#Local_News
Published 24 April 2025
▪️ လှေဆိပ်တွင် ရေဆင်းချိုးသည့် ကလေးငယ် ၄ဦး ရေနစ်သေဆုံးသည့်ဖြစ်စဉ် ဧပြီလ ၂၃ရက် က ညောင်ဦးမြို့တွင် ဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ ၂၃.၄.၂၀၂၅ ရက်၊နေ့လည် ၁၂ ၁၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် ကလေး (၄) ဦး ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေကြောင်း သတင်းရရှိသဖြင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ Asault Boat (၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အမှတ်(၅ )အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်နေစဉ်နေ့လည်၁၂နာရီ၊မိနစ် ၄၀ အချိန်တွင် ကျား (၁)ဦး (သေဆုံး)နှင့် နေ့လည် ၁နာရီ၊၂၄ မိနစ်အချိန် ကျား(၁)ဦး (သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ကျန်(၂)ဦးအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ
မွန်းလွဲ၂နာရီ၊၀၃ မိနစ်အချိန်တွင် ကျား (၁)ဦး (သေဆုံး)နှင့် မွန်းလွဲ၂နာရီ၊၀၄မိနစ် အချိန်တွင် ကျား(၁)ဦး (သေဆုံး)တို့၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times