#Daily_News
Published_10 May 2024
၁။ ပြည်ထောင်စုအကျိုးကို ရှေ့ရှု့ကြမည်ဆိုပါက သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အကောင်အထည်ဖော်နိုင်မည်ဟုဆို
၂။ မြန်မာ့ရွှေထည်ကို ဂျပန်မှအားပေးနေပြီး ကျောက်ထည်များကိုUS၊ ဥရောပ၊ တရုတ်၊ ဟောင်ကောင်၊ တိုင်ဝမ်တို့မှ အားပေးနေ
၃။ စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တစ်ခင်ဝင်ရောက်စစ်ဆေးပြီးနောက် ဓာတ်ဆီနှင့်ဒီဇယ်ဈေးနှုန်းများကျဆင်းလာ
၄။ နိုင်ငံတကာနျူကလီးယားစွမ်းအင်အေဂျင်စီနှင့် အီရန်ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဟုပြော... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
#Local_News
Published_10 May 2024
▪️ '၂၀၂၄ခုနှစ်အိုလံပစ်နေ့'အထိမ်းအမှတ်အမျိုးသား၊ အမျိုးသမီးကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲFitnessပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ သိရသည်။
▪️ ပြိုင်ပွဲကို မေလ (၂၂)ရက်တွင်ကျင်းပမည်ဖြစ်ပြီး အမျိုးသားကာယဗလမောင်ပြိုင်ပွဲတွင် အငယ်တန်း၊ သက်ကြီးတန်း၊ အလွတ်တန်းဆိုပြီးပြိုင်ပွဲ အမျိုးအစား(၃)မျိုးကျင်းပသွားမည်ဖြစ်သည်။
▪️ အမျိုးသားကာယကြံ့ခိုင်မှုပြိုင်ပွဲအဖြစ် Men's Athletic Physique အမျိုးအစားတွင်အငယ်တန်းပြိုင်ပွဲ၊ အကြီးတန်းပြိုင်ပွဲ(ဆုရရှိပြီးသူများသာ)နှင့် Men's Sport Physique အမျိုးအစားတွင်အငယ်တန်း၊ အကြီးတန်းပြိုင်ပွဲ(ဆုရရှိပြီးသူများသာ) နှင့် Men's Fitness Physique(open)ပြိုင်ပွဲများပါဝင်မည် ဖြစ်သည်။
▪️ အမျိုးသမီဲးကာယကြံ့ခိုင်မှုပြိုင်ပွဲများအဖြစ် Women's Model Physiqueအမျိုးအစားပြိုင်ပွဲတွင်အငယ်တန်း၊အကြီးတန်းပြိုင်ပွဲ( ဆုရရှိပြီးသူများသာ)နှင့် Women's Athletic Physique ပြိုင်ပွဲတွင်အငယ်တန်း၊ အကြီးတန်းပြိုင်ပွဲ (ဆုရရှိပြီးသူများသာ)နှင့် Women's Fitness Physique ပြိုင်ပွဲ (Open) ပြိုင်ပွဲတို့ပါဝင်ကြောင်း သိရသည်။
▪️ အငယ်တန်းကာယဗလမောင်ပြိုင်ပွဲတွင် ဆုရရှိခဲ့ဘူးခြင်းမရှိသူများသာ ကိုယ်အလေးချိန်ကန့်သတ်ထားခြင်းမရှိဘဲ ပါဝင်ယှဥ်ပြိုင်ခွင့်ပြုကြောင်းနှင့် အလွတ်တန်းနှင့်အကြီးတန်းပြိုင်ပွဲများအတွက်ဆုရှိပြီးသူများဆိုရာတွင်ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများနှင့်နိုင်ငံတကာပြိုင်ပွဲများတွင်ဆုရရှိပြီးသူများအားလုံးယှဥ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့်
▪️ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲများတွင် ရွှေ၊ငွေ၊ကြေး ဆုတံဆိပ်ရရှိပြီးသူများ၊ အဖွဲ့ချုပ်မှကြီးမှူးကျင်းပသောပြိုင်ပွဲများနှင့်ပြည်နယ်/တိုင်းပြိုင်ပွဲများတွင်ပထမဆုရရှိပြီးသူများအားလုံးအလွတ်တန်းနှင့်အကြီးတန်းတို့တွင်ပါဝင်ယှဥ်ပြိုင်နိုင်ကြောင်း သိရသည်။
▪️ ပြိုင်ပွဲဝင်လိုသူများနှင့် အသေးစိတ်သိလိုသူများ အနေဖြင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်(MBPF)သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
#tthl #Yangon_Times
နယ်မြေလုံခြုံမှုအရတစ်နှစ်ကျော်တဲ့အထိ ပင်စင်လစာတွေ မထုတ်ယူနိုင်သေးတဲ့အငြိမ်းစားတွေကို ပြန်လည်ထုတ်ယူခွင့်လျှောက်ထားနိုင်ဖို့ ဆောင်ရွက်ပေးမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနက အသိပေးကြေညာထားပါတယ်။
#Local_News
Published_10 May 2024
#နှစ်လွန်ပင်စင် #ပြန်လည်ထုတ်ယူခွင့်လျှောက်ထားနိုင်
#YMG/NN #Yangon_Times
တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ တောင်သူတွေအတွက် စနစ်တကျမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်စေဖို့အတွက် သင်တန်းတွေပြုလုပ်ပေးနေတယ်လို့ ပေါင်းစုလုပ်အားကူညီပေးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_10 May 2024
#တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း #သင်တန်းတွေပြုလုပ်ပေး
#YMG/LW #Yangon_Times
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင်တွေကို ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး နောက်ရက်ပိုင်းအတွင်း ဓာတ်ဆီနဲ့ ဒီဇယ်ဈေးနှုန်းတွေကျဆင်းလာတယ်လို့
စက်သုံးဆီ ဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published_10 May 2024
#စက်သုံးဆီဈေးနှုန်းတွေကျဆင်း #ရှောင်တခင်ဝင်ရောက်စစ်ဆေး
#NN #Yangon_Times
#Local_News
Published 10 May 2024
▪️ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ (၇၈) လ မ်း၊ (၈)လမ်းနှင့် (၉)လမ်း သိမ်ကုန်းရပ်ကွက်တွင် မီးလောင်မှုကြောင့် လူနေအိမ် အလုံး၂၀ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ လူမှုကူညီရေးအသင်းများထံက သိရသည်။
▪️ မေလ (၁၀) ရ က် နံနက် (၁၁) နာရီ (၂၁)မိနစ်အချိန်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ပြီးနောက် မီးလောင်မှုများသဖြင့် ၁၁နာရီ (၂၅)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စု ထွ က်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ နေ့လယ် (၁၂)နာရီအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ "အိမ်ခြေ၂၀လောက် ပါသွားတယ် အတိအကျတော့ မသိရသေးဘူး လူထိခိုက်ဒဏ်ရာ ရတယ်တော့ မကြားမိဘူး။ အခုက မီးဘေးသင့်ပြည်သူတွေကို ကူညီဖို့ဆောင်ရွက်နေကျတယ်"ဟု မဏိစလ လူမှုကူညီရေးသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
▪️ မီးပေးသင့်ပြည်သူများအတွက် ယာယီကယ်ဆယ်ရေးစခန်းကို အရိပ်မထွက်ဘုရားဝင်းတွင် ဖွင့်လှစ်ထားရှိရန် စီစဉ်လျက်ရှိကာမီးလောင်သည့်အကြောင်းအရာကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo _Than Htay
#YMG/LW #Yangon Times
#Local_News
Published 10 May 2024
▪️ စားသောက်ကုန်များ၏ အမှတ်တံဆိပ်များပေါ်တွင် စားသောက်ကုန်နံပါတ်များ ဖော်ပြနိုင်ရေးအတွက်စားသောက်ကုန် မှတ်တမ်းတင်ခြင်းကို e-Payment ၁၀,၀၀၀ ကျပ်ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ပြီဖြစ် ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
▪️ အဆိုပါ စားသောက်ကုန် မှတ်တမ်းတင်ခြင်း (Food Product Notification) ကို အမှတ်တံဆိပ်ကပ်သည့် အသင့်ထုတ်ပိုး စားသောက်ကုန်များ ၊ ပြည်အတွင်းအစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက် ရရှိပြီးနောက် တိုးချဲ့လျှောက်ထားမည့် စားသောက်ကုန်များ လျှောက်ထားရမည်ဖြစ်သည်။
▪️ ထို့အတူ PN လျှောက်ထားခြင်းကို ယခုလ ၉ ရက်နေ့မှစတင်ပြီး www.fda.gov.mm ၏ e-Submission System, Food product notification မှတစ်ဆင့် e-Payment - ၁၀,၀၀၀ ကျပ်ဖြင့် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published_10 May 2024
▪️ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၄ခုနှစ် မေ(၂၃)မှဇွန်(၂) ရက်အထိသတ်မှတ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။
▪️ (၅)နှစ်အရွယ်ကလေးများကို KGတန်းနှင့် (၆)နှစ် အရွယ် ကလေးများကို Grade-1အတန်းသို့ အပ်နှံရမည်ဟုဆိုသည်။
▪️ ကျောင်းအပ်နှံရာတွင်အဆင်ပြေစေရန် ရည်ရွယ်ပြီး ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်း၊အမှုထမ်း၊ အရာထမ်းများလိုက်နာရမည့်အချက်များကိုလည်း ဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသည်။
▪️ ကျောင်းအပ်လက်ခံရာတွင် ကျောင်းအပ်ခငွေကြေး၊ အခကြေးငွေမယူရန်၊ ငွေကြေးနှင့်လက် ဆောင်ပစ္စည်းမယူရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်အခြားမည်သည့်ပစ္စည်းမှ မရောင်းရန် သတ်မှတ်ထုတ်ပြန်ထားသည်။
▪️ ယင်းအပြင် ဂိမ်းစွဲလမ်းမှုမရှိအောင် နှင့်မူးယစ်ဆေးဝါး၊အရက်၊ဘီယာ၊ဆေးလိပ်၊ ကွမ်းယာများ မသုံးစွဲအောင် မိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ရန် လိုသည်ဟုဆိုသည်။
▪️ ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်၍ ကိုယ်အပူချိန်မြင့်ခြင်း၊ နှာစေး၊ ချောင်းဆိုးခြင်းဖြစ်ပါက ကျောင်း သိုမလာဘဲ နီးစပ်ရာ ဆေးရုံ၊ဆေးခန်း၌ကုသရန်နှင့် (၁၂)နှစ်ပြည့်ကျောင်းသား၊ကျောင်းသူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရန် သက်ဆိုင်ရာကျန်းမာရေးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်ကိုလည်း ဂရုစိုက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
#tthl #Yangon_Times
မြန်မာ့ရွှေထည်များကို ဂျပန်မှအားပေးမှုများနေပြီး ကျောက်ထည်များကိုUS၊ဥရောပ၊တရုတ်၊ဟောင်ကောင်၊ တိုင်ဝမ်တို့မှ အားပေးနေတယ်။
#Local_News
Published_10 May 2024
#မြန်မာ့ရွှေထည် #ကျောက်ထည်
#tthl #Yangon_Times
ပြည်ထောင်စုအကျိုးကို ရှေ့ရှု့ကြမည်ဆိုပါက သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အကောင်အထည်ဖော်နိုင်မည်ဟုဆို
ပြည်ထောင်စုအကျိုးကို ရှေ့ရှု့ကြမယ်ဆိုရင် မကြာခင်မှာသက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့ရဲ့ မဟာမိတ်အဖွဲ့(ဦးဆောင်အဖွဲ့- 7 EAO Alliance ) က သိရပါတယ်။
#Local_News
Published_10 May 2024
#တိုင်းရင်းသားလက်နက်ကိုင် #အဖွဲ့အစည်း (၇)ဖွဲ့
#Yangon_Times/PP
#Local_News
Published 10 May 2024
▪️ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်ရှိ အလူမီနီယံစက်ရုံနှင့် ပေါင်မုန့်စက်ရုံမှာအလုပ်လုပ်ကိုင်နေသည့် တရားမဝင်မြန်မာလုပ်သား ၃၆ဦး ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
▪️ မေလ ၈ ရက်နေ့က ဂျိုဟိုးပြည်နယ်ရှိ စက်ရုံအလုပ်ရုံများကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
▪️ ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားများအပြင် အခြားနိုင်ငံမှ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများလည်း ဖမ်းဆီးခံရကြောင်း သိရသည်။
▪️ အလူမီနီယံ စက်ရုံတွင် ဖမ်းဆီးခံရသူများ ထဲတွင် ပါကစ္စတန်မှ အမျိုးသား ၁၀ ဦး ၊ ဘင်္ဂလားဒေ့ရှ် မှ အမျိုးသား ၉ ဦး ၊ တရုတ်နိုင်ငံမှ အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံမှ အမျိုးသား ၃ ဦး ဖမ်းဆီးခံရကြောင်းသိရသည်။
▪️ ပေါင်မုန့်စက်ရုံတွင် ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံမှအမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ပါကစ္စတန်မှအမျိုးသား ၂ ဦးနှင့် နီပေါနိုင်ငံမှ အမျိုးသား ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။
▪️ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားများဟာ အသက်၂၀မှ ၄၆နှစ်ကြား ရှိကြောင်းသိရသည်။
#YMG/LW #Yangon_Times
#World_News
Published 10 May 2024
▪️ အစ္စရေးလ်က ရှိသမျှဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက ကြာသပတေးနေ့က ပြောကြားလိုက်ကာ ဂါဇာစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး လက်နက်ထောက်ပံ့မှုများ ရပ်ဆိုင်းမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သတိပေးခဲ့တဲ့အပေါ် ခုခံတုန့်ပြန်လိုက်ပါတယ်။
▪️ အစ္စရေးလ်က ဂါဇာတောင်ပိုင်းမှ ရာဖာမြို့ကို ခြိမ်းခြောက်နေတာ ကြာရှည်နေပြီဖြစ်ပြီး ယခုသီတင်းပတ်အတွင်း အရပ်သားအချို့ တိမ်းရှောင်ထွက်ပြေးခဲ့ပြီ ဖြစ်ပါတယ်။
▪️ စစ်ပြေးရှောင်လာတဲ့ ပါလက်စ်တိုင်း ၁ သန်းကျော် ခိုလှုံနေတဲ့ရာဖာမြို့မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား ထောင်ဂဏန်းခန့်နဲ့ ဖမ်းဆီးခံထားရတဲ့ အစ္စရေးလ်ဓားစာခံ ဒါဇင်ခန့် ရှိနေနိုင်တယ်လို့ အစ္စရေးလ်ဘက်က ဆိုထားပါတယ်။
▪️ အရပ်သားများ ဘေးကင်းလုံခြုံရေး သေချာမှုမရှိဘဲနဲ့ ရာဖာကိုကျူးကျော်မယ့် ကိစ္စကို အမေရိကန်အစိုးရက မထောက်ခံဘူးလို့ သတိပေးထားပါတယ်။
▪️ အစ္စရေးလ်တို့ကလည်း ရာဖာကို မသိမ်းဘဲ အောင်ပွဲမရနိုင်ဘူးလို့ ဆိုထားပါတယ်။
▪️ အမေရိကန်က ဗုံးလက်နက်တင်ပို့မှုများ ရပ်ဆိုင်းထားခြင်းနဲ့ ပတ်သက်ပြီး အစ္စရေးလ်အစိုးရ နှုတ်ပိတ်နေခဲ့ကာ ရာဖာမြို့ကို မကျူးကျော်ဖို့ ဘိုင်ဒင်က လူသိရှင်ကြား သတိပေးထားပါတယ်။
▪️ အစ္စရေးလ်တို့ တစ်ဦးတည်းရပ်တည်ရမယ် ဆိုရင်လည်း ဒီတိုင်းရပ်တည်သွားမှာဖြစ်ပြီး ရှိသမျှဖြင့် တိုက်ခိုက်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
▪️ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး သဘောထား မတိုက်ဆိုင်တာတွေကို ဘိုင်ဒင်နဲ့အတူ ကျော်လွှားနိုင်မယ်လို့ ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
▪️ အစ္စရေးလ်ရဲ့ ရန်သူတွေရော မိတ်ဆွေတွေရောကို ပြောပြချင်တာက အစ္စရေးလ်ဟာ သူများလက်အောက် အရောက်မခံနိုင်ကြောင်း၊ မားမားမတ်မတ် ရပ်တည်ပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ပြုလုပ်မှာဖြစ်ကြောင်း၊ ဟားမတ်စ် ဟက်ဇ်ဘိုလာတို့ကို တိုက်ခိုက်ပြီး ဘေးကင်းလုံခြုံမှု ရယူမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂဲလန့်က ပြောကြားခဲ့ပါတယ်။
▪️ ရာဖာမြို့ကို ကျူးကျော်ဖို့အတွက်နဲ့ အခြားစစ်ဆင်ရေး အစီအစဥ်များအတွက် အစ္စရေးလ်တပ်တွေမှာ လက်နက်ခဲယမ်း အလုံအလောက်ရှိတယ်လို့ အစ္စရေးလ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အကြီးအကဲ ဒန်နီယယ်ဟာဂရီက ပြောပြခဲ့ပါတယ်။
#Source: Reuters
Page 435 of 1697