#World_Health
Published 26 June 2025

▪️ Metformin ဆေးဟာ ဆီးချိုအမျိုးအစား-၂ ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရုံမက သက်ကြီးအမျိုးသမီးတွေမှာ အသက် ၉၀ လောက်အထိ အသက်ရှည်စေနိုင်ဖွယ်ရှိတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

▪️ အရွယ်လွန်အမျိုးသမီး ၄၃၈ ဦးကို အမေရိကန်မှ ရေရှည်လေ့လာခဲ့ပြီး ထိုထဲကတဝက်က metformin အသုံးပြုကာ အခြားတဝက် အခြားဆီးချိုဆေး sulfonylurea အသုံးပြုခဲ့ကြပါတယ်။

▪️ Metformin အသုံးပြုသူတွေက sulfonylurea အသုံးပြုသူတွေထက် အသက် ၉၀ မတိုင်ခင်မှာ အသက်ဆုံးပါးနိုင်ခြေ ၃၀ ရာခိုင်နှုန်း ပိုနည်းကြောင်း လေ့လာတွက်ချက်ရရှိခဲ့ပါတယ်။

▪️ ဒါကြောင့် Metformin အသုံးပြုခြင်းက ဆီးချိုရှိတဲ့ အမျိုးသမီးတွေမှာ sulfonylurea အသုံးပြုခြင်းထက် ပိုပြီးအသက်ရှည်စေတယ်လို့ တွေ့ရှိရပါတယ်။

▪️ ယခင်လေ့လာချက်တွေမှာလည်း Metformin က ဦးနှောက်ထဲမှာ အိုမင်းပျက်စီးလာတာတွေကို လျှော့ချနိုင်ပြီး ကိုဗစ်နောက်ဆက်တွဲလက္ခဏာများကိုလည်း လျှော့ချနိုင်တယ်လို့ တွေ့ရှိခဲ့ပေမယ့် အသက်ရှည်စေတဲ့ အရိပ်အယောင်တော့ သေချာမသိခဲ့ကြပါဘူး။

▪️ ယခုရလဒ်တွေ ပိုပြီးသေချာစေဖို့ ထိန်းချုပ်စမ်းသပ်နည်းများဖြင့် ထပ်ပြီးလေ့လာဖို့လည်း လိုအပ်နေပါသေးတယ်။

▪️ ကိုယ်တွင်းထဲက ဇီဝသက်တမ်းအိုမင်းခြင်းကို နှောင့်နှေးနိုင်ပါက အသက်အရွယ်ကြီးလို့ ဖြစ်လာတဲ့ ရောဂါဘယတွေကို ကာကွယ်နိုင်ဖွယ်ရှိတယ်လို့ သုတေသီများ ယူဆထားပါတယ်။

▪️ အဓိကရည်မှန်းချက်က ဇီဝသက်တမ်းအိုမင်းခြင်းကို နှောင့်နှေးသွားအောင် ကာကွယ်ကုသဖို့ နည်းလမ်းတွေ ရှာဖွေဖို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

#Source: ScienceAlert