#Local_News
Published 24 April  2025

▪️ ရတနာပုံနည်းပညာတက္ကသိုလ်အနီး တောင်တန်းဒေသအောက်၌ ယနေ့မနက်အစောပိုင်းတွင်ငလျင်လှုပ်ခတ်ခဲ့ကြောင်းမြေငလျင်သတင်းများစင်တာမှ သိရသည်။

▪️ ယနေ့မနက်မြန်မာစံတော်ချိန် ၁၂နာရီ၁၄ မိနစ်အချိန်က မန္တလေးမြို့ အရှေ့တောင်ဘက်ပိုင်း ၁၃ မိုင်ခန့်၊ ပြင်ဦးလွင်မြို့အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ ရတနာပုံနည်းပညာတက္ကသိုလ်အနီး တောင်တန်းဒေသအောက်အနက် ၆ မိုင်ကျော်မှ မဂ္ဂနီကျု ၃.၁ အဆင့်မြေငလျင်ငယ် လှုပ်ရှားခဲ့ခြင်းဖြစ်‌ ကြောင်းသိရသည်။

▪️ ပြည်တွင်း မတ်လ၂၈ရက် နေ့က  မန္တလေးငလျင် ကြီး စတင် လှုပ်ခတ်ခဲ့ရာ လက်ရှိ အကြိမ်အထိ  နောက်ဆက်တွဲငလျင်ကြိမ်ရေ ၁၅၆ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

#YMG/NN #Yangon_Times