#Local_News
Published 15 July 2025
▪️ မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) ကို ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးတွင်လက်မှတ်ရေးထိုးခဲ့ေကြာင်း သိရသည်။
▪️ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ဇူလိုင်၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-အိန္ဒိယ လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
▪️ အဆိုပါ အစည်းအဝေးတွင်ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံအစိုးရ၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် အိမ်ရာနှင့် မြို့ပြရေးရာဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် H.E. Shri Manohar Lal ၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံ လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ-အိန္ဒိယ နယ်စပ်ဖြတ်ကျော်ဗို့အားမြင့် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာ စီမံကိန်းအသေးစိတ် အစီရင်ခံစာပြုစုခြင်း သဘောတူညီချက် (Agreement for prepara-tion of Detailed Project Report- DPR) လက်မှတ်ရေးထိုး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ထို့ပြင် ခရီးစဉ်အတွင်း ဒုတိယဝန်ကြီး ဦးဆောင်သော အဖွဲ့သည် နယူးဒေလီရှိ Power Grid Cooperation National Control Center ၊ နွိုက်ဒါရှိ National Thermal Power Cooperation ၏ Technical Research and Training Center နှင့် Solar Hybrid Farm ၊ အာဂရာရှိ Power Grid Coope-ration ၏ ၈၀၀ ကေဗွီ၊ High Voltage Direct Current (HVDC) ဓာတ်အားခွဲရုံတို့ကို သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times