#Local_News
Published 24 April  2025

▪️ (၁၂)လရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် Block stamp အထူးထုတ် (၂၄၀၀ကျပ်တန်) တံဆိပ်ခေါင်းသစ် တစ်မျိုးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

▪️ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီပွဲတော်များနှင့်  ပန်းများအထိမ်းအမှတ်Block stamp အထူးထုတ် (၂၄၀၀ကျပ်တန်)စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို  ဧပြီလ (၂၈) ရက်၊မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် (တနင်္လာနေ့)နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုနှင့် တိုင်းဒေသကြီး/  ပြည်နယ်များရှိ စာတိုက်ကြီးများတွင်  တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

▪️ ထိုသို့ရောင်းချရာတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့်နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတိုတွင်  ဧပြီလ (၂၈)ရက် (တနင်္လာနေ့)တွင် ဝယ်ယူသော စာပိုတံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times