တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအကျိုးဆက်များအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ဘဏ္ဍာရေးဈေးကွက်များ အခက်ခဲဆုံးအခြေအနေရင်ဆိုင်နေရ
ယခုလအစောပိုင်းက တောင်ကိုရီးယားသမ္မတ ယွန်ဆော့ယောလ်မှ အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေးဥပဒေကြေညာချက်ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဖြစ်ရကာ ရင်းနှီးမြှုပ်နှံသူများရဲ့ ယုံကြည်မှုထိပါးစေသဖြင့် တောင်ကိုရီးယား ဘဏ္ဍာရေးဈေးကွက်တွေအနေနဲ့ အခက်ခဲဆုံးကာလရင်ဆိုင်နေရပါတယ်။
#Asia_Crisis
Published 23 December 2024
#အခက်ခဲဆုံးအခြေအနေ #တောင်ကိုရီးယားသမ္မတ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 December 2024
၁။ တစ်ပတ်အတွင်း ရွှေဈေးတစ်သိန်းကျော်ကျဆင်း
၂။ အောင်ပန်း၌ ၁၅ ရက်တစ်ကြိမ်ပြုလုပ်မည့် ဒေသငရုတ်ခြောက် ကုန်စည်ပြပွဲတွင် လေလံစနစ်ဖြင့် ရောင်းချပေးမည်
၃။ ရုပ်ရှင်ဥပဒေသစ်တွင် အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိ ပိတ်မည့်ပုဒ်မသစ်ပါဝင်လာ
၄။ တောင်ကိုရီးယားသမ္မတ၏ စစ်အုပ်ချုပ်ရေးကြေညာမှုအကျိုးဆက်များအနေဖြင့် နိုင်ငံ့စီးပွားရေးနှင့်ဘဏ္ဍာရေးဈေးကွက်များ အခက်ခဲဆုံးအခြေအနေရင်ဆိုင်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြို့က တိုက်ခန်းအငှားဈေးနှုန်းတွေ နှစ်ဆလောက်မြင့်တက်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအဝိုင်းက သိရပါတယ်။
#Local_News
Published 23 December 2024
#တိုက်ခန်းအငှားဈေးနှုန်း #အိမ်ခြံမြေအကျိုးဆောင်
#YMG/SW #Yangon_Times
နိုင်ငံတော်အကြည်ညိုပျက်စေရေး လုပ်ဆောင်တဲ့အနုပညာရှင်တွေကို အနုပညာလုပ်ကိုင်ခွင့် အများဆုံးသုံးနှစ်အထိ ပိတ်ပင်မယ့် ဥပဒေပါဝင်လာ
#Local_News
Published 23 December 2024
#ရုပ်ရှင်ဥပဒေသစ် #အနုပညာလုပ်ကိုင်ခွင့်သုံးနှစ်အထိပိတ်
#YMG/SW #Yangon_Times
အောင်ပန်းမြို့မှာ လာမယ့် ဒီဇင်ဘာ ၃၀ရက်နေ့ကစပြီး ၁၅ ရက်တစ်ကြိမ် ဒေသငရုတ်ခြောက်ကုန်စည်ပြပွဲကို တောင်သူ့စျေးမှ ကျင်းပပေးသွားမှာဖြစ်ပြီး လေလံစနစ်နဲ့ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 23 December 2024
#အောင်ပန်း #ငရုတ်ခြောက်ကုန်စည်ပြပွဲ
#YMG/NN #Yangon_Times
တစ်ပတ်အတွင်း ရွှေရည်ညွှန်းဈေးကျပ်တစ်သိန်းကျော်အထိဈေးနှုန်းကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Local_News
Published 23 December 2024
#ရွှေရည်ညွှန်းဈေး #ရွှေဈေးကျဆင်း
#YMG/NN #Yangon_Times
၂၃ ဒီဇင်ဘာ ၂၀၂၄
ဟွန်ဒါနှင့် နစ်ဆန်း ကားကုမ္ပဏီနှစ်ခုဟာ လာမယ့် ၂၀၂၆ခုနှစ် ဩဂုတ်လမှာ ကုမ္ပဏီအသစ်တစ်ခု အဖြစ် ပေါင်းစည်းတည်ထောင်ကြဖို့အတွက် ဆွေးနွေးမှုတွေစတင်ဖို့ ဒီဇင်ဘာ ၂၃ရက် တနင်္လာနေ့က သဘောတူခဲ့ကြပါတယ်။
အဲသလိုပေါင်းစည်းလိုက်ကြတဲ့အတွက် သူတို့ဟာ လျှပ်စစ်ကားဈေးကွက်မှာ အမေရိကန်နှင့် တရုတ် ပြိုင်ဘက်ကားကုမ္ပဏီတွေပြီးရင် တတိယမြောက်အကြီးဆုံးဖြစ်လာပါလိမ့်မယ်။
ထုတ်လုပ်မှုအရေအတွက်အရ ဂျပန်မှာ ဒုတိယနှင့်တတိယအကြီးဆုံးကားကုမ္ပဏီတွေဖြစ်တဲ့ ဟွန်ဒါနှင့် နစ်ဆန်းတို့ဟာ ဇွန်လမှာ အပေးအယူအပြီးလုပ်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီပေါင်းစည်းမှုထဲကို ပါဝင်ဖို့ အတွက် နစ်ဆန်းရဲ့မိတ်ဖက် မစ်ဆူဘီရှီကားကုမ္ပဏီက ၂၀၂၅ဇန်နဝါရီနောက်ဆုံးထား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ကမ္ဘာ့ကားလုပ်ငန်းထဲမှာ လျှပ်စစ်ကားတွေဟာ လျှင်မြင်ဆုံးတိုးတက်လာနေပါတယ်။ ဟွန်ဒါနှင့် နစ်ဆန်း အပါအဝင် ဂျပန်ကားကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ တက်စ်လာနှင့် တရုတ်ရဲ့ ဘီဝိုင်ဒီတို့လို ပြိုင်ဘက်တွေရဲ့ အနောက်မှာကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။
Source KyodoNews
#Local_News
Published 23 December 2024
▪️ စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက် ထုတ်ပြန်လိုက်သည့် စားအုန်းဆီ ရည်ညွှန်းဈေးမှာ ယခင်အပတ်ထက် ကျပ် ၃၀ တက်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪️ ဒီဇင်ဘာလ ၂၃ ရက်မှ ၃၀ ရက်အထိ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ (၇၂၈၀) ကျပ် သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ယခင်အပတ်က တစ်ပိသာလျှင် ကျပ်၇၂၅၀ သတ်မှတ်ထားခြင်းဖြစ်သည်။
▪️ "ခုထုတ်ပြန်ဈေးက ဒီတနင်္လာကနေနောက်တနင်္လာအထိပါ။ တစ်ပိဿာကို ၃၀ကျပ် တက်လာပါတယ်"ဟု မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
▪️ လက်ရှိတွင် ပြည်ပမှ တစ်လလျှင် စားသုံးဆီတန်ချိန် ငါးသောင်းခန့် တင်သွင်းနေပြီး အများပြည်သူ စားသုံးမှုအတွက်တန်ချိန် သုံးသောင်းကျော်နှင့် စက်မှုလုပ်ငန်းများအတွက် စားသုံးဆီတန်ချိန် တစ်သောင်းခွဲခန့် ကို မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများမှ အဓိကတင်သွင်းနေရကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2024
▪️ ဖန်ကန်ရာဇီရေခဲတောင်သို့ တက်ရောက်လိုသူများအတွက် ရေခဲတောင်တက်ခ ရီးစဉ်များကို လာမည့်နှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စတင်သွားမည်ဖြစ်ကြောင်း နှစ်စဉ်ခရီးသွားများကို ပို့ဆောင်ပေးလျှက်ရှိသည့် ကိုရဲ(ပူတာအို)ထံမှ သိရသည်။
▪️ ရေခဲတောင်တက်ခရီးစဉ်အတွက် ဖေဖော်ဝါရီလမှမေလအထိ ခရီးစဉ် လေးခုစီစဉ်ထားပြီး ခရီးစဉ်တစ်ခုလျှင် တစ်ပတ်ကြာမြင်မည်ဖြစ်ကာခရီး စဉ်များကို ပူတာအိုမြို့မှ စတက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
▪️ "ခုခရီးစဉ်လေးခုက တောင်တက်သမားတွေမဟုတ်တဲ့ သာမန်တောင်တက်ဝါသနာရှင်တွေနဲပ ရေခဲကိုထိတွေ့ကိုင်တွယ်လိုသူတွေအတွက် စီစဉ်ပေးတဲ့ခရီးစဉ်ပါ"ဟု ကိုရဲ(ပူတာအို)က ပြောသည်။
▪️ ဖန်ကန်ရာဇီရေခဲတောင်သို့ စုပေါင်း ထွက်ခွါမည့် ရက်စွဲများမှာ ၆.၂.၂၀၂၅ ရက်မှ ၁၂.၂.၂၀၂၅ ရက်အထိ၊ ၆.၃.၂၀၂၅ ရက်မှ ၁၂.၃.၂၀၂၅ ရက်အထိ၊၁၀.၄.၂၀၂၅ ရက်မှ ၁၆.၄.၂၀၂၅ ရက်အထိနှင့်၁.၅.၂၀၂၅ ရက်မှ ၇.၅.၂၀၂၅ ရက်အ ထိမိမိအဖွဲ့နှင့် မိမိ သီးသန့် တက်ရောက်လိုသူများကိုလည်း နှစ်သက်ရာ ရက်စွဲဖြင့် စီစဉ်ပေးကြောင်း၊ ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခရီးသည် သာမန်သူများ အနေဖြင့် ပူတာအိုမှ ဖန်ကန်ရာဇီ ရေခဲတောင်သို့ ပုံမှန်လမ်းလျှောက်သွားလျှင် ၄ ညအိပ် ၅ ရက် ကြာမြင့်မည်ဖြစ်ပြီး၊ ဆိုင်ကယ် (၂)ရက်၊ ရန်ကုန် - မန္တလေး- မြစ်ကြီးနားမှ လာလျှင် လေယာဉ်ဖြင့်လာရပြီး ပူတာအိုရောက်ရှိသောနေ့နှင့် ပူတာအိုမှမိမိနေရပ်သို့ ပြန်သောနေ့ နှစ်ရက်ပိုမည်ဖြစ်သောကြောင့် ဖန်ကန်ရာဇီခရီးစဉ်သည် ရန်ကုန် မန္တလေး မြစ်ကြီးနားမှ လာလျှင် ၈ ညအိပ် ၉ ရက် ကြာမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 23 December 2024
▪️ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၇သန်းကျော် တန်ဖိုးရှိ ပုစွန်မက်ထရစ်တန်ချိန် ၅,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၄,၃၃၅ ဒသမ ၆၅၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၄၃ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၉၆၂ ဒသမ ၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၈ သန်းရရှိခဲ့ကြောင်းသိရသည်။
▪️ ထို့ကြောင့် စုစုပေါင်းတင်ပို့မှု ပုစွန်မက်ထရစ်တန် ၅,၂၉၈ ဒသမ ၅၅၇ တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၇၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
▪️ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 23 December 2024
▪️ (၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော်ကို ရန်ကုန်မြို့၌ ဒီဇင်ဘာ၂၄ရက် မနက်ဖန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) မှ သိရသည်။
▪️ အဆိုပါ (၉) ကြိမ်မြောက် သီတဂူမျက်စိအလှူတော် အစီအစဉ်ကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင်များအား ကြည့်ရှု စစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းအစီအစဉ်အား ဒီဇင်ဘာလ ၂၄ ရက်မှ ၂၉ ရက်အထိ ခြောက်ရက်တိုင်တိုင် ပြုလုပ်သွားမည် ဖြစ်ကာ နိုဝင်ဘာလအတွင်းက စမ်းသပ်စစ်ဆေးပြီးသူများကိုသာ ခေါ်ယူသွားမည်ဖြစ်ပြီး ယခုအကြိမ်တွင် ပြင်ပစမ်းသပ်ခြင်းမရှိ၍ အသစ်မခေါ်သေးကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 23 December 2024
▪️ အမေရိကန် ရွေးချယ်ခံသမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်မှာ TikTokကို အနည်းဆုံးတော့ နောက်ထပ်အချိန်အနည်းငယ် ဆက်လက်လည်ပတ်ခွင့် ပြုလိုကာ သမ္မတမဲဆွယ်စည်းရုံးရေးများ ပြုလုပ်စဉ်က TikTokကနေ ကြည့်ရှုသူ ဘီလီယံနဲ့ချီ ရရှိခဲ့တယ်လို့ တနင်္ဂနွေနေ့က ပြောသွားပါတယ်။
▪️ အရီဇိုးနားပြည်နယ် ဖီးနစ်မြို့မှာ ကွန်ဆာဗေးတစ်ထောက်ခံသူများရှေ့မှောက် ထရမ့်ပြောကြားခဲ့တာဖြစ်ပြီး အမေရိကန်ဈေးကွက်ကနေ TikTokထွက်ခွာနိုင်ဖွယ်ရှိတာကို ဆန့်ကျင်နေပေမယ့်လည်း ယခုပြောကြားချက်ကတော့ အပြင်းထန်ဆုံး သတိပေးချက်တစ်ခု ဖြစ်လာပါတယ်။
▪️ နိုင်ငံတော်လုံခြုံရေး စိုးရိမ်မှုများကို အကြောင်းပြုပြီး အမေရိကန် အထက်လွှတ်တော်က တရုတ်မှ TikTokမူရင်းကုမ္ပဏီ ByteDanceကို အက်ပလီကေးရှင်း လည်ပတ်ခွင့်ရုပ်သိမ်းဖို့ ဧပြီလက ဥပဒေတစ်ရပ် အတည်ပြုခဲ့ပါတယ်။
▪️ TikTokပိုင်ရှင်တွေက ထိုဥပဒေပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ကြပြီး အမေရိကန် တရားရုံးချုပ်က အမှုကြားနာရန် သဘောတူခဲ့ပါတယ်။
▪️ ဒါပေမဲ့ တရားရုံးက ByteDanceကို မျက်နှာသာမပေးဘဲ အက်ပလီကေးရှင်း မရုပ်သိမ်းဘူးဆိုရင် ထရမ့်သမ္မတတာဝန်မယူခင် တစ်ရက်အလို ဇန်နဝါရီ ၁၉ရက်နေ့မှာ အမေရိကန်အတွင်း ထိထိရောက်ရောက် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။
▪️ TikTokပိုင်ရှင်လွှဲပြောင်းရောင်းချခြင်း အမိန့်ကို ထရမ့်ပြန်လည်ပြုပြင်မလားဆိုတာ သေချာမသိရသေးပါဘူး။
▪️ "TikTok အသုံးပြုနေဆဲ ဖြစ်တယ်ဆိုရင် ပြန်လည်စဉ်းစားစရာ ဖြစ်လာပြီး ကြည့်ရှုသူ ဘီလီယံနဲ့ချီ ရှိနေတာက ရွေးကောက်ပွဲမှာ မှတ်တမ်းသစ် ထူထောင်နိုင်ခဲ့တာကြောင့် နောက်ထပ်ခဏလောက်တော့ ခွင့်ပြုထားနိုင်ဖွယ် ရှိပါတယ်" လို့ ထရမ့်က AmericaFest မှာ ပြောကြားလိုက်ပါတယ်။
▪️ ထရမ့်က တနင်္လာနေ့မှာ TikTok စီအီးအိုနဲ့ တွေ့ဆုံခဲ့ပြီး စည်းရုံးရေးအောင်ပွဲအတွက် ကျေးဇူးတင်ရှိကြောင်း ကြိုဆိုလိုက်ပါတယ်။
▪️ တရုတ်ထိန်းချုပ်ထားတဲ့ TikTokဟာ အမေရိကန်တို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ တရားစီရင်ရေးဌာနက ဆိုထားပြီး လွှတ်တော်အမတ်အများစုကလည်း ဒါကိုထောက်ခံနေပါတယ်။
▪️ TikTokကတော့ ဒီစွပ်စွဲချက်ဟာ မှားယွင်းနေပြီး အမေရိကန်မှ အသုံးပြုသူတွေရဲ့ အချက်အလက်တွေနဲ့ ပါဝင်တဲ့ အကြောင်းအရာတွေဟာ အမေရိကန်မှ Oracle Corpကုမ္ပဏီ ကိုင်တွယ်နေတဲ့ cloudဆာဗာတွေမှာ သိမ်းဆည်းထားကာ အမေရိကန်သုံးစွဲသူတွေအပေါ် အကြောင်းအရာ စိစစ်ဆုံးဖြတ်ချက်တွေကိုလည်း အမေရိကန်မှာပဲ လုပ်တယ်လို့ ပြောပါတယ်။
#Source: Reuters
Page 440 of 1936