#World_Health
Published 26 March 2025
▪️ ဝိုင်နီက ဝိုင်ဖြူထက် ကျန်းမာရေးအရ ပိုကောင်းတယ်လို့ သိထားကြပါတယ်။
▪️ ဒါဟာ ဝိုင်နီမှာက စွမ်းအားမြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ရက်စ်ဗရာထရိုလ် ကြွယ်ဝတာကြောင့် ရောင်ရမ်းခြင်းနဲ့ ကင်ဆာ၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်တာ ဖြစ်ပါတယ်။
▪️ ဝိုင်ဖြူက ကယ်လိုရီပါဝင်မှု နည်းပါးပြီး အစားအသောက် ထိန်းသိမ်းရာမှ ပိုသင့်တော်ပြီးတော့ ဝိုင်နီကတော့ ရေရှည်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်တယ်လို့ သတ်မှတ်ကြကြောင်း သက်ရှည်ကျန်းမာရေး ပညာရှင် ဒန်ဘတ်နာက ဆိုပါတယ်။
▪️ လူပေါင်း ၉၆,၀၀၀ နီးပါးပါဝင်တဲ့ လေ့လာချက်ပြုလုပ်ရာမှာ ဝိုင်နီဝိုင်ဖြူ သောက်သုံးခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ကြား ဆက်စပ်မှု ကွာခြားချက်မရှိဘူးလို့ ဆန်းစစ်တွေ့ရှိလာပါတယ်။
▪️ ဖြစ်နိုင်ခြေရှိတာက ဝိုင်ဖြူသောက်ခြင်းက အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေတာနဲ့ ဆက်စပ်နေပါတယ်။
▪️ ဒါဟာ ဝိုင်ဖြူကို နေ့ခင်းဘက်တွေမှာ အပြင်ဖက်နေရာတွေမှာထိုင်ရင်း သောက်တတ်ကြတာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ခြေ များတာဖြစ်နိုင်ပါတယ်။
▪️ ဝိုင်နီရဲ့ အကျိုးကျေးဇူးတွေကို လေ့လာရာမှာတော့ အူလမ်းကြောင်း ကျန်းမာရေး၊ နုပျိုတဲ့အရေပြား၊ မျိုးပွားနိုင်စွမ်းမြင့်မားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
▪️ ဝိုင်နီက နှလုံးကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုကြပေမယ့် ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အငြင်းပွားနေကြဆဲဖြစ်ပါတယ်။
▪️ လေ့လာချက်တွေအရ အနည်းငယ်သောက်သုံးခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာပဲ ဖြစ်တယ်လို့ ယူစီဆန်ဖရန်ဆစ္စကို သူနာပြုကျောင်းမှ ကိုင်းဖီလ်မိုးက ပြောသွားပါတယ်။
▪️ အယ်လ်ကိုဟောကို သာမန်ပမာဏ သောက်သုံးရင်တောင် ကင်ဆာဖြစ်နိုင်ခြေများစေတယ်လို့ သုတေသနအဖွဲ့တစ်ခုက ပြောထားပါတယ်။
#Source: New York Post
#Local_News
Published 26 March 2025
▪️ ယနေ့နံနက်အစောပိုင်းက ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးပေါ်တွင် ၆ ဘီးကားနှင့် Express ယာဉ်တို့ယာဉ်တိုက်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။
▪️ မတ်လ ၂၆ ရက် နံနက် ၀၃ နာရီ ၁၀ မိနစ်အချိန်ခန့်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၆၀/၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်းသတင်းရရှိသဖြင့် ဘောနီအမြန်လမ်းနယ်မြေမီးသတ်စခန်းနှင့် ဉသျှစ်ကုန်းအမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါယာဉ်တိုက်မှုကြောင့် PK Express ယာဉ်ပေါ်ပါ ကျား(၃)ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် (၆)ဘီးကုန်ကားယာဉ်ပေါ်ပါ ကျား(၁)ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား စေတနာရှင်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Health
Published 26 March 2025
▪️ အသုံးများတဲ့ အကိုက်အခဲပျောက်ဆေးတစ်မျိုးက အချို့သောကင်ဆာတွေ ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ဖွယ်ရှိပါတယ်။
▪️ အက်စ်ပရင်က လူနာရဲ့ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးပြီးတော့ ကင်ဆာအကျိတ်ပျံ့နှံ့မှုကို လျှော့ချပေးနိုင်တယ်လို့ ကိမ်းဘရစ်ချ်တက္ကသိုလ်မှ လေ့လာတွေ့ရှိထားပါတယ်။
▪️ အက်စ်ပရင်က သွေးခဲခြင်းကို ကူညီပေးတဲ့ TXA2ထုတ်လုပ်မှုနဲ့ သွေးခဲခြင်းကို ဟန့်တားပေးပါတယ်။
▪️ အက်စ်ပရင်က TXA2ကို လျှော့ချပေးကာ ကိုယ်ခံအားဆဲလ်တွေ ထွက်စေခြင်းဖြင့် ကင်ဆာပျံ့နှံ့ခြင်းကို ကာကွယ်ပေးတယ်လို့ သုတေသနအသစ်မှာ တွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
▪️ အရေပြားကင်ဆာရှိနေတဲ့ ကြွက်တွေမှာ အက်စ်ပရင်ပေးလိုက်တဲ့အခါ တခြားကြွက်တွေနဲ့ယှဉ်ရင် ကင်ဆာပျံ့နှံ့မှု လျော့နည်းသွားပါတယ်။
▪️ အက်စ်ပရင်နဲ့ အလားတူဆေးတွေက ဒီလိုဆောင်ရွက်ချက်မျိုးဖြင့် အခြားကုသနည်းတွေထက် အကုန်အကျ သက်သာနိုင်တယ်လို့ ကိမ်းဘရစ်ချ် ရောဂါဗေဒဌာနမှ ဒေါက်တာ ကျိယန်က ပြောပါတယ်။
▪️ ယခင်သုတေသနတွေမှာလည်း နေ့စဉ်အက်စ်ပရင်အသုံးပြုခြင်းက ရောဂါရှိတဲ့သူတွေမှာ ကင်ဆာပျံ့နှံ့မှုနဲ့ ကင်ဆာကြောင့် အသက်ဆုံးရှုံးမှုတို့ကို လျှော့ချနိုင်တယ်လို့ ယူဆထားကြောင်း ကိမ်းဘရစ်ချ်မှ ဒေါက်တာ ရာဟူရွိုင်ချောင်ဒရီက ပြောပါတယ်။
▪️ စမ်းသပ်မှုတစ်ခုမှာတော့ အက်စ်ပရင်ကို နေ့စဉ် ၆၀၀ မီလီဂရမ်ဖြင့် ၂၅ လခန့် သုံးစွဲခြင်းဖြင့် အူမကြီးကင်ဆာဖြစ်နိုင်သူတွေမှာ ဖြစ်ပျက်မှုနှုန်း သိသိသာသာ လျော့နည်းသွားပါတယ်။
▪️ အက်စ်ပရင်က ဈေးသက်သာပြီး ဝယ်လို့လွယ်ပေမယ့် ရေရှည်သုံးတဲ့အခါ ဆိုးကျိုးမရှိဘဲနဲ့တော့ မနေပါဘူး။
▪️ သက်ကြီးရွယ်အိုတွေမှာ အထူးသဖြင့် သွေးထွက်ခြင်း၊ သွေးယိုခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
▪️ ဒါကြောင့် ဆရာဝန် ညွှန်ကြားချက်မရဘဲ ကင်ဆာကာကွယ်ဖို့အတွက် ကိုယ်တိုင် အက်စ်ပရင်သောက်သုံးတာမျိုးတော့ မလုပ်သင့်ဘူးလို့ အကြံပြုထားပါတယ်။
▪️ ယခုလေ့လာချက်ကလည်း ကြွက်တွေမှာသာ စမ်းသပ်ထားတာကြောင့် ယုံကြည်ဖို့တော့ လိုအပ်နေပါသေးတယ်။
#Source: Fox News
သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ ကြေညာထားတဲ့အတိုင်း အမေရိကန် မော်တော်ယာဉ်လုပ်ငန်းဟာ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအပါအဝင် ကုန်သွယ်ရေးမူဝါဒသစ်များရဲ့ အကျိုးဆက်တွေကို ခံစားနေရပါတယ်။
#World_Industry
Published 25 March 2025
#ဒေါ်နယ်ထရမ့် #ကုန်သွယ်ရေးအခွန်စည်းကြပ်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 25 March 2025
၁။ ယူနက်စကိုစာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ရန်ကုန်၌စည်ကားသိုက်မြိုက်စွာကျင်းပမည်
၂။ လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ပေါင်းဆန် တန်ချိန် ၃ သိန်း တင်ပို့မည်
၃။ ‘ပြည်တွင်းဆီ ပိဿာချိန် ခြောက်သောင်းကျော်ရောင်းချပေးမည့် သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကျင်းပမည်
၄။ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ကုန်သွယ်ရေးအခွန်စည်းကြပ်မှု မူဝါဒအသစ်များကြောင့် မော်တော်ယာဉ်လုပ်ငန်းထိခိုက်ကျဆင်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ တစ်လတစ်ကြိမ်သာ အလုပ်ခေါ်စာတင်ပြရမှာဖြစ်ပြီး နိုင်ငံအလိုက် အလုပ်ခေါ်စာအသစ်တင်ရမယ့် လုပ်သားဦးရေကို ကန့်သတ်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 25 March 2025
#နိုင်ငံအလိုက်လုပ်သားဦးရေကန့်သတ် #ပြည်ပအလုပ်အကိုင်အေဂျင်စီ
#YMG/SW #Yangon_Times
မြေပဲ၊ နေကြာ၊ နှမ်းဆီပိဿာချိန်ခြောက်သောင်းကျော် ရောင်းချပေးသွားမယ့် ‘ပြည်တွင်းဆီများ သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကို ရန်ကုန်မြို့မှာ ဧပြီလအတွင်းကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 25 March 2025
#သင်္ကြန်အကြိုဈေးရောင်းပွဲတော် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ လာမယ့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပေါင်းဆန်တန်ချိန် ၃ သိန်း တင်ပို့နိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ပြည်ပသို့ပေါင်းဆန်တင်ပို့
#YMG/SW #Yangon_Times
ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်တော်ကို ရန်ကုန်မြို့မှာစည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#ယူနက်စကိုစာရင်းဝင် #မြန်မာ့ရိုးရာအတာသင်္ကြန်
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာများရှိရာ ရေလှူဒါန်းမှုများပြုလုပ်နေကြောင်း သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်၊ ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွား နေကြောင်းသိရသည်။
▪️ ထို့ကြောင့် ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွားနေသော အိမ်ထောင်စုများကို မတ်လ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီ အချိန်က
တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာ ၃၅ သန်းနှင့် တရုတ်ယွမ် ၁၀ သန်း ထုတ် ရောင်း သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရောင်းချရာတွင် စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၅ သန်း နှင့် သွင်းကုန်လုပ်ငန်းရှင်များကိုမူ တင်တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည် ဖြစ်သည်။
▪️ သို့သော် ရောင်းချပေးမည့် နိုင်ငံခြားငွေများအတွက် ရည်ညွှန်းငွေလဲနှုန်းကိုတော့ သီးခြားဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 25 March 2025
▪️ ဂေါက်ဖ်အကျော်အမော် တိုက်ဂါးဝုဒ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ချွေးမဟောင်းဖြစ်သူ ဗနက်ဆာထရမ့်နဲ့ တွဲနေတယ်လို့ အသိပေးလိုက်ပါတယ်။
▪️ အသက် ၄၇ နှစ်ရှိတဲ့ ဗနက်ဆာက ဒေါ်နယ်ထရမ့်ဂျူနီယာနဲ့ ၁၃ နှစ်ကြာအောင် လက်ထပ်ခဲ့ပြီး သားသမီး ၅ ယောက်ထွန်းကားခဲ့ကာ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။
▪️ အသက် ၄၉ နှစ်ရှိတဲ့ ဝုဒ်က ဆိုရှယ်မီဒီယာပေါ်မှာ သူနဲ့ဗနက်ဆာတို့ရဲ့ ပုံတွေကို တနင်္ဂနွေနေ့က တင်ခဲ့ပြီး "လေထဲမှာ အချစ်တွေပြည့်နေပြီး ကိုယ့်ဘေးနားမှာ မင်းရှိနေရင် ပိုပြည့်စုံတယ်။ ဘဝခရီးကို အတူတူဖြတ်သန်းသွားဖို့ ရှေးရှုထားတယ်" လို့ ရေးထားပါတယ်။
▪️ ဘာလို့ လူအများသိအောင် ဖော်ထုတ်သလဲ မသိရပေမယ့် သူတို့နှစ်ယောက်ရဲ့ ကောလာဟာလတွေအကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေက မဂ္ဂဇင်းတွေမှာ ဖော်ပြထားပါတယ်။
▪️ အဓိကပြိုင်ပွဲကြီး ၁၅ ခုမှာ အနိုင်ရခဲ့တဲ့ ဝုဒ်ဟာ ၂၀၀၀ ဝန်းကျင်တွေက အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ အရှုပ်ကိစ္စတွေ ထွက်ပေါ်ခဲ့ကာ သူ့ရဲ့ပုံရိပ်နဲ့ ကစားသမားဘဝ ထိခိုက်ခဲ့ပြီးနောက် ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ ထိန်းသိမ်းနေထိုင်ခဲ့ပါတယ်။
▪️ လိင်မှုကိစ္စစွဲလမ်းမှု ပြန်လည်ထူထောင်ရေးဆေးခန်း ပြခဲ့ပြီး ပထမဆုံးဇနီးဖြစ်သူ အယ်လင်နော်ဒီဂရင်နဲ့ ၆ နှစ်ကြာ လက်ထပ်နေထိုင်ပြီးနောက် မပြေမလည်လမ်းခွဲခဲ့ကြပါတယ်။
▪️ အမေရိကန်မီဒီယာများ ဖော်ပြချက်အရ တိုက်ဂါးဝုဒ်ကလေးတွေနဲ့ ဗနက်ဆာကလေးတွေက တက်တဲ့ကျောင်းတူတယ်လို့ သိရပါတယ်။
▪️ ဗနက်ဆာက ဒေါ်နယ်ထရမ့် သားအကြီးဆုံးရဲ့ ဇနီးဟောင်းဖြစ်ပြီး ဒေါ်နယ်ထရမ့် ပထမအကြိမ် သမ္မတရာထူးရစဉ်က အခမ်းအနားပွဲတွေမှာ ပုံမှန်တက်ရောက်ခဲ့ပါတယ်။
▪️ ကမ္ဘာ့နံပါတ် ၁ ဂေါက်ဖ်ရိုက်သူဖြစ်ခဲ့ဖူးတဲ့ တိုက်ဂါးဝုဒ်က သမ္မတထရမ့်နဲ့ ခဏခဏ ဂေါက်ဖ်ကစားခဲ့ဖူးပါတယ်။
▪️ ထရမ့်က ဂေါက်ဖ်အားကစားကို မြတ်နိုးပြီး ဂေါက်ဖ်ကွင်းတစ်ဒါဇင်ကျော် ပိုင်ဆိုင်ထားပါတယ်။
▪️ ဝုဒ်နဲ့ ဗနက်ဆာတို့ရဲ့ ကလေးတွေဟာလည်း အငယ်တန်းဂေါက်ဖ်ရိုက်သူတွေ ဖြစ်နေပါပြီ။
#Source: BBC
Page 351 of 1937