ကာ ၂၀၁၄က ဆွီဒင်မှာ ပထမဆုံးအောင်မြင်စွာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
#Source: New York Post
#World_Health
Published 24 April 2025
▪️ မှိုရောဂါတွေက ပြည်သူ့ကျန်းမာရေးအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်လာတယ်လို့ WHOက ပြောပါတယ်။
▪️ ဆေးယဉ်ပါးရောဂါဖြစ်တဲ့ မှက်ခရုမှိုလိုမျိုး အပါအဝင် မှိုရောဂါတွေဟာ ကိုယ်ခံအားပြဿနာရှိတဲ့ လူနာတွေမှာ အဖြစ်များလာတယ်လို့ WHOက ဖော်ပြထားပါတယ်။
▪️ နွမ်းပါးတဲ့နိုင်ငံတွေမှာဆိုရင် ထိရောက်တဲ့ကုသမှု မရှိတာတွေ၊ ရောဂါရှာဖွေနိုင်စွမ်း အကန့်အသတ်တွေကြောင့် လူသန်းပေါင်းစွာမှာ ကူးစက်နိုင်ခြေရှိလာတယ်လို့ သတိပေးထားပါတယ်။
▪️ မှိုရောဂါကူးစက်မှု တိုက်ဖျက်ဖို့အတွက် ပိုမိုသာလွန်တဲ့ ဆေးဝါးတွေနဲ့ ရောဂါရှာဖွေရေးပစ္စည်းတွေ အရေးတကြီးလိုအပ်ကြောင်း အလေးပေးဖော်ပြလာပါတယ်။
▪️ ရောဂါကူးစက်နိုင်ခြေများသူတွေမှာ မှိုရောဂါကူးစက်မှုတွေက အသက်အန္တရာယ် ခြိမ်းခြောက်နေပေမယ့် ကုသနည်းလမ်းတွေ မရှိကြဘူးလို့ WHO လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ယူကီကိုနာကာတာနီက ပြောပါတယ်။
▪️ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မှိုရောဂါကုဆေးအသစ် ၄ ခုသာ အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။
▪️ လက်ရှိမှိုရောဂါကုသနည်းတွေဆိုရင် ဆုတ်ယုတ်မှုများရှိလာပြီး ဘေးထွက်ဆိုးကျိုးများ၊ ဆေးဓာတ်ပြုမှုများ ပြင်းထန်သလို ကြာမြင့်စွာ ဆေးရုံတက်ကုသမှုတို့ လိုအပ်နိုင်ပါတယ်။
▪️ ဒါ့အပြင် ကလေးတွေအတွက်လည်း ကုသနည်းများနဲ့ စမ်းသပ်မှုများ မရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။
▪️ လက်ရှိ မှိုရောဂါစမ်းသပ်စစ်ဆေးနည်းတွေက နှောင့်နှေးပြီး ကုန်ကျစရိတ်များကာ အဆင့်မြင့်ဓာတ်ခွဲခန်းများ လိုအပ်သလို ရင်းမြစ်နည်းပါးတဲ့နေရာတွေမှာ မရနိုင်ပါဘူး။
▪️ ဒီအတွက် ကမ္ဘာလုံးဆိုင်ရာ ရောဂါစောင့်ကြည့်ရေး၊ ဆေးထုတ်လုပ်မှုအတွက် မြှုပ်နှံမှုများ၊ သုတေသနများအတွက် ပိုပြီးရင်းနှီးကြဖို့ WHOက တောင်းဆိုနေပါတယ်။
▪️ မှိုရောဂါကူးစက်မှုတွေက ပိုမိုပျံ့နှံ့လာပြီး လက်ရှိဆေးတွေကို ယဉ်ပါးလာတာကြောင့် ကုသရေးနဲ့ ရောဂါရှာဖွေမှု တိုးတက်လာဖို့ အရေးတကြီးလုပ်ဆောင်သင့်ကြောင်း အလေးပေးဖော်ပြသွားပါတယ်။
#Source: India Today
စနေနေ့က အီရတ်နိုင်ငံမြို့တော်ဘဂ္ဂဒက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် လုံခြုံရေးကာကွယ်ရေး စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းများနဲ့ ဆိုက်ဘာလုံခြုံရေးပြပွဲမှာ တရုတ်ကာကွယ်ရေးလက်နက် ကုမ္ပဏီများမှ နောက်ဆုံးပေါ် နည်းပညာများ ပြသထားပါတယ်။
#World_Technology
Published 23 Apirl 2025
#ကာကွယ်ရေးပြပွဲ #ဆိုက်ဘာလုံခြုံရေးပြပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 Apirl 2025
၁။ စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးများလည်းကျဆင်းနေဟုဆို
၂။ ငလျင်ကြောင့် ပျက်စီးခဲ့သည့် အဆောက်အဦများကို မီတာခကောက်ခံခြင်းမရှိ
၃။ YBS စံပြယာဉ်မောင်းများအား ထိုင်းသို့ပို့ဆောင်
၄။ ဘဂ္ဂဒက်မြို့တွင်ကျင်းပသည့် ကာကွယ်ရေးပြပွဲ၌ တရုတ်ကုမ္ပဏီများမှနောက်ဆုံးပေါ်စစ်လက်နက် နည်းပညာများပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 23 April 2025
▪️ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်နိုင်ငံခြားသားများ လျှောက်ထားရသည့်အလည်အပတ်ဗီဇာ (Tourist Visa) လျှောက်ထားမှုကို ဧပြီလ၂၂ရက်တွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
▪️ မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားများအတွက် အလည်အပတ်ဗီဇာလျှောက်ထားမှုကို ဧပြီ (၃) ရက်မှ စတင်ကာ ယာယီရပ်နားထားခဲ့ပြီးနောက်ယခုကဲ့သို့ပြန်လည်စတင်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့်မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအနေဖြင့် အွန်လိုင်းမှတဆင့် အလည်အပတ် ဗီဇာလျှောက်ထားမှုကို ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
လေယာဉ်စီး ခရီးသွားတွေပေးဆောင်ရတဲ့ Passenger Service Charge (PSC)ကို မေလ၁၂ရက်က စတင်ပြီး တိုးမြှင့်ကောက်ခံသွားမယ်လို့ Yangon International Airport (YIA) က ကြေညာထားပါတယ်။
#Local_News
Published 23 Apirl 2025
#လေဆိပ်PSC #တိုးမြင့်ကောက်ခံ
#YMG/SW #Yangon_Times
'YBS စံပြယာဉ်မောင်းများအား ထိုင်းသို့ပို့ဆောင်' YBSစံပြယာဉ်မောင်းဆုရသူ တွေကို ထိုင်းနိုင်ငံနိုင်ငံဘန်ကောက်မြို့ရှိ EV Bus ပြေးဆွဲမှုအခြေအနေတို့အား Study Tour လေ့လာရေးခရီးအဖြစ် ပို့ဆောင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က သိရပါတယ်။
#Local_News
Published 23 Apirl 2025
#YBSစံပြယာဉ်မောင်းများ #Study_Tourလေ့လာရေးခရီး
#YMG/NN #Yangon_Times
မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့ အဆောက်အဦတွေက မီတာတွေကို မီတာခများ ကောက်ခံခြင်းမရှိသလို မီတာဘေလ်ထွက်ထားခြင်း လည်းမရှိဘူးလို့ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရပါတယ်။
#Local_News
Published 23 Apirl 2025
#မီတာခကောက်ခံခြင်းမရှိ #ပြိုကျပျက်စီးသွားတဲ့အဆောက်အဦ
#YMG/SW #Yangon_Times
ပြည်တွင်းမှာ စက်သုံးဆီဖူလုံမှုရှိပြီး ရောင်းဈေးတွေလည်းကျဆင်းနေတယ်လို့ သိရပါတယ်။
#Local_News
Published 23 Apirl 2025
#စက်သုံးဆီဖူလုံမှုရှိ #စက်သုံးဆီဈေးကျဆင်း
#YMG/NN #Yangon_Times
#Local_News
Published 23 April 2025
▪️ ငလျင်ဒဏ်သင့်စစ်ကိုင်းတွင် ဧပြီလ ၂၁ရက်မှစတင်ကာ မလေးရှားနိုင်ငံ Malaysia Field Hospital (MFH) မှယာယီဆေးရုံဖွင့်ကာ အခမဲ့ကုသပေးနေကြောင်း သိရသည်။
▪️ အဆိုပါဆေးရုံကိုစစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်က နှစ် ၇၀၀ ကွင်းအတွင်း ဖွင့်လှစ်ထားခြင်းဖြစ်ပြီးမလေးရှားစစ်တပ်နှင့် တော်ဝင်လေတပ်မှ ဝန်ထမ်း ၆၉ ဦး ပါဝင်ကုသနေကြောင်း၊ဆေးရုံတွင် ကုတင် ၂၀ နှင့် လူနာဆောင်များ၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသဆောင်များအပြင် အထွေထွေခွဲစိတ်ကုသရေးနှင့် အရိုးကုသရေးဆိုင်ရာ အထူးဌာန နှစ်ခုပါဝင်ကြောင်း သိရသည်။
▪️ ဆေးရုံ၌ ပြင်ပလူနာဆေးခန်းများကိုလည်းဝန်ဆောင်မှုပေးလျက်ရှိပြီး ပတ်ဝန်းကျင်ဒေသများမှ ပြင်ပလူနာ ၈၀ မှ ၁၀၀ ခန့် လက်ခံကုသပေးရန် မျှော်မှန်းထားကြောင်း၊ လက်ရှိတွင် လူနာအများအပြား လာရောက်ကုသလျှက်ရှိပြီး ပထမဆုံးခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 April 2025
▪️ မိုင်းဖုန်းဆရာတော်ကြီး၏ ငလျင်ဘေးသင့်ခဲ့သော တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့ သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းခရီးစဉ်အတွင်း ရန်ကုန်မြို့သို့ပါ ယနေ့ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ကြွရောက်ရာတွင်ဧပြီလ ၂၃ ရက်နေ့၁၃၈၇-ခု တန်ခူးလပြည့်ကျော်(၁၁)ရက်နေ့တွင် ကြွရောက်မည်ဖြစ်ပြီး ထောက်ကြံ့မြို့ ၊ဘွက်ကြီး ကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ 'မေတ္တာဓာတ်ခံယူ တရားတော်နာယူနိုင်ကြစေဖို့ ဓမ္မမိတ်ဆွေများအားလုံးတို့အား အသိပေးပါတယ်'ဟု ၎င်း ကျောင်းတိုက်က အသိပေးထားသည်။
▪️ မိုင်းဖုန်းဆရာတော်ကြီးသည်မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများပြုပြင်မွမ်းမံရန်နှင့် ငလျင်ဒဏ်သင့် ရဟန်း၊ သာမဏေ၊ သူတော်၊ သီလရှင်များအတွက် အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ကြီးထံသို့ မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများမှ ယနေ့ ဧပြီ ၂၁ ရက်က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
▪️ ထိုသို့လှုဒါန်းရာတွင် မိုင်းဖုန်းဆရာတော်ကြီးနှင့် တပည့် ဒကာ၊ ဒကာမများက အလှူငွေကျပ်သိန်း(၃၃၀)၊ ရိက္ခာထုတ် (၅၀၀)၊ ဆန်အိတ်(၂၅၀)အိတ်၊ ဆီ(၃)ပိဿာပုံး (၂၅၀)ပုံးနှင့် ဖိနပ်အရံ(၃၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
▪️ ထို့အပြင် သီတဂူဆရာတော်ကြီးသည် ဧပြီ ၂၁ ရက်နံနက်ပိုင်းကလည်း မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကောင်းမှုတော်စေတီတော်ကြီးအား ကြည့်ရှုတော်မူခဲ့သည်။
▪️ ဧပြီ ၂၂ ရက်ညပိုင်းက နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြှော်ကြည်ညိုခဲ့ ကြောင်းသိရသည်။
▪️ ထို့နောက် နေပြည်တော်၌ ယနေ့မနက်ပိုင်းတွင် တရားဟောကြား ရေစက်သွန်းချ လျှက်ရှိရာ ရန်ကုန်သို့ အစောဆုံး ယနေ့ညနေပိုင်းတွင် ကြွရောက်နိုင်မည် ဖြစ်ကာ ညပိုင်းတွင်ထောက်ကြံ့မြို့၊ ဘွက်ကြီးကျေးရွာရှိ သာသနာ့လက်ာရမိုင်းဖုန်းကျောင်းတိုက်၌ တရားဟောကြားပေးသွားမည်ဖြစ်ကာ ကိုးမိုင်သျှမ်းကျောင်း တရားပွဲအပြီး ရွှေတိဂုံဘုရားသို့သွား ရောက်ဖူးမျှော်နိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 438 of 2057