#World_Science
Published 25 June 2025
▪️ ဂြိုဟ်ကြီးတစ်ခုက ကြယ်လေးတစ်စင်းကို လှည့်ပတ်နေတယ်ဆိုပြီး နက္ခတ္တပညာရှင်တွေ တွေ့ရှိထားပါတယ်။
▪️ ဒီကြယ်က နေလုံးကြီးထုထည်ရဲ့ ၅ ပုံ ၁ ပုံသာရှိပြီး TOI-6894 လို့ အမည်ပေးထားပြီး ကမ္ဘာကြီးနဲ့ အလင်းနှစ် ၂၄၀ ခန့်အကွာမှာ တည်ရှိပါတယ်။
▪️ ဒီလောက်သေးတဲ့ ကြယ်လေးတစ်ခုက ဂြိုဟ်ကြီးတစ်ခုကို ဘယ်လိုမျိုး လက်ခံလည်ပတ်စေတာလဲဆိုတာက မေးစရာဖြစ်လာတယ်လို့ အင်္ဂလန် ဝါဝစ်တက္ကသိုလ်မှ နက္ခတ္တပညာရှင် အက်ဒ်ဝပ်ဘရိုင်ယန့်က ပြောပါတယ်။
▪️ ဂြိုဟ်ကတော့ ဓာတ်ငွေ့လုံးကြီးဖြစ်ကာ စေတန်ဂြိုဟ်နဲ့ အရွယ်အစား ဆင်တူနိုင်ပေမယ့် ပိုပြီးသိပ်သည်းဆနည်းပါတယ်။
▪️ သူ့ရဲ့ကြယ်ကို အလွန်နီးကပ်စွာ လည်ပတ်နေပြီး ၃ ရက်လောက်နဲ့ တစ်ပတ်ပြည့်အောင် လည်ပါတယ်။
▪️ ဒါတွေဟာ ဂြိုဟ်ဖွဲ့စည်းဖြစ်ပေါ်ခြင်းဆိုင်ရာ သီအိုရီတွေကို စိန်ခေါ်နေသလိုဖြစ်ပြီး ကြယ်အသေးတွေဟာ ဂြိုဟ်ကြီးဖြစ်ပေါ်ဖို့ လိုအပ်တဲ့အရာတွေ မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။
▪️ သိထားသမျှဆိုရင် ဘယ်ဂြိုဟ်ကမှ ယင်းလှည့်ပတ်နေတဲ့ လက်ခံကြယ်ထက် ကြီးမားတယ်ဆိုတာ မရှိပါဘူး။
▪️ ယခုကြယ်ကတော့ အနီရောင်ဖြစ်ပြီး နဂါးငွေ့တန်ကြယ်စင်စုမှာ တွေ့ရတဲ့ အသေးဆုံးကြယ်မျိုး ဖြစ်ပါတယ်။
▪️ သုတေသီတွေက နာဆာရဲ့ TESS နဲ့ European Southern Observatory ရဲ့ VLT တို့မှ အချက်အလက်များ အသုံးပြုခဲ့တာဖြစ်ပြီး James Webb Space အဝေးကြည့်မှန်ပြောင်းဖြင့် နောက်ထပ်လေ့လာမှုများ ပြုလုပ်ရန် စီစဉ်ထားပါတယ်။
▪️ တွေ့ရှိချက်များအရ အသေးဆုံးကြယ်တွေတောင်မှ ဧရာမဂြိုဟ်ကြီးတွေ ဖြစ်လာနိုင်ကာ ဂြိုဟ်ဖွဲ့စည်းဖြစ်ပေါ်ခြင်းပုံစံများ ပြန်လည်သုံးသပ်လာရနိုင်ဖွယ် ရှိပါတယ်။
#Source: Reuters