#World_News
Published 26 June 2025

▪️ အီရန်နျူကလီးယားနေရာတွေကို B-2 ဗုံးကျဲလေယာဉ်များဖြင့် တိုက်ခိုက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အမိန့်ပေးခဲ့တာဟာ စစ်ရေးအင်အားအသုံးမပြုလေ့ရှိတဲ့ ပုံစံကနေ ကွဲထွက်ခဲ့ပြီး နိုင်ငံရပ်ခြားစစ်ပွဲတစ်ခုမှာ အမေရိကန် တိုက်ရိုက်ပါဝင်ပတ်သက်လာကာ အမေရိကားသာ ပထမဦးစားပေးမူဝါဒ ထောက်ခံသူများကို အချက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

▪️ ဒီလိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်နောက်ကွယ်ဟာ ထရမ့်အယူဝါဒဖြစ်တယ်လို့ ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောသွားပါတယ်။

▪️ အမေရိကန်ရဲ့ ပြတ်သားတဲ့အကျိုးစီးပွားကို ရှေးရှုကာ သံတမန်ရေးရာဖြင့် ဦးစွာဖြေရှင်းဖို့ ကြိုးစားမှာဖြစ်ပြီး မအောင်မြင်ပါက စစ်ရေးအင်အားသုံး ဖြေရှင်းသွားမှာဖြစ်ကြောင်း၊ ဒါမှ ပဋိပက္ခရှည်ကြာမှာ မဟုတ်ကြောင်း ဗန့်စ်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။

▪️ ထရမ့်ရဲ့ အယူဝါဒအသစ်က ခန့်မှန်းလို့မရနိုင်တဲ့ နိုင်ငံခြားရေးမူဝါဒမျိုးအဖြစ် လုပ်ဆောင်သွားမယ့်သဘောရှိတယ်လို့ အချို့သောစောင့်ကြည့်သူတွေက ဆိုပါတယ်။

▪️ ထရမ့်အယူဝါဒဆိုတာကို ချိတ်ဆက်တွေးတောရန် ခက်ခဲနေတယ်လို့ အရှေ့အလယ်ပိုင်း သုံးသပ်သူ အာရွန်ဒေးဗစ်မီလာက ပြောပါတယ်။

▪️ အီရန်ခေါင်းဆောင် အလီခါမာနီက ယူရေနီယံထုတ်လုပ်ရေးကို လက်လျှော့မှာမဟုတ်ဘူးလို့ ပြောခဲ့ပြီးနောက် ထရမ့်က စစ်ပွဲမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

▪️ ထရမ့်က အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာ ကြုံးဝါးပြောလိုက်ကာ လာမယ့် ရက်သတ္တပတ်အတွင်း အီရန်နဲ့ ဆွေးနွေးမှုများ ပြန်လည်စတင်သွားမယ်လို့ ပြောပါတယ်။

▪️ သမ္မတထရမ့်နဲ့ ဒုသမ္မတဗန့်စ်တို့ဟာ အမေရိကန် နိုင်ငံခြားရေးမူဝါဒအတွက် အင်အားသုံးပြီး ငြိမ်းချမ်းရေးရယူမယ့် အမြင်မျိုး တူညီစွာပိုင်ဆိုင်ထားတယ်လို့ အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ အန်နာကယ်လီက ပြောပါတယ်။

▪️ စစ်ပွဲမှာ ပါဝင်စွက်ဖက်ခဲ့တဲ့ ထရမ့်ကတော့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်နိုင်ငံသား အများစုကလည်း အီရန်က အမေရိကန်အရပ်သားများကို ပစ်မှတ်ထားလာမှာကို စိုးရိမ်နေကြပါတယ်။

#Source: Reuters