#World_Health
Published 25 June 2025
▪️ အချို့သော ဟင်းသီးဟင်းရွက်တွေက အမျှင်ဓာတ်ပါဝင်မှုများခြင်း၊ ကယ်လိုရီနည်းပါးခြင်း၊ ဇီဝဖြစ်စဉ်မြှင့်တင်နိုင်ခြင်းတို့ကြောင့် ဝမ်းဗိုက်အဆီ လျှော့ချပေးနိုင်ပါတယ်။
▪️ အချို့ဆိုရင် ဇီဝသတ္တိကြွဒြပ်ပေါင်းများ ပါဝင်တာကြောင့် ဝမ်းဗိုက်တဝိုက် အဆီစုပြုံခြင်းကို လျှော့ချပေးပါတယ်။
▪️ ဝမ်းဗိုက်အဆီ လျော့ကျစေမယ့် ဟင်းရွက်တွေကို ဖော်ပြလိုက်ပါတယ်။
(၁) ဟင်းနုနွယ်
▪️ ကယ်လိုရီအလွန်နည်းပါးပြီး အမျှင်၊ သံဓာတ်၊ မဂ္ဂနီဆီယံတို့ ကြွယ်ဝကာ ရေဓာတ်များတာကြောင့် ဗိုက်ပြည့်ဝနေစေကာ အင်ဆူလင်ပမာဏ ထိန်းသိမ်းပေးပါတယ်။
(၂) ပန်းဂေါ်ဖီစိမ်း
▪️ ဆာလ်ဖိုရာဖိန်းဒြပ်ပေါင်းက ဇီဝကမ္မဖြစ်စဉ်ကို ကူညီပေးနိုင်ကာ ရောင်ရမ်းမှုကို ဖြေလျှော့တဲ့အပြင် ဗိုက်ပြည့်တင်းခြင်းကို အချက်ပြတဲ့ ဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။
(၃) ဂေါ်ဖီထုပ်
▪️ အသည်းကို အဆိပ်ရှင်းထုတ်ပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းခြင်းကို လျှော့ချပေးကာ အစာခြေခြင်းကို ကူညီထောက်ပံ့ပေးပါတယ်။
(၄) ပန်းဂေါ်ဖီ
▪️ အမျှင်ဓာတ်နဲ့ ရေဓာတ်များတာကြောင့် ဗိုက်ပြည့်တင်းစေကာ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်တဲ့အပြင် ဖောရောင်ခြင်းကို လျှော့ချပေးပါတယ်။
(၅) ငရုတ်ပွသီး
▪️ ဗိုက်တာမင်-စီ ကြွယ်ဝကာ ဖိစီးမှုကို လျှော့ချပေးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ရောင်ရမ်းခြင်းကို တိုက်ဖျက်ပေးပါတယ်။
(၆) ကျောက်ဖရုံ
▪️ ရေဓာတ်ပြည့်ဝပြီး ကယ်လိုရီနည်းတဲ့ အသီးအရွက်ဖြစ်ကာ ဗိုက်ပြည့်ဝနေစေတာကြောင့် ကိုယ်အလေးချိန်လျော့စေပါတယ်။
(၇) ကိုက်လံ
▪️ အမျှင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ အပင်ဒြပ်ပေါင်းများက အူလမ်းကြောင်းကျန်းမာရေးနဲ့ အစာခြေခြင်းကို တိုးတက်စေကာ သည်းခြေရည်ထုတ်လုပ်ခြင်းကို အားပေးပါတယ်။
(၈) မုန်လာဥနီ
▪️ ကယ်လိုရီနည်းပါးပြီး အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကာ သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အဆီစုပြုံခြင်းမှ ကာကွယ်ပေးပါတယ်။
#Source: DoctorNDTV