#Local_News
Published 20 June 2025
▪️ တောင်ငူမြို့ရှိ ခပေါင်းချောင်းရေတိုး၍ နေအိမ်အချို့သို့ ရေတိုးဝင်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
▪️ 'တောင်ငူ၊ စစ်တောင်းမြစ်၊ ခပေါင်းချောင်းရေ ည12နာရီဝန်းကျင်မှာ တစ်ဟုန်ဒိုးတိုးလာပါတယ်၊ ၁နာရီ ကျော်လောက်မှာလည်း ခပေါင်းချောင်းဘေးအိမ်က အိမ်သာ ထိရောက်လာတယ်၊ နောက်အိမ်သာပြိုပြီး ရေစီးနဲ့မျှော ပါသွားပါတယ်၊ အခုမနက် အစောပိုင်းမှာလည်း ခပေါင်းချောင်းရေကမ်းနဲ့အညီရေတိုးနေပါတယ်၊ ချောင်းဘေးအနိမ့်ပိုင်းခြံများ ရေတွေရောက်လာတယ် ကင်းဆိပ်အနောက်ပိုင်းကတ္တရာလမ်းပေါ်ရေအနည်းငယ်ကျော်နေပါတယ်'ဟု ဒေသခံတစ်ဦးက ပြောသည်။
▪️ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက် ၆နာရီခွဲအချိန်တိုင်းထွာချက်များချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၃၈၈ စင်တီမီတာ ရှိပြီး ၂၄နာရီအတွင်း ၁၀စင်တီမီတာအထိပြန်လည်ကျဆင်းနိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထိရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times