#Local_News
Published 1 July 2025

▪️ ဖြူးမြို့နယ်၌ KNLA အဖွဲ့နှင့် PDF များကလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်များအပါအဝင် အရပ်သားသုံးဦးသေဆုံး၍ ၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

▪️ ယမန်နေ့ ဇွန်လ ၂၉ ရက်နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေး ရွာသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာ ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သောင်ပုကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

▪️ အဆိုပါပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ဝဲကြီး(တောင်)ကျေးရွာနေသူများဖြစ်ကြသည့် မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေ ဆုံးသွားခဲ့ပြီး ကိုသော်တာဦး(၂၂)နှစ်၊ ဒေါ်ခင်ရွှေ(၇၀)နှစ်၊ ဦးဆန်းဝင်း (၅၆)နှစ်၊ မောင်မျိုးမင်းဆက်(၂၄)နှစ်၊ မောင်ဉာဏ်လင်းထက်(၂၂)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မောင် ကောင်းခန့်သော်(၈)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ မောင်ခန့်(ခ)ခန့်ညား (၁၇)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ မောင်ကံထူးဝေ(၈)လ၊ မောင်စုမြတ်သူ (၁၂)နှစ်၊ မစုမြတ်မွန်(၁၀)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မရွှေဇင်ဦး(၂၆)နှစ်၊ မတွယ်တာဦး(၂၀)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ ဒေါ်ဇာ(၃၄)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဝဲကြီး (မြောက်)ကျေးရွာ နေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နှင့် ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း (၄၆)နှစ်တို့ ၂၅ ဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများအသီးသီးရရှိ ခဲ့ကြောင်း သိရသည်။

▪️ ယင်း သေဆုံးဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဒဏ်ရာရသူများအား လိုအပ်သည့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် တာဝန်သိပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yangon_Times/PP