ဂျပန်တွင် တစေးနီထမင်းစားသုံးခြင်းနှင့်ပတ်သက်၍ သေဆုံးသူ(၂)ဦးရှိနေကာ ကျန်းမာရေးပြဿနာတိုင်ကြားချက်များလည်းထွက်ပေါ်
ဂျပန်မှာ ကျန်းမာရေးဖြည့်စွက် စားစရာတစ်ခုဖြစ်တဲ့ တစေးနီထမင်းနဲ့ ပတ်သက်ကာ သေဆုံးသူ အနည်းဆုံး ၂ ဦးရှိပါပြီ။ လူတစ်ဦးဟာ ထိုထမင်းစားပြီးနောက် ကျောက်ကပ်ရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း အင်္ဂါနေ့က သတင်းထွက်ပေါ်ခဲ့ပြီး ဂျပန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ကိုဘာယာရှီက ထိုပစ္စည်းကို ပြန်လည်သုံးသပ်နေပါတယ်။
#Asia_Health
Published_ 29 March 2024
#တစေးနီထမင်းစားသုံးခြင်း #သေဆုံးသူ(၂)ဦးရှိ
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 29 March 2024
၁။ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း စမ်းသပ်ဇုန်ဧက(၇၀၀)နီးပါး ဆောင်ရွက်အောင်မြင်ခဲ့
၂။ မျှင်ကောင် ဖမ်းဆီးရရှိမှုနည်းလာသဖြင့် မျှင်ငါးပိ ဈေးနှုန်းများလည်းမြင့်လာ
၃။ မြန်မာဖူဆယ်-အာဖဂန်နစ္စတန်ဖူဆယ်ပွဲ ရက်ပိုင်းအတွင်းကန်မည်၊ လက်မှတ်များစရောင်းနေပြီဖြစ်
၄။ ဂျပန်တွင် တစေးနီထမင်းစားသုံးခြင်းနှင့်ပတ်သက်၍ သေဆုံးသူ(၂)ဦးရှိနေကာ ကျန်းမာရေးပြဿနာတိုင်ကြားချက်များလည်းထွက်ပေါ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
သင်္ကြန်တွင်း ရွှေစက်တော်ဘုရားဖူးလိုသူတွေ အနေနဲ့ဆင်စခန်းမှာပဲတည်းခိုအပန်းဖြေနိုင်တယ်။ ဒေသခံဘုရားဖူးအဖွဲ့လိုက်တွေဝင်ရောက်လာပါက ဆင်လေးတွေနဲ့ရင်းနှီးကျွမ်းဝင်စေလိုတဲ့အတွက် ဝင်ကြေးလျှော့ပေါ့ကောက်ခံတာတွေဆောင်ရွက်ပေးလျက်ရှိတယ်။
(ရွှေစက်တော်မန်းချောင်းဆင်စခန်းမှတာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 29 March 2024
#ရွှေစက်တော်မန်းချောင်း #ဆင်စခန်းမှာတည်းခိုအပန်းဖြေ
#tthl #Yangon_Times
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလဝက်ကတည်းက အတာအိုးတွေကို ကြိုတင်မှာယူထားကျပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများကို ပို့ဆောင်ပေးရတယ်။ အတာအိုး တစ်လုံးကို ယခင်နှစ်ထက်တစ်ရာကျပ်ခန့် ဈေးမြင့်တက်လာကာ အတာအိုးပြောင် တစ်လုံးကို လက်ကားဈေး ၇၅၀ကျပ် ခန့်ရှိပြီး ပန်းခက်ဆေးချယ်ထားတဲ့ အတာအိုးတစ်လုံးကို ၁၂၀၀ ကျပ်ရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 29 March 2024
#သင်္ကြန်ကာလ #အတာအိုးများဈေးကွက်
#YMG/LW #Yangon_Times
မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲလက် မှတ်ကို မတ်လ ၂၉ ရက် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီထိ၊ မတ်လ ၃၀နှင့် ၃၁ ရက်တို့မှာ နံနက် ၉း၃၀ နာရီမှ နေ့လယ် ၁း၀၀ အထိ ဝေဇယန္တာလမ်းပေါ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးမှာလည်းကောင်း၊ နေ့လယ် ၁း၀၀နာရီမှ ပွဲမစခင်အချိန်အထိ အမျိုးသားအားကစား ပြိုင်ပွဲရုံ - ၁ (သုဝဏ္ဏ) (N.I.S -1) ဝင်ပေါက်မှာ လည်းကောင်း၊ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
#Local_News
Published_ 29 March 2024
#မြန်မာဖူဆယ်-အာဖဂန်နစ္စတန် #လက်မှတ်များစရောင်း
#tthl #Yangon_Times
ယခုနှစ်မျှင် ဖမ်းဆီးရာသီမှာ မျှင်ဖမ်းဆီးရရှိမှုနည်းလာတဲ့အတွက် ကုန်ချောထုတ်လုပ်တဲ့ မျှင်ငါးပိဈေးလည်းမြင့်လာတယ်လို့ မျှင်ငါးပိထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published_ 29 March 2024
#မျှင်ငါးပိဈေးမြင့်လာ #မျှင်ငါးပိထုတ်လုပ်ရောင်းချသူ
#YMG/LW #Yangon_Times
လန်ချန်း-မဲခေါင်ရန်ပုံငွေနဲ့သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသမှ ကျေးရွာသုံးခုမှာ ဧက ၇၀၀ နီးပါးရှိတဲ့ သီးနှံသစ်တောရောနှောစိုက်ပျိုးတဲ့ စမ်းသပ်ဇုန်ကိုဖော်ဆောင်ခဲ့ရာ ရွာသူရွာသားပေါင်း ၂၀၀ နီးကို အကျိုးဖြစ်ထွန်းစေခဲ့တယ်။
#Local_News
Published_ 29 March 2024
#လန်ချန်း-မဲခေါင်ရန်ပုံငွေ #စမ်းသပ်ဇုန်ဧက(၇၀၀)နီးပါး
#tthl #Yangon_Times
#Local_News
Published 29 March 2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်၊ (၂၂) လမ်း၊ (၈၉) လမ်းနှင့် လမ်း (၉၀) ကြား၊ အကွက်အမှတ် (၁၉၃)ရှိ ရွှေပန်းတိမ်လုပ်ငန်းတစ်ခုကို ဓ-ားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မတ်လ ၂၈ရက် ညနေ ၅နာရီ ဝန်းကျင်က ကားနံပါတ်ကို ဆေးသုတ်ကာ ဖျက်ထားသည့်မတ်တူးအဖြူရောင် ယာဉ်ဖြင့် လူတစ်စု လာရောက်ပြီး ဓ-ားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အခုဓါးပြတိုက်ခံရတာက ရဲယောင်ဆောင်ပြီး ဝင်လာတာလာတဲ့ လူတစ်စုမှာ ရဲဝတ်စုံနဲ့လူလဲပါလာတယ် ပြောတယ် ပန်းတိမ်က ရွေထည်တွေပါသွားတယ်။ ဘယ်လောက်ပါသွားတယ်တော့ မကြားသေးဘူး ရွှေဈေးက မြင့်နေတော့ တန်ဖိုးကတော့များနိုင်တယ်"ဟု မန္တလေးမြို့ရှိ ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ ဓ-ားပြတိုက်ခံရခြင်းကြောင့်ရွှေပန်းတိမ် လုပ်ငန်းရှိ ရွှေနားဆွဲ၊ ရွှေလက်စွပ်၊ ရွှေကလစ်အပါအဝင် ရွှေထည်ပစ္စည်းအချို့ လုယက်ခံလိုက်ရကာ ဖြစ်စဉ်နှင့်ပက်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #မန္တလေး အောင်မြေသာစံ #ရွှေပန်းတိမ်လုပ်ငန်းတစ်ခု #ဓ-ားပြတိုက်မှုဖြစ်ပွား #YMG/LW #Yangon_Times
#Local_News
Published 29 March 2024
ရွှေတိဂုံစေတီတော် ဓာတ်ပုံပြပွဲကိုမတ်လ ၂၉ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံက သိရသည်။
အဆိုပါ ဓါတ်ပုံပြပွဲတွင် ရွှေတိဂုံစေတီတော်၏ ထူးခြားထင်ရှားနေရာများ၊ခေတ်အဆက်ဆက်ပြောင်းလဲ တိုးတတ်လာသောမြင်ကွင်းများ၊စေတီတော်ကြီးဆိုင်ရာ သိမှတ်ဖွယ်ရာများပါရှိသည့် ဓါတ်ပုံများကို အများပြည်သူလေ့လာနိုင်ရန် ပြသခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဓာတ်ပုံပြပွဲကို ရင်ပြင်တော်မြောက်ဘက်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းမှာ ကျင်းပမှာဖြစ်ပြီ ဓါတ်ပုံပေါင်း ၂၀၀ကျော်ပြသမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရွှေတိဂုံစေတီတော်ဓါတ်ပုံပြပွဲ #YMG/LW #Yangon_Times
#World_News
Published 29 March 2024
နိုင်ငံရပ်ခြားအဖွဲ့အစည်း ၆၀၀ ကျော်သို့ ကုန်ပစ္စည်များတင်ပို့နေခြင်းကို ရပ်တန့်ရန် အမေရိကန်ပြည်ထောင်စုက အမေရိကန် ကုမ္ပဏီတွေကို တောင်းဆိုလိုက်ကာ ထိုကုန်ပစ္စည်းတွေဟာ ယူကရိန်းကို ကျူးကျော်ရန် ကြိုးပမ်းနေတဲ့ ရုရှားတို့အသုံးပြုစရာ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ အမေရိကန် အရာရှိတစ်ဦးက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
ကုန်သွယ်ရေးဝန်ကြီးဌာနက မကြာသေးမီက ရက်သတ္တပတ်တွေမှာ အနည်းဆုံး ကုမ္ပဏီ ၂၀ သို့ သတိပေးစာ ပေးပို့ခဲ့ပြီး ယူကရိန်းမှာ ရုရှားတို့စစ်ပွဲဆင်နွှဲနေခြင်းကို ဟန့်တားဖို့ ကြိုးစားနေတာဖြစ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဌာနမှ အရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
ထိုကုမ္ပဏီမှ ထုတ်လုပ်ရောင်းချခဲ့တဲ့ ပစ္စည်းတွေကို ယူကရိန်းနိုင်ငံအတွင်း တွေ့ရှိခဲ့တဲ့ ဒုံးကျည်တွေ ဒရုန်းတွေမှာ တွေ့ရပါတယ်။
ယူကရိန်းကို ရုရှားတို့ကျူးကျော်ကတည်းက အမေရိကန်နဲ့အတူ အခြားနိုင်ငံ ၃၀ လောက်ဟာ ရုရှားရဲ့နည်းပညာပိုင်း ရရှိအသုံးပြုနိုင်စွမ်းကို လျှော့ချနိုင်ရန် ရည်ရွယ်ကာ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပေမယ့် ယူကရိန်းစစ်မြေပြင်တွေမှာ ကျန်ခဲ့တဲ့ ရုရှားလက်နက်တွေမှာ အမေရိကန် အစိတ်အပိုင်းများကို တွေ့ရှိရပါတယ်။
နိုင်ငံရပ်ခြားကုမ္ပဏီတွေကို ရောင်းချလိုက်ရာကနေ ရုရှားကို ရောက်ရှိလာမှာ စိုးရိမ်တဲ့အတွက် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တင်ပို့မှုရပ်ဆိုင်းရန် စာဖြင့်တောင်းဆိုလိုက်တယ်လို့ လက်ထောက်အတွင်းရေးမှူး မက်သရူးအိတ်ဇဲလ်ရော့ဒ်က ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ နှစ်စဥ်တင်ပို့မှုထိန်းချုပ်ရေး အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
ထုတ်ကုန်ပစ္စည်းများ ရုရှားသို့ရောက်ရှိခြင်းကို ကာကွယ်နိုင်ရန် ကုန်သွယ်ရေး၊ နိုင်ငံခြားရေးနဲ့ ဘဏ္ဍာရေးဌာနများမှ အကြီးတန်း အမေရိကန်အရာရှိများက အမေရိကန်ကုမ္ပဏီများမှ ခေါင်းဆောင်များနဲ့ ဆွေးနွေးနိုင်ရန် တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ အိတ်ဇဲလ်ရော့ဒ်က ပြောပြသွားပါတယ်။
#World_News #ရုရှားသို့လက်နက်နည်းပညာများရောက်ရှိ #ကုန်ပစ္စည်းများတင်ပို့ရပ်ဆိုင်း #Source: Reuters
#Local_News
Published_ 29 March 2024
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မတ်လ ၂၈ ရက်တွင် နေပြည်တော်၌ခမ်းနားစွာကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်သံအမတ်ကြီး Mr. Chen Haiက "လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုယန္တရား စတင်ဖော်ဆောင်လာသည့် ၈ နှစ်အတွင်း၌ အဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ကြွမှုခွန်အားများဖြည့်သွင်းပေးပြီး ဒေသတွင်းလုံခြုံရေးအတွက် ခိုင်ခံ့သောဒိုင်းကာကြီးတည်ဆောက်ပေးကာ ပြည်သူများစိတ်နှလုံးချင်းဆက်နွယ်မှုအတွက် သံယောဇဉ်ကြိုးကို ခိုင်မြဲစွာချည်နှောင်လိုက်ကြောင်း၊
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် အောင်မြင်မှုအသီးအပွင့်များစွာပွင့်လန်းလာပြီး ဒေသခံပြည်သူများကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေကြောင်း၊
တရုတ်-မြန်မာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် တက်ကြွမှုခွန်အားနှင့် အလားအလာများရှိကြောင်း၊ တရုတ်ပုံစံခေတ်မီမှုသည် မဲခေါင်မြစ်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးစီးပွားအသစ်များ သယ်ဆောင်လာပေးသကဲ့သို့ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း စွမ်းဆောင်ချက်အသစ်များဖြည့်ဆည်းပေးလိုက်ကြောင်း၊
တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးအယူအဆကို တစ်ဆင့်တိုးကျင့်သုံးကာ မြန်မာနိုင်ငံ စသည့် မဲခေါင်မြစ်နိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင်အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်သွားပြီး ဒေသတွင်းပြည်သူများအကျိုးစီးပွားကို အဆက်မပြတ်တိုးမြှင့်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှဒုတိယဝန်ကြီးချုုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေကလည်း"တရုတ်နိုင်ငံက မတည်ထူထောင်သည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေက မဲခေါင်မြစ်နိုင်ငံများကို ပံ့ပိုးကူညီပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံကဖော်ဆောင်သည့် စီမံကိန်း ၁၀၆ ခုသည် မြန်မာနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် တက်တက်ကြွကြွ အကျိုးထမ်းဆောင်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ ထမ်းဆောင်စဉ်ကာလအတွင်း ကောင်းမွန်စွာတာဝန်ထမ်းဆောင်ခဲ့ပြီး အနာဂတ်တွင်လည်း အဖွဲ့ဝင်နိုင်ငံများနှင့်အတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း "ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန စသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် စီမံကိန်းဖော်ဆောင်သည့်ဝန်ကြီးဌာန ၁၄ ခုမှ ဝန်ကြီးများ၊ မြန်မာနိုင်ငံအခြေစိုက် လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံမှ သံတမန်များနှင့် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနမှကိုယ်စားလှယ်များ စုစုပေါင်း လူ ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
#Local_News #လန်ချန်း-မဲခေါင် #ဒေသတွင်းပြည်သူများအကျိုးစီးပွား #tthl #Yangon_Times
#World_Science
Published 29 March 2024
ကျွန်ုပ်တို့နေစကြဝဠာရှိ အဓိကနေရာတွေထဲက ရေခဲတွေထဲကနေ ဂြိုဟ်သားသက်ရှိများကို ရှာဖွေတွေ့ရှိနိုင်ဖွယ် ရှိတယ်လို့ သုတေသီများ ငြင်းခုံနေကြပါတယ်။
ဆေတန်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ်တို့ကို လှည့်ပတ်နေတဲ့ လတွေမှာ ရေခဲလွှာအောက် သမုဒ္ဒရာပြင်ကျယ်ကြီးများ ရှိနေပြီး ဂြိုဟ်သားသက်ရှိမျိုးစိတ် အများအပြား နေထိုင်ရာနေရာ ဖြစ်နိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်များ ငြင်းခုံလာကြတာ ကြာပါပြီ။
ကမ္ဘာမြေပေါ်မှ စွမ်းအားမြင့်တယ်လီစကုပ်များဖြင့်လည်း အတည်ပြုနိုင်ပေမယ့် ထိုအရာများမှ ရေများကို ဆန်းစစ်ရန် လိုအပ်နေပါတယ်။
ရေခဲလွှာတွေကနေ ထွက်လာတဲ့ ရေပန်းဖွားပုံစံတွေက စဥ်းစားစရာဖြစ်လာပြီး သိပ္ပံပညာရှင်တွေက အာကာသယာဥ်များလွှတ်ကာ လေ့လာနေပြီဖြစ်ပါတယ်။
ကိရိယာပစ္စည်းတွေသုံးပြီး လေ့လာချက်တွေက ပိုမိုသေချာလာစေသလို ကမ္ဘာမြေပေါ်ကလိုမျိုး သက်ရှိတွေ တွေ့ရှိလာနိုင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ ဦးဆောင်စာတမ်းပြုစုသူ ဖေဘီယန်ကလင်နာက ယုံကြည်နေပါတယ်။
လတ်တလော လေ့လာချက်များအရ အဆိုပါ ရေမွှားများ အနည်းငယ်မျှရှိလျှင်ပင် ဂြိုဟ်သားသက်ရှိ ဖြစ်တည်မှုကို တွေ့နိုင်ခြေရှိနေပါတယ်။
နာဆာနဲ့ အခြားအာကာသအေဂျင်စီများ ပူးပေါင်းလုပ်ဆောင်တဲ့ ကာဆီနီမစ်ရှင်မှာဆိုရင် ဆေတန်ရဲ့လတွေထဲက တစ်ခုဖြစ်တဲ့ အင်ဆဲလာဒပ်စ် တောင်ဝင်ရိုးစွန်းမှာ ကွဲအက်ကြောင်းတွေ မြင်တွေ့ရပြီး ဓာတ်ငွေ့နဲ့ ရေခဲမှုန်များ ထုတ်လွှတ်နေပါတယ်။
ယူရိုပါလကမ္ဘာကို ကူညီလေ့လာပေးမယ့် ယူရိုပါကလစ်ပါမစ်ရှင်ကို အောက်တိုဘာလမှာ ပြုလုပ်မှာဖြစ်ပြီး ကိရိယာများ ပိုမိုပါဝင်မှာ ဖြစ်ပါတယ်။
အနာဂတ် အာကာသမစ်ရှင်များအတွက် ဖန်တီးထားတဲ့ အာကာသကိရိယာတွေဟာ ရေပန်းဖွားများရှိ ဆဲလ်အဆင့် အရာဝတ္ထုတွေကို ရှာဖွေတွေ့ရှိနိင်တဲ့ စွမ်းရည်ရှိပါတယ်။
#World_Science #ယူရိုပါလမှရေပန်းဖွားပုံစံ #သက်ရှိဂြိုဟ်သားများရှာတွေ့နိုင် #Source: WION
Page 436 of 1648